BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • OIC ထောက်ပံ့ကြေးရဖို့ စည်သူမောင်ကို...
သတင်းအတု

OIC ထောက်ပံ့ကြေးရဖို့ စည်သူမောင်ကို CRPH မှာ ထည့်ထားတယ် ဆိုတဲ့ သတင်းအတု

NLD ပါတီက OIC ထံက ထောက်ပံ့ကြေးရဖို့ ပန်းဘဲတန်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုစည်သူမောင်ကို CRPH မှာ ထည့်ထားတာ ဆိုတဲ့ ဝါဒဖြန့် သတင်းအမှား တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  29 April 2021 12:14 PM IST
  • OIC ထောက်ပံ့ကြေးရဖို့ စည်သူမောင်ကို CRPH မှာ ထည့်ထားတယ် ဆိုတဲ့ သတင်းအတု

    အဆိုပါ အကြောင်းအရာကို Say Ta Man ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဧပြီလ ၂၇ ရက် နေ့ခင်း ၂ နာရီဝန်းကျင်က "တပ်မတော်ချစ်သူများ" ဆိုတဲ့ ဖေ့စ်ဘွတ် Group ထဲမှာ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ရိုးဖြောင့်မှုမရှိ တိုင်းပြည်ကို ရတဲ့နည်းနဲ့ရောင်းစားခဲ့တဲ့ NLD" လို့ ရေးထားပါတယ်။

    ဖေ့စ်ဘွတ်ပိုစ့်မှာရေးသားထားတာက "ရိုးဖြောင့်မှုမရှိ တိုင်းပြည်ကို ရတဲ့နည်းနဲ့ရောင်းစားခဲ့တဲ့ NLD စည်သူမောင်ကို CRPHထဲဗန်းပြ ခေါ်ယူထည့်သွင်း ပန်းဘဲတန်းအမတ် စည်သူမောင်ဟာ အစ္စလာမ်ဘာသာကိုးကွယ်သူပါ .. ဗုဒ္ဓဘာသာကြီးစိုးတဲ့နိုင်ငံတစ်နိုင်ငံပါ။ သူ့ကို လွှတ်တော်အမတ်လောင်းအဖြစ်ရွေးခဲ့တာ ဘာကြောင့်လဲ.. OIC ရဲ့ ငွေကြေးတွေ ဟာ NLD ထဲ သန်းနဲ့ချီပြီး အလှူငွေတွေ အဖြစ်စီးဝင်နေတော့.. ၊ မျောက်ပြဆန်တောင်း၍ ကောင်းအောင်.. အတွင်းထဲကို ထည့်သွင်းခဲ့တာပါ.. ဒါဟာ ရည်ရွယ်ချက်ရှိရှိပါ..။ ခုလဲ.. CRPH မှာ ငွေကြေးအထောက်အပံ့များ များစွာ လိုချင်တဲ့အတွက် CRPH အဖွဲ့ဝင်(နောက်တိုးအဖြစ်) ပန်းဘဲတန်းအမတ်ဟောင်း စည်သူမောင်ကို ထည့်သွင်းခေါ်ဆောင်ခဲ့ တာကိုကြည့်ရင်.. OIC ရဲ့အထောက်အပံ့ဘယ်လောက်တောင် လိုနေလဲဆိုတာ သိနိုင်ပါတယ်.. ဒီမှာ ကြည့်နော် မင်းတို့ လူငါတို့ထည့်ထားတယ်.. ငါတို့ကိုလဲ ထောက်ခံပေး..ပြီးရင်. အလှူငွေလေးလဲ ပို့ပေးဦး .. စသဖြင့်.. ရိုးအီလှတဲ့အကွက်ဆန်းတွေ လုပ်ဆောင်နေတဲ့ CRPH ဟာ.. တိုင်းပြည်ကို ရတဲ့နည်းနဲ့ ရောင်းစားမယ့် NLD ပါတီရဲ့ လုပ်ဆောင်ချက်အတိုင်း တစ်ထေရာတည်းပါ" လို့ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာနဲ့ ဖြန့်ဝေနေကြသလို စစ်တပ်ထောက်ခံတဲ့ Group တွေ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံတဲ့ Group တွေထဲ ဖြန့်ဝေနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    NLD ပါတီက OIC ထံကနေ ထောက်ပံ့ငွေရဖို့ CRPH မှာ ပန်းဘဲတန်းလွှတ်တော်ကိုယ်စားလှယ် ကိုစည်သူမောင်ကို ထည့်ထားတယ် ဆိုတဲ့ အချက်ဟာ ရွေးကောက်ပွဲကာလမတိုင်ခင်က ဖြန့်ခဲ့တဲ့ သတင်းအမှားတွေထဲမှာဖြန့်ဝေနေကျ အချက်အလက်အမှားတွေကိုပြန်လည်အသုံးချပြီးဖြန့်ဝေနေတာတွေ့ရပါတယ်။

    ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူတွေနဲ့ စစ်တပ်ထောက်ခံသူတွေဟာ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ စည်သူမောင်အပေါ် ဘာသာရေးအရ တိုက်ခိုက်တဲ့ သတင်းအမှားပေါင်း များစွာ ဖြန့်ခဲ့သလို NLD ပါတီဟာ OIC က ထောက်ပံ့ငွေ ယူခဲ့တယ်ဆိုတဲ့ သတင်းအမှားပေါင်း များစွာ ဖြန့်ခဲ့ပါတယ်။

    ယခင် NLD ပါတီအပေါ် OIC က ထောက်ပံ့ငွေယူထားတယ်ဆိုတဲ့ အကြောင်းအရာတွေနဲ့ မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။ အရင်ထွက်ပေါ်ခဲ့တဲ့ သတင်းအဟောင်း ကို အောက်ပါ Link တွေမှာ ဖတ်ရှုနိုင်ပြီး NLD ပါတီခေါင်းဆောင်ပိုင်းဖက်က အဲ့ဒီစွပ်ဆွဲချက်တွေနဲ့ပတ်သက်လို့မကြာခဏဖြေရှင်းခဲ့ဖူးပါတယ်။ ယခင်သတင်းတွေကိုအောက်ကလင့်တွေမှာဖတ်ရှုနိုင်ပါတယ်။

    သတင်းအတု ။ မဘသကို ဖျက်ဖို့ OIC က NLD ပါတီကို ဒေါ်လာသန်းပေါင်းများစွာ လာဘ်ထိုးထားတယ် ဆိုတဲ့ အကြောင်းအရာ

    NLD ပါတီက OIC ထံမှ ထောက်ပံ့ကြေးယူပြီး ကတိမတည်တဲ့အတွက် တရားစွဲခံတော့မယ်ဆိုတဲ့ သတင်းအတု

    သတင်းအမှားဖြန့်ဝေသူတွေဟာ NLD ပါတီကိုတိုက်ခိုက်ဖို့ရည်ရွယ်ဖြန့်ဝေတဲ့အကြောင်းအရာတိုင်းမှာ အစ္စလာမ်ဘာသာရေးနဲ့ဆက်နွယ်ပြီးဝါဒဖြန့်သွေးထိုးတဲ့ သတင်းတွေဖြန့်ဝေနေကျဖြစ်သလို OIC နဲ့ NLD ဆက်နွယ်ပတ်သက်တယ်၊ ထောက်ပံ့ကြေးယူတယ်ဆိုတဲ့ အထောက်အထားမရှိတဲ့ စွပ်ဆွဲချက်တွေနဲ့လည်း သတင်းအမှားတွေဖြန့်ဝေနေလေ့ရှိပါတယ်။

    စည်သူမောင်နဲ့ ပတ်သက်ပြီးလည်း လူမျိုးရေးအရ တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေဟာ ရွေးကောက်ပွဲ မတိုင်ခင်က ဆက်တိုက်ထွက်ပေါ်ခဲ့သလို အခု CRPH မှာ တာဝန်ပေးခံရတဲ့ အခါမှာလည်း သတင်းအမှားတွေနဲ့ ဆက်လက်တိုက်ခိုက်နေတာဖြစ်ပါတယ်။

    ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းအမှား အကြောင်းတွေကို အောက်ပါ Link မှာ ကြည့်ပါ။

    ဘုန်းတော်ကြီးသင်ကျောင်းတွေဖျက်သိမ်းဖို့ NLD ကိုယ်စားလှယ်လောင်းက ပြောတယ်ဆိုတဲ့သတင်းအမှား

    စည်သူမောင်ကို ဘာသာရေးနဲ့တိုက်ခိုက်ထားတဲ့ သတင်းအမှား


    Tags

    Fake newsSi Thu MaungCRPHfundingOICCoupသတင်းအတုထောက်ပံ့ကြေး
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!