BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သတိထားရမယ့် Page အတု၊ Group အတု...
သတင်းအတု

သတိထားရမယ့် Page အတု၊ Group အတု အန္တရာယ်

ဒီကာလအတွင်း ဖေ့စ်ဘွတ်ပေါ်ကနေ Group အတုတွေဖွဲ့ပြီး လူမှူကွန်ရက်သုံးစွဲသူတွေကို အယုံသွင်းလှည့်ဖျားတာတွေနဲ့ပတ်သတ်လို့ Boom Myanmar ကအတော်အသင့်ရေးသားဝေမျှပြီးဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ BOOM က ဒီလို Group တွေရဲ့ ပိုစ်တစ်ခုခြင်းစီကို ဦးတည်ရေးသားတာထက်ဒီလို Group တွေ ၊ Page တွေကို ရက်အတန်ကြာစောင့်ကြည့်ပြီတဲ့နောက် လူမှူကွန်ရက်မှာ လိမ်လည်တတ်ပုံတွေကို ရေးသားတင်ပြသွားမှာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  13 Jun 2020 10:49 AM IST
  • သတိထားရမယ့် Page အတု၊ Group အတု အန္တရာယ်

    ပထမဆုံး Group အတု Page အတုတွေအကြောင်းမပြောခင်မှာ ဒီလို အတုတွေရဲ့သဘောကို အကြမ်းဖျဉ်း ဝေမျှချင်ပါတယ်။ ပုံမှန်အားဖြင့်ဒီလိုလုပ်သူတွေဟာ လူတွေကို ငွေကြေးဖြစ်စေ အခွင့်အရေးဖြစ်စေစတာတွေနဲ့ ဖျားယောင်းပြီး အများအားဖြင့် သူတို့ပိုစ်ကို ဂရုဘယ်နှစ်ခုမှာ ဘယ်နှစ်ကြိမ် ရှယ်ပေးရန်၊ သူတို့ညွှန်းဆိုထားတဲ့ ဂရုတွေကိုလည်း ဝင်ထားရန်၊ မှတ်ချက်မှာ ဖုန်းနံပါတ်ရေးသားထားခဲ့ရန် နဲတချိူ့ပို့စ်တွေမှာတော့ ငွေလှူမယ့်ပုံစံနဲ့ လိမ်လည်နေတာတွေ့ရပါတယ်။

    Boom Myanmar က လတ်တလော ရှာဖွေမှူတွေအရ အလှူရှင်များ နှင့် လိုအပ်သူများသာ ၊ မြန်မာနိုင်ငံအလှူရှင်များအသင်း နဲ့ တတ်နိုင်သလောက်လှူချင်လို့ အပ်ထားဟေ့ စတဲ့ဂရုတွေဟာ ဒီကာလအတွင်းမှာ အလားတူ လိမ်လည်မှူမျိူးတွေပြုလုပ်နေတာတွေ့ရပါတယ်။ ဒီဂရုတွေကတဆင့် ဖြန့်ဝေနေတာက ထီပေါက်စဉ် နဲ့ HaHa HaHa ဆိုတဲ့ ဖေ့စ်ဘွတ်ပေချ့်တွေကပဲ ဖြစ်ပါတယ်။ ဒီဖေ့စ်ဘွတ်ဂရုနဲ့ ဖေ့စ်ဘွတ်ပေချ့်တွေဟာ လိမ်လည်လှည့်ဖြားပြီး သတင်းအမှားတွေရေးသားဖြန့်ဝေနေတာမျိူးတွေလည်းရှိနေပါတယ်။

    ဥပမာအနေ့နဲ့ ပြောရရင် ထီပေါက်စဉ် ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က "မြန်မာနိုင်ငံသားတိုင်း ငွေတစ်သိန်း ရရှိမည်" ဆိုတဲ့ ပိုစ့်ကို ဇွန်လ ၉ ရက်နေ့က အလှူရှင်များ နှင့် လိုအပ်သူများသာ ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ ဖြန့်ဝေခဲ့ရမှာ မှတ်ချက်ပေးသူ နှစ်ထောင်နီးပါးနဲ့ ပြန်လည်ဖြန့်ဝေသူ တစ်သောင်းကျော်ရှိခဲ့ပါတယ်။ မူရင်းဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီလိုဖြန့်ဝေရာမှာ "မြန်မာနိုင်ငံသားတိုင်း ငွေတစ်သိန်း ရရှိမည်။ ထိုင်းနိုင်ငံ 223 ပရဟိတအဖွဲ့က ကိုဗစ်၁၉ ကာလမှာ မြန်မာနိုင်ငံသားတွေအတွက် အလှူငွေ ဘတ်ငွေ 24 သန်း လှူဒါန်းခဲ့ပါတယ်ခင်ဗျာ မြန်မာငွေနဲ့ဆို သိန်းတစ်‌သောင်းရှိပါတယ် မြန်မာလူမျိုးတစ်ယောက်ကို တစ်သိန်းစီ အယောက် ၁၀၀၀၀ ရမှာပါဒီငွေတစ်သိန်းကို အခမဲ့ အလှူပေးမှာပါ" ဆိုပြီး ရေးသားဖြန့်ဝေခဲ့တာပါ။

