BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စည်သူမောင်ကို...
သတင်းအတု

စည်သူမောင်ကို ဘာသာရေးနဲ့တိုက်ခိုက်ထားတဲ့ သတင်းအမှား

ဒီရက်ပိုင်းအတွင်း ကိုစည်သူမောင်အပေါ် ဘာသာရေးအရ တိုက်ခိုက်ပြီး ဖမ်းဆီးအရေးယူဖို့ ပြောနေတဲ့ ဝါဒဖြန့်သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  12 Feb 2021 10:12 AM IST
  • စည်သူမောင်ကို ဘာသာရေးနဲ့တိုက်ခိုက်ထားတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို Lin Khant Zaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ "စရဖ ရဲချုပ် တပ်အကြီးအကဲများထံသို့" ဆိုတဲ့ ဖေ့စ်ဘွတ် Group ထဲမှာ ပြန်တင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီ တင်ထားတဲ့ ပိုစ့်ထဲမှာ "သံဃာတော်များကို ရိုင်းစိုင်းစွာ စော်ကားနေသူကတော့ Aung Lay အမည်သုံးပြီး အစ္စလာမ်ဘာသာဝင် စည်သူမောင် ပန်းပဲတန်းကလို့ သိရပါပြီရှင်။ အမြန်ဆုံး ဖမ်းဆီးအရေးယူပေးပါ" လို့ ရေးသားထားပြီး Aung Lay ဆိုသူ တင်ထားတဲ့ Facebook ပိုစ့်နဲ့ ကိုစည်သူမောင်ရဲ့ ဖေ့စ်ဘွတ် Profile ပုံတွေကို တွဲတင်ထားပါတယ်။

    အဲ့ဒီဖေ့စ်ဘွတ်ပိုစ့်ကို Like လုပ်ထားသူ ၁၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှသူ ၇၇၀ ကျော်ရှိနေပါတယ်။ မူရင်းရေးသားဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    Lin Khant Zaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က "စရဖ ရဲချုပ် တပ်အကြီးအကဲများထံသို့" ဆိုတဲ့ ဖေ့စ်ဘွတ် Group ထဲမှာတင်ထားတဲ့ ပန်းဘဲတန်းက အနိုင်ရ NLD ကိုယ်စားလှယ် ကိုစည်သူမောင်ဟာ ဖေ့စ်ဘွတ်အကောင့် အတု တစ်ခုနဲ့ ဘာသာရေးစော်ကားတဲ့ အကြောင်းအရာတွေ ရေးသားဖြန့်ဝေနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေးဖို့ ကိုစည်သူမောင်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ သတင်းအမှားဖြစ်ကြောင်း အတည်ပြုပါတယ်။

    ကိုစည်သူမောင်က လက်ရှိအသုံးပြုနေတဲ့ Blue Mark ရရှိထားတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုထဲကိုသာ သုံးစွဲနေကြောင်း လက်ရှိမှာ စစ်အာဏာရှင်စနစ် ပြုတ်ကျဖို့ လမ်းပေါ်မှာ ဆန္ဒပြတောင်းဆိုနေကြောင်းနဲ့ ဘာသာရေးစော်ကားမှုတွေကို ဟိုးယခင်ကနေ အခုအချိန်ထိ ပြုလုပ်ခဲ့ဖူးခြင်း မရှိကြောင်း ပြောပါတယ်။ ကိုစည်သူမောင်က ၎င်းတို့အနေနဲ့လည်း စစ်အုပ်စုကို သတင်းပေးသည့် သစ္စာဖောက်များကို ဓါတ်ပုံ မှတ်တမ်းများရိုက်ယူထားက မြို့နယ်အလိုက် အချက်အလက်စုဆောင်းမှုများ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

    Tags

    Fake newsreligious attackMyanmar Military CoupNLD MPElection Myanmarသတင်းအတု
    Read Full Article
    Claim :   Lin Khant Zaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က “စရဖ ရဲချုပ် တပ်အကြီးအကဲများထံသို့” ဆိုတဲ့ ဖေ့စ်ဘွတ် Group ထဲမှာတင်ထားတဲ့ ပန်းဘဲတန်းက အနိုင်ရ NLD ကိုယ်စားလှယ် ကိုစည်သူမောင်ဟာ ဖေ့စ်ဘွတ်အကောင့် အတု တစ်ခုနဲ့ ဘာသာရေးစော်ကားတဲ့ အကြောင်းအရာတွေ ရေးသားဖြန့်ဝေနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေး ထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!