BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မွတ်စလင် ပြည်လုံးကျွတ်...
သတင်းအတု

မွတ်စလင် ပြည်လုံးကျွတ် ညီလာခံကျင်းပရန် NLD ကူညီမယ်ဆိုတဲ့ သတင်းအမှား

ရွေးကောက်ပွဲ နီးကပ်တာလာနဲ့ အမျှ ဆိုရှယ်မီဒီယာပေါ်မှာ နိုင်ငံရေး အမြတ်ထုတ်တဲ့ သတင်းအမှားတွေ၊ ဘာသာရေးနဲ့ဆက်နွယ်တဲ့ သတင်းအမှားတွေ ထွက်ပေါ်လေ့ရှိပါတယ်။

By - Boom Live Myanmar |
Published -  12 Jun 2020 11:18 AM IST
  • မွတ်စလင် ပြည်လုံးကျွတ် ညီလာခံကျင်းပရန် NLD ကူညီမယ်ဆိုတဲ့ သတင်းအမှား

    ဒီလိုသတင်းအမှား ဖြန့်ဝေသူတွေထဲမှာ နိုင်ငံရေးပါတီတွေအပေါ် မဟုတ်မမှန်တဲ့သတင်းတွေဖန်တီးပြီးတိုက်ခိုက်ကြတာမျိူးလည်းရှိနေပါတယ်။

    ဒီရက်ထဲမှာပဲ ချစ်သမီးလေး ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ဇွန်လ ၁ ရက်နေ့ ည ၉ နာရီ ၄၄ မိနစ်မှာ "စက်တင်ဘာတွင် ကျင်းပမည့် မွတ်စလင် ပြည်လုံးကျွတ်ညီလာခံ ဖြစ်မြောက်ရေး NLD ပါတီ ကူညီမည်" ဆိုတဲ့ သတင်းအမှား တစ်ပုဒ်တင်ထားပါတယ်။

    ဒီသတင်းရဲ့ အတွင်းမှာတော့ "အစ္စလာမ်ဘာသာ ကိုးကွယ်သည့် နိုင်ငံသားမွတ်စလင်များ၏ ပြည်လုံးကျွတ်ညီလာခံကို လာမည့် စက်တင်ဘာတွင် ကျင်းပမည် ဖြစ်ပြီး ညီလာခံ ကျင်းပရေးအတွက် နေရာထိုင်ခင်းကအစ လိုအပ်သည်များကို NLD ပါတီမှ ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း အဆိုပါ ညီလာခံ ဖြစ်မြောက်ရေးကော်မတီမှ သတင်း ရရှိသည်။

    ညီလာခံကို ပြည်ထောင်စုသား မွတ်စလင်လူမျိုးများ ပြည်လုံးကျွတ် ညီလာခံအမည်ဖြင့် ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ၊ ပြည်ထဲရေးနှင့် ဒေသဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၏ခွင့်ပြုချက်နှင့်အညီ စီစဉ်သွားမည် ဖြစ်ကြောင်း၊ NLD ပါတီမှ တော်ဝင်နှင်းဆီ ဦးစိုးညွန့်က ညီလာခံကျင်းပစဉ်နှင့် ညစာစားပွဲကျင်းပစဉ် လိုအပ်သည်များ အခမဲ့ ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း၊ NLD ပါတီမှ ဆက်သွယ်ရန် ပုဂ္ဂိုလ်အဖြစ် ဦးစိုးညွန့်ကို တာဝန်ပေးထားကြောင်း ညီလာခံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက ပြောသည်" လို့ ရေးသားထားပါတယ်။

    ဒါ့အပြင် မွတ်စလင် ပြည်လုံးကျွတ် ညီလာခံ ကျင်းပဖို့ ကုန်ကျစရိတ်များစွာ ရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် က OIC အဖွဲ့နဲ့ ချိတ်ဆက်ပြီး နိုင်ငံတကာက ထောက်ပံ့ကြေးတွေ ရအောင် ပြုလုပ်ပေးခဲ့တယ်လို့ ရေးထားပါတယ်။

    ဒီသတင်းကို ချစ်သမီးလေး ဆိုတဲ့ ဖေ့စ့်ဘွတ်အကောင့် လူ ၁၂၀၀ ကျော်က ထပ်ဆင့်မျှဝေထားကြပြီး Comment ရေးသူ ၅၀၀ ကျော်ရှိပါတယ်။ Comment အများစုဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ထားတဲ့ Comment များသာ ဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ချစ်သမီးဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာတင်ထားတဲ့ စက်တင်ဘာလမှာ ကျင်းပမယ့် မွတ်စလင် ပြည်လုံးကျွတ်ညီလာခံ ဖြစ်မြောက်ရေးမှာ NLD ပါတီက ကူညီပေးမယ် ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက်ဆန်းစစ်ဖို့ ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်) ကို ဆက်သွယ် မေးမြန်းတဲ့အခါ ဒါဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီ လိုရေးသား ဖြန့်ဝေတာနဲ့ ပက်သက်ပြီး "ဒါဟာ လုံးဝ အခြေအမြစ် မရှိတဲ့ သတင်းလို့ပဲ ပြောချင်တယ်။ ဒီဟာက လာမယ့် ရွေးကောက်ပွဲအတွက် အဟန့်အတားဖြစ်အောင် NLD ကိုရော မွတ်စလင်ကိုရော ဒါက သက်သက်ရန်တိုက်ပေးတာ။ ပြည်သူလူထုနဲ့ ရန်တိုက်ပေးတဲ့ သတင်းတစ်ခုပဲ။ ဒီမှာ ဘာအစီအစဉ်မှ မရှိဘူး။ ဒီလို (ညီလာခံ) လုပ်တယ်ဆိုတာက အချိန်ယူပြီး လုပ်ရတာ။ လောလောဆယ် ဘာအစီအစဉ်မှလည်း မရှိဘူး။ ဘာမှ ပြောထားတာလည်း မရှိဘူး။ ကြေငြာထားတာလည်း မရှိဘူး။ ဒါက ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင် ရန်တိုက်ပေးတဲ့သတင်းပေါ့။ အဓိကတော့ NLD ကို ပစ်မှတ်ထားတဲ့ သတင်းလို့ပဲ ယူဆရတာပေါ့" လို့ ဒေါက်တာမြင့်သိန်းက ပြောပါတယ်။

    ဒီသတင်း ဖြန့်ဝေမှုကို လေ့လာကြည့်တဲ့အခါမှာ ဒီသတင်းဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ကာလမှာ Facebook တွေ Blog စာမျက်နှာတွေမှာ စတင်ဖြန့်ဝေခဲ့တာကို တွေ့ရပြီး ၂၀၁၉ ခုနှစ်မှာလည်း ဒီသတင်းတွေကို ပြန်လည်ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။


    ဒီသတင်းဟာ ရွေးကောက်ပွဲ နီးလာတဲ့အချိန် နိုင်ငံရေးအရ ဝါဒဖြန့်ချီဖို့ ပြန်လည်ဖြန့်ဝေနေတဲ့ သတင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။


    Tags

    Fake NewsMuslim general assemblyNLD party
    Read Full Article
    Claim :   ချစ်သမီးဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာတင်ထားတဲ့ စက်တင်ဘာလမှာ ကျင်းပမယ့် မွတ်စလင် ပြည်လုံးကျွတ်ညီလာခံ ဖြစ်မြောက်ရေးမှာ NLD ပါတီက ကူညီပေးမယ် ဆိုတဲ့ သတင်းကို Boom Myanmar က ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်) ကို ဆက်သွယ် မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook, Blog, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!