BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အကြပ်အတည်းကာလမှာ ငွေလှူမယ်ဆိုပြီး...
သတင်းအတု

အကြပ်အတည်းကာလမှာ ငွေလှူမယ်ဆိုပြီး ဖြားယောင်းထားတဲ့ ဖေ့စ်ဘွတ်ခ် Group

ကိုရိုနာကပ်ဘေး ဖြစ်ပွားနေတဲ့ကာလမှာ ငွေကြေးကျပ်တည်းသူများကို အကူအညီပေးမယ်လို့ လိမ်ညာပြီး စီးပွားရှာနေတဲ့ Facebook Group တွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  18 May 2020 8:21 PM IST
  • အကြပ်အတည်းကာလမှာ ငွေလှူမယ်ဆိုပြီး ဖြားယောင်းထားတဲ့ ဖေ့စ်ဘွတ်ခ် Group

    Facebook ပေါ်မှာ Group စထောင်ခါစမှာ ပိုက်ဆံပေးမယ်ဆိုတဲ့ အလိမ်အညာပိုစ့်တွေ တင်လေ့ရှိပြီး ၎င်းပိုစ့်ကို လူမျာတဲ့ Group တွေထဲ Share ပေးဖို့ ရေးထားလေ့ရှိပါတယ်။ လူများလာတဲ့အခါ ငွေကြေးထောက်ပံ့မယ်ဆိုတဲ့ ပိုစ့်တွေကို ဖျက်ကာ ချဲထီ ဂဏာန်းတွေ ပေးကာ ငွေကြေး တောင်းခံလေ့ရှိပါတယ်။

    ဘယ်လိုပုံစံ နဲ့ Facebook Group တွေ ထောင်ခဲ့သလဲ

    Min Zarni ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ မေလ ၁၈ ရက် နံနက် ၁ နာရီ ၂၇ မိနစ် မှာ လိမ်ညာလှည့်ဖျားထားတဲ့ သတင်းအမှားတစ်ပုဒ် စဖြန့်ထားပါတယ်။ ၎င်းတင်ထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်မှာ "အိမ်ထောင်စု တစ်ခုကို ငွေနှစ်သောင်း Wave money ကနေ လွဲပေးမှာနော်။ ဖုန်းနံပါတ် ရေးထားနော်။လှူဖို့အတွက် ကျပ်သိန်းပေါင်း တစ်သိန်း လှုရန် စာကျထားပါတယ်။ လိုချင