BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ငွေငါးသောင်းမက်လုံးပေးပြီး...
သတင်းအတု

ငွေငါးသောင်းမက်လုံးပေးပြီး လှည့်ဖျားထားတဲ့ Facebook Group အချိူ့ထွက်ပေါ်

ကိုရိုနာကပ်ဘေး ကာလမှာ လူအများ စီးပွားရေးကြပ်တည်းနေတာကို အခွင့်ကောင်းယူပြီး ဆိုရှယ်မီဒီယာပေါ်မှာ လိမ်ညာနေသူတွေ နေ့စဉ်လိုလို တွေ့နေရပါတယ်။

By - Boom Live Myanmar |
Published -  1 Jun 2020 6:36 PM IST
  • ငွေငါးသောင်းမက်လုံးပေးပြီး လှည့်ဖျားထားတဲ့ Facebook Group အချိူ့ထွက်ပေါ်

    ဒီလိုလိမ်ညာမှုတွေထဲမှာ ချဲဂဏာန်းပေးပြီး ငွေတောင်းခံကာ လိမ်ညာနေသူတွေ၊ လိမ်ညာပြီး Facebook Group ထောင်ကာ ချဲဂဏာန်း ပေးခြင်းတွေ၊ သတင်းအမှားတင်တဲ့ website က သတင်းတွေ မျှဝေခြင်းတွေ၊ Group ထဲမှာ ကြော်ငြာလက်ခံပြီး ငွေတောင်းခံခြင်းတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒီလို Facebook Group ထောင်ပြီး လိမ်ညာမှုတွေ ဒီရက်ပိုင်းအတွင်းမှာ ထပ်မံတွေ့ရပါတယ်။

    ဒီရက်ပိုင်းထဲမှာပဲ မန္တလေးဆိုတဲ့ နာမည်နဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုဟာ မေလ ၃၁ ရက်နေ့ နေ့ခင်း ၁ နာရီ ၁၁ မိနစ်မှာ Max Myanmar ကုမ္ပဏီက ဦးဇော်ဇော်က Wave Money ကနေ ငွေ ၅ သောင်းလွဲပေးမယ်လို့ လိမ်ညာ မက်လုံးပေးထားတဲ့ သတင်းအတု တစ်ပုဒ်တင်ထားပါတယ်။

    ဒီသတင်းအတုထဲမှာရေးသားထားတာကိုဖေါ်ပြရရင် "ဦးဇော်ဇော်၏ အလှူကို လက်ခံချင်သူများ အင်္ဂလိပ်စာတမ်း https://www.facebook.com/groups/2583801561835791/?ref=share လေးကို လက်မနဲ့ချက်ချက်နှိပ် ဂရုကို Join ထာပြီး မိမိ၏ ဖုန်းနံပါတ်လေးကို မန့်ခဲ့ ဝေ့မန်းနီးကနေ ငါးသောင်းလွဲပေးပါမည်။ ဦးဇော်ဇော်၏ သီးသန့် အလှူပါ။အင်္ဂလိပ်စာ တမ်းလေးကို နှိပ်ပြီး ဤပို့စ်ကို သုံးခါရှယ်ပြီး စကင်ရှော့ဓါတ် ပုံရိုက်ပြီး ငွေငါးသောင်း လာယူနော်" လို့ ရေးထားပါတယ်။

    ၎င်း ရေးထားတဲ့ ပိုစ့်ထဲမှာ ပါတဲ့ link ကို နှိပ်လိုက်ရင် Aung San Suu kyi ဦးဆောင်သော ဝေ့မန်းနီးက အလှူရှင်များ သီးသန့် ထောင်ထားသော ဂရုလို့ ဆိုတဲ့ Group တစ်ခုထဲကို ရောက်သွားပါတယ်။

    ဒီသတင်းအမှားထဲမှာ ၎င်းရဲ့ပိုစ့်ကို သုံးခါတိတိ ရှယ်ခိုင်းထားပြီး အဲ့ဒီပို့စ် လူပေါင်း ၇ ထောင်နီးပါးက ဖြန့်ဝေခဲ့ကြပြီးဖြစ်ပါတယ်။ Facebook Group ထဲမှာ member ၈ ထောင်ကျော်ရောက်ရှိနေပါတယ်။ လက်ရှိ ဒီသတင်းကို ရေးနေချိန် ဇွန်လ ၁ ရက်နေ့ နေ့ခင်းပိုင်းမှာ ဒီ Group ရဲ့ admin အကောင့်ဟာ ပြန်လည် ပျောက်ကွယ်သွားပြီး ၎င်း တင်ထားတဲ့ မူရင်းပိုစ့်လည်း မတွေ့ရတော့ပါဘူး။ ဒါပေမယ့် ဒီ Group ထဲမှာ ၎င်းပိုစ့်ကို ပြန်ကူးတင်တဲ့သူတွေ၊ Screenshot ရိုက်ပြီး ပြန်တင်တဲ့သူတွေ များစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    တကယ်တော့ ဦးဇော်ဇော်က Wave Money ကနေ ငွေလွဲပေးမယ် ဆိုတဲ့အကြောင်းအရာဟာ တကယ်မဟုတ်ပါဘူး။ ဒီ သတင်းအမှားကို ဖြန့်ခဲ့တဲ့ အကောင့်ဟာ အကောင့်တု တစ်ခုဖြစ်ပြီး ၎င်းထောင်ထားတဲ့ ဖေ့စ်ဘွတ် Group ဟာလည်း လွန်ခဲ့တဲ့ ၅ ရက် က ပြုလုပ်ထားတဲ့ Group ဖြစ်တာတွေ့ရပါတယ်။ ဒီ Group ကို စတင်ပြုလုပ်စဉ်ကနေ အခုအချိန်ထိ Group နာမည်ကိုလည်း ၄ ခါ ပြောင်းထားတာကို တွေ့ရပါတယ်။


