BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD ပါတီက OIC ထံမှ...
သတင်းအတု

NLD ပါတီက OIC ထံမှ ထောက်ပံ့ကြေးယူပြီး ကတိမတည်တဲ့အတွက် တရားစွဲခံတော့မယ်ဆိုတဲ့ သတင်းအတု

ရွေးကောက်ပွဲနီးကပ်လာတဲ့ ကာလမှာ NLD ပါတီနဲ့ပတ်သက်လို့ ဘာသာရေးအသုံးချပြီး ပုံဖျက်ရေးသားထားတဲ့ သတင်းအမှားပေါင်းများစွာ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  24 Aug 2020 7:25 PM IST
  • NLD ပါတီက OIC ထံမှ ထောက်ပံ့ကြေးယူပြီး ကတိမတည်တဲ့အတွက် တရားစွဲခံတော့မယ်ဆိုတဲ့ သတင်းအတု

    ဒီလိုထွက်ပေါ်လာတဲ့ သတင်းအမှားထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက NLD ပါတီက OIC ထံကထောက်ပံ့ကြေး ယူထားပြီး ပေးထားတဲ့ကတိအတိုင်း မဆောင်ရွက်နိုင်တဲ့အတွက် တရားစွဲဖို့ ပြင်ဆင်နေတဲ့ဆိုတဲ့ သတင်းအမှားတစ်ပုဒ်ကလည်း လူမှူကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

    အဆိုပါ သတင်းအမှားကို သြဂုတ်လ ၁၂ ရက်နေ့ ၂ နာရီ ၁၂ မိနစ်မှာ တိုင်းကျော်သတင်း ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုက တင်ထားတာ ဖြစ်ပြီးတော့ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "NLD အစိုးရအား တရားစွဲဆိုနိုင်ဖို့ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လက်မှတ်ထိုးတောင်းဆို ကြရန် OIC အဖွဲ့အတွင်းရေးမှူးတိုက်တွန်းဟုဆို" လို့ ရေးသားထားပြီး သတင်းရဲ့ အတွင်းပိုင်းမှာတော့ "မြန်မာနိုင်ငံ ရဲ့ လက်ရှိအာဏာရ NLD အစိုးရ နှင့် NLD ပါတီ ကို တရားစွဲဆိုနိုင်ရေး အတွက် မိမိတို့ အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် OIC အဖွဲ့ချုပ်ထံလက်မှတ်ထိုး တောင်းဆိုကြဖို့ OIC အဖွဲ့ အတွင်းရေးမှူးချုပ် Yousef bin Ahmad Al Othaimeen ( ယူစွတ်ဘင် အာမက် အယ်လ် အော်တိုင်းမင်း) က တိုက်တွန်းပြောကြားလိုက် ကြောင်း သိရသည်။မြန်မာအစိုးရ အဖြစ်တာဝန်ယူနေသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် တဲ့ NLD ပါတီအနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်ပြီး ပါတီထူထောင်ရပ်တည်နိုင်ရေးနှင့် ရွေးကောက်ပွဲများတွင် ပါတီအောင်နိုင်ရေးနှင့် အစိုးရ အဖွဲ့ဖွဲ့နိုင်ရေး အတွက် မိမိတို့ OIC အဖွဲ့ဝင်နိုင်ငံများ ထူထောင်ထားသည့် ရံပုံငွေများထဲ့မှ အချို့အားကူညီ ထောက်ပံ့ ပေးရန်တောင်းဆိုမှု တွေရှိလာ တဲ့အတွက် နှစ်ဖက်ကိုယ်စားလှယ်များအကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုများ ထားရှိက မိမိတို့ OIC အဖွဲ့ပိုင် ဘဏ္ဍာ အချို့အား ကူညီထောက်ပံပေးခဲ့ ကြောင်း ယခုအခါတွင် NLD ပါတီအနေဖြင့် မြန်မာအစိုးရအဖြစ် သူနိုင်ငံကို ဦးဆောင်နေသည်မှာ ၄ နှစ်ကျော်ကာလ အထိ ရှိနေပြီဖြစ်သော်လည်း မိမိတို့ OIC အဖွဲ့နှင့် သဘောတူ ထားရှိခဲ့သည့် ကတိကဝတ် များအား ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသည့်အတွက် နှစ်နာ မှုတွေ များစွာ ဖြစ်ခဲ့ရတဲ့အတွက် မိမိတို့ OIC အဖွဲ့ချုပ်မှ နိုင်ငံတကာ ကတိကဝတ် များဖောက်ဖျက်မှု ဥပဒေ အရ NLD ပါတီ အစိုးရအား တရားစွဲဆိုနိုင်ရန် လက်မှတ်ထိုးတောင်းဆိုကြဖို့ တိုက်တွန်းလိုက်ကြောင်း ဆော်ဒီအာရေဗျ နိုင်ငံအခြေစိုက် သတင်း ဌာန တစ်ခုက ဖော်ပြလိုက်ကြောင်းသိရသည်။ အစ်စလမ်မစ်နိုင်ငံ ၅၇ နိုင်ငံ ပါဝင်ဖွဲ့စည်းထားတဲ့ OIC အဖွဲ့ ဝင်နိုင်ငံများ အဖွဲ့ အနေဖြင့် မြန်မာနိုင်ငံ မှ NLD ပါတီအား