    ဒီဖြန့်ဝေမှုနဲ့ပါတ်သတ်ပြီး BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ခဲ့ရာမှာတော့ ဒီပိုစ့်ထဲမှာပါတဲ့ ပုံတွေဟာ ထိုင်းနိုင်ငံအခြေစိုက် Bangkok Post သတင်းဌာနမှာ ဧပြီလ ၂၁ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းထဲက ပုံတွေကို ရယူသုံးစွဲထားတာ တွေ့ရပါတယ်။ သတင်းမှာရေးထားတာက အိုအီးရှီက Covid-19 ကာကွယ်ရေးအတွက် ထိုင်းကြက်ခြေနီအသင်းနဲ့ပါတ်သတ်တဲ့ ဆေးရုံခုနှစ်ရုံကို ထိုင်းဘတ်ငွေ ၂၄ သန်းလှူတယ်ဆိုပြီး ရေးထားတာပါ။ ဖြန့်ဝေတဲ့ ပိုစ့်ထဲမှာ ပြောထားသလို မြန်မာနိုင်ငံသားတွေအတွက် လှူထားတာ မဟုတ်ပါဘူး။ မူရင်းသတင်းကို ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။


    အလှူရှင်များ နှင့် လိုအပ်သူများသာ ဆိုတဲ့ ဂရုမှာပဲ HaHa HaHa ဆိုတဲ့ ပေချ့်ကလည်း ဇွန်လ ၁၂ ရက်နေ့မှာ "ရှိတုန်းလေး လှူရတာပါ..Covid 19ကာလမှာ...တကယ်အခက်အခဲ ရှိတဲ့သူအတွက်ဘဲလှူမှာပါ..ကိုယ်လည်းကုသိုလ်ရ သူတစ်ပါး လည်းဝမ်းဝအောင်ပါ...ပါဝင်လိုပါက..ဂရုကိုအရင် join လုပ်ထားပါ" ဆိုပြီးရေးသားဖြန့်ဝေခဲ့ပါတယ်။ ဒီပိုစ့်ကလည်း ၂၄ နာရီအတွင်းမှာ ပြန်လည်ဖြန့်ဝေသူ ၁၆၀၀ ကျော်ရှိခဲ့ပြီး ထပ်ဆင့်ဖြန့်ဝေနေဆဲဖြစ်ပါတယ်။ ဒီဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။


    BOOM အနေနဲ့ ဒီရေးသားဖြန့်ဝေမှုကို သတင်းဆန်းစစ်ချက်ပြုရာမှာတော့ ဒီဖြန့်ဝေမှုမှာ အသုံးပြုထားတဲ့ မူရင်းပုံတွေဟာ Leona mills ဆိုသူ သူ့ Pinterest အကောင့်မှာ တင်ထားတဲ့ ပုံတွေပဲဖြစ်ပါတယ်။ မူရင်းပုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


    ဒီလို ပိုက်ဆံတွေနဲ့ မက်လုံးပေးပြီး Facebook Group ပြုလုပ်မှု မျိုးကို မကြာခဏ တွေ့ရလေ့ရှိပြီး အဲ့ဒီ Group တွေထဲမှာ လူဦးရေ သိန်းဂဏာန်းခန့် ရောက်ရှိလာရင် Group နာမည်ချိန်းကာ ချဲဂဏာန်းပေးပြီး ပိုက်ဆံတောင်းခံခြင်းတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒီလို လိမ်ညာပြီး ပြုလုပ်ထားတဲ့ Facebook Group တွေ အကြောင်း BOOM က အစဉ်တစိုက်ရေးသား ဖော်ပြပေးခဲ့ပြီး ဖြစ်ပြီး ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာ တွေမှာ ဖတ်ရှု့နိုင်ပါတယ်။

    Tags

    FacebookGroupFake facebook GroupFake facebook pageDonation
    Read Full Article
    Claim :   လူမှုမီဒီယာတွေပေါ်မှာ ငွေရမယ်လို့လိမ်လည် နေတဲ့ Facebook Group နဲ့ Page တွေအကြောင်းကို BOOM က ရေးသားတင်ပြထားတာပဲ ဖြစ်ပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!