    နောက်ထပ် လိမ်ညာထားတဲ့ Facebook Group

    အထက်မှာ ဖော်ပြခဲ့တဲ့ Facebook Group ရဲ့ Admin ဟာ နေ့ခင်းပိုင်းမှာ ၎င်းရဲ့ အကောင့် ပြန်ပျက်သွားတယ်လို့ ယူဆရပြီး နောက်ထပ် ဆရာကျော် ဆိုတဲ့ နာမည်နဲ့ ဖေစ့်ဘွတ် အကောင့်တစ်ခုက ပထမ Group နာမည်အတိုင်း "Aung San Suu Kyi ဦးဆောင်သော ဝေ့မန်းနီးမှ အလှူရှင်များ သီသန်း" ဆိုတဲ့ Group တစ်ခုကို ဒီကနေ့ ဇွန်လ ၁ ရက်နေ့ နေ့ခင်းပိုင်းမှာ ထပ်မံ ပြုလုပ်ထားပြီး Group နာမည်ကို ၅ ကြိမ် ပြောင်းထားပါတယ်။


    ဒါ့အပြင် ပထမ ဖွင့်ထားပြီး Admin မရှိတော့တဲ့ ဖေ့စ်ဘွတ် Group ထဲကို ဆရာကျော် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ရယ် မင်းအောင် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် တွေက ငွေ ၅ သောင်းပေးမယ်ဆိုတဲ့ လိမ်ညာထားတဲ့ ပိုစ့်ကိုပြန်တင်ထားပြီး ၎င်းရဲ့ ပိုစ့်ထဲမှာ အသစ်ထပ်လုပ်ထားတဲ့ ဖေ့စ်ဘွတ် Group link ကို နှိပ်ခိုင်းထားပါတယ်။


    ချဲဂဏာန်းပေးတဲ့ Facebook Group

    ဒုတိယ ဖေ့စ်ဘွတ် Group ထောင်ထားတဲ့ ဆရာကျော် ဆိုတဲ့ အကောင့်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ၎င်း ပြုလုပ်ထားတဲ့ 2 D ဆိုက် တွက်နည်းများ စုစည်းရာ လို့ အမည်ပေးထားတဲ့ ချဲဂဏာန်း ပေးတဲ့ Facebook Group တစ်ခုကို ပြုလုပ်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် အဲ့ဒီ ချဲ ဂဏာန်းပေးတဲ့ Group ထဲမှာ အထက်မှာ ဖော်ပြခဲ့တဲ့ မင်းအောင် ဆိုတဲ့ အကောင့်ဟာ Admin အဖြစ် ရှိနေတာကို တွေ့ရပါတယ်။


    ဒီလို ပိုက်ဆံတွေနဲ့ မက်လုံးပေးပြီး Facebook Group ပြုလုပ်မှု မျိုးကို မကြာခဏ တွေ့ရလေ့ရှိပြီး အဲ့ဒီ Group တွေထဲမှာ လူဦးရေ သိန်းဂဏာန်းခန့် ရောက်ရှိလာရင် Group နာမည်ချိန်းကာ ချဲဂဏာန်းပေးပြီး ပိုက်ဆံတောင်းခံခြင်းတွေ ပြုလုပ်လေ့ရှိပါတယ်။

    ဒီလို လိမ်ညာပြီး ပြုလုပ်ထားတဲ့ Facebook Group တွေ အကြောင်း အောက်က Link တွေမှာ ဝင်ရောက် ဖတ်နိုင်ပါတယ်။

    Link 1 , Link 2






    Tags

    fake newsFake AccountFake facebook Groupdonation money from Wave Money
    Read Full Article
    Claim :   မန္တလေး ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ Max Myanmar Company က ဦးဇော်ဇော်က Wave Money ကနေ ငွေ ၅ သောင်း လွဲပေးမယ် ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!