    ၂၀၁၃ ခုနှစ်အစောပိုင်းကာလ များမှစတင်ပြီး ထောက်ပံ့မှုများပေးခဲ့ကြောင်း ၎င်းကူညီ များအတွက် NlD ပါတီနှင့် အပြန်အလှန်သဘောတူညီမှုများထား ရှိခဲ့ကြောင်း အဓိက အားဖြင့် ရိုဟင်ဂျာဒုက္ခသည်များအား ကူညီကာကွယ်ပေးရန်နှင့် မြန်မာနိုင်ငံ အတွင်း အခြေချနေထိုင်နိုင်ခွင့် ရရှိရေးအတွက်ဆောင်ရွက်ပေးရန် အချက်များ ပါဝင်ခဲ့ပြီး လက်ရှိNLD အစိုးရအနေဖြင့် သဘောတူညီထားသည့်အချက်များကို ဆောင်ရွက်ပေးနိုင်ခြင်းမရှိ တဲ့အတွက် တရားစွဲဆိုအရေးယူနိုင်ရေး အတွက် နိုင်ငံတကာ တရားရုံး များမှ တစ်ဆင့် ဆောင်ရွက်နိုင်ရန်ကြိုးစားဆောင်ရွက်သွား မယ်လို့ OIC အဖွဲ့ အတွင်းရေးမှူးချုပ် Yousef bin Ahmad Al Othaimeen (ယူစွတ် ဘင် အာမက် အယ်လ် အော်တိုင်းမင်း ) က OIC အဖွဲ့ဝင်နိုင်ငံအကြီးအကဲ များ မျက်နာစုံညီအစည်း အဝေး မှာ ပြောကြားလိုက်ကြောင်းသိရသည်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို တိုင်းကျော်သတင်း ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ လူပေါင်း ၄၁၀၀ ကျော်က ထပ်ဆင့်ဝေမျှထားကြပြီး တခြားဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာကလည်း ပြန်တင်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    တိုင်းကျော်သတင်းဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ NLD ပါတီက OIC ဆီကနေ ထောက်ပံ့ကြေးယူပြီး ပေးထားတဲ့ကတိအတိုင်း မဆောင်ရွက်နိုင်တဲ့အတွက် တရားစွဲဖို့ ပြင်ဆင်နေပြီ ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ အဆိုပါ သတင်းဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီ သတင်းအမှားထဲမှာ ရေးသားထားတဲ့ အကြောင်းအရာနဲ့ ပက်သက်လို့ "အဲ့ဒါ သတင်းအမှားပါ။ ကျွန်တော်တို့နဲ့ OIC နဲ့ ဘယ်လိုမှ အဆက်အသွယ်မရှိဘူး။ OIC နဲ့ အဆက်အသွယ်မရှိဘူး။ သူတို့ ဆီကလည်း ဘာမှ အထောက်အပံံ့အကူအညီ ယူစရာ အကြောင်းမရှိဘူး။ နောက်တစ်ချက်က ဒီကိစ္စက ရှင်းပါတယ်။ သူတို့နဲ့ ကျွန်တော်တို့နဲ့ အချိတ်အဆက်ရှိတယ်။ သူတို့နဲ့ ကျွန်တော်တို့နဲ့ ကျေးဇူးခံ ကျေးဇူးစား ရှိတယ် ဆိုလို့ရှိရင် OIC က ကျွန်တော်တို့ကို တရားစွဲစရာတောင် မလိုဘူး။ ဒါ့ကြောင့် ဒီသတင်းဟာ အဓိပ္ပါယ် မရှိတဲ့ သတင်းအမှားလို့ပဲ ပြောချင်ပါတယ်" လို့ မုံရွာအောင်ရှင်က ဆိုပါတယ်။

    NLD ပါတီဟာ OIC ကနေ ထောက်ပံ့ကြေး ယူထားတယ်ဆိုတဲ့ သတင်းအမှားတွေ နဲ့ မကြာခဏ တိုက်ခိုက်ခံရလေ့ ရှိပြီး ဒီလို ရေးသားမှုတွေနဲ့ ပက်သက်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဟံသာမြင့်က "အဲ့ဒါကတော့ ဘယ်လိုမှ အခြေအမြစ်မရှိတဲ့ အောက်တန်းကျတဲ့ သတင်းပါ။ ကျွန်တော်တို့က OIC ဆီကလည်း မဟုတ်ဘူး။ ဘယ်နိုင်ငံကမှ ကျွန်တော်တို့ ယူလို့မရပါဘူး။ အဲ့ဒါကတော့ ပါတီတင် မကပါဘူး၊ ကျွန်တော်တို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ထဲမှာ ပါပြီးသားပဲ။ အဲ့အတိုင်း လိုက်နာနေရတာ။ ပါတီက ဘယ်နိုင်ငံခြားက အကူအညီမှ ယူလို့ မရပါဘူး၊ အဖွဲ့အစည်းက မပြောနဲ့ လူဆီကတောင်မှ ကျွန်တော်တို့က နိုင်ငံခြားငွေဆို ယူလို့မရပါဘူး" လို့ Boom Myanmar ပြောပါတယ်။

    Tags

    Fake newsNLDprosecuted by the OICသတင်းအတုNLD ပါတီအိုအိုင်စီထောက်ပံ့ကြေးတရားစွဲခံရ
    Read Full Article
    Claim :   တိုင်းကျော်သတင်းဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ NLD ပါတီက OIC ဆီကနေ ထောက်ပံ့ကြေးယူပြီး ပေးထားတဲ့ကတိအတိုင်း မဆောင်ရွက်နိုင်တဲ့အတွက် တရားစွဲဖို့ ပြင်ဆင်နေပြီ ဆိုတဲ့ သတင်းကို Boom Myanmar က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!