BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သတင်းအတု ။ မဘသကို ဖျက်ဖို့ OIC က...
သတင်းအတု

သတင်းအတု ။ မဘသကို ဖျက်ဖို့ OIC က NLD ပါတီကို ဒေါ်လာသန်းပေါင်းများစွာ လာဘ်ထိုးထားတယ် ဆိုတဲ့ အကြောင်းအရာ

Kyaw Win ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက ဇွန်လ ၁၄ ရက်နေ့ ၁ နာရီ ၂၅ မိနစ်မှာ "တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကို နှစ်သက်ကြသည့် သူငယ်ချင်းများ" ဆိုတဲ့ Facebook Group ထဲမှာ သတင်းအမှား တစ်ပုဒ် တင်ထားပါတယ်။

By - Boom Live Myanmar |
Published -  20 Jun 2020 3:23 PM IST
  • သတင်းအတု ။ မဘသကို ဖျက်ဖို့ OIC က NLD ပါတီကို ဒေါ်လာသန်းပေါင်းများစွာ လာဘ်ထိုးထားတယ် ဆိုတဲ့ အကြောင်းအရာ

    အဲ့ဒီ သတင်းကို မူရင်းအတိုင်း ဖော်ပြရရင် "မဘသကို ဖျက်ဖို့အိုအိုင်စီက NLDကို ဒေါ်လာသန်းပေါင်းများ စွာ လာဘ်ထိုးထားကြောင်း သတင်းပေါက်ကြားမှု မာမူဌေးအောင် ဖွင့်ချတော့မည်" လို့ ရေးသားထားပါတယ်။ ဒီသတင်းအမှားကို အဆိုပါ Facebook Group ကနေ ထပ်ဆင့်ဝေမျှသူ ၂၀၀၀ ကျော် ရှိနေပြီး Comment ရေးသားသူ ၇၀ ကျော် ရှိနေပါတယ်။

    အဆိုပါ သတင်းအမှား တင်ခဲ့တဲ့ Facebook အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ မည်သူ မည်ဝါမှန်း တိတိကျကျ ဖော်ပြထားခြင်း မရှိတဲ့ ဖေ့စ်ဘွတ်အကောင့်ပုန်း တစ်ခုအဖြစ်ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းအမှားကို အချက်အလက် စစ်ဆေးဖို့ အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဟံသာမြင့် ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဒါတွေဟာ သတင်းအမှားသာ ဖြစ်တယ်လို့ တုံ့ြ့ပန်ပြောဆိုထားပါတယ်။

    ဒီလို ရေးသားဖြန့်ဝေမှုနဲ့ ပက်သက်ပြီး "အဲ့ဒါကတော့ ဘယ်လိုမှ အခြေအမြစ်မရှိတဲ့ အောက်တန်းကျတဲ့ သတင်းပါ။ ကျွန်တော်တို့က OIC ဆီကလည်း မဟုတ်ဘူး။ ဘယ်နိုင်ငံကမှ ကျွန်တော်တို့ ယူလို့မရပါဘူး။ အဲ့ဒါကတော့ ပါတီတင် မကပါဘူး၊ ကျွန်တော်တို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ထဲမှာ ပါပြီးသားပဲ။ အဲ့အတိုင်း လိုက်နာနေရတာ။ ပါတီက ဘယ်နိုင်ငံခြားက အကူအညီမှ ယူလို့ မရပါဘူး၊ အဖွဲ့အစည်းက မပြောနဲ့ လူဆီကတောင်မှ ကျွန်တော်တို့က နိုင်ငံခြားငွေဆို ယူလို့မရပါဘူး" လို့ ဦးဟံသာမြင့်က ပြောပါတယ်။

    NLD ပါတီဟာ OIC ဆီက ထောက်ပံ့ကြေးတွေ ယူထားတယ်ဆိုတဲ့ နိုင်ငံရေးအရ ဝါဒဖြန့်ချီထားတဲ့ သတင်းတွေဟာ မကြာခဏ တွေ့ရလေ့ရှိပြီး ဒီလိုသတင်းတွေဟာ သတင်းအမှားသာ ဖြစ်ပါတယ်။

    Tags

    fake newsNLD partyOICMaBaTha
    Read Full Article
    Claim :   Kyaw Win ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာတင်ထားတဲ့ မဘသကို ဖျက်ဖို့ NLD ပါတီကို OIC က ဒေါ်လာသန်းပေါင်းများစွာ လာဘ်ထိုးထားတယ် ဆိုတဲ့ သတင်းကို Boom Myanmar က အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဟံသာမြင့် ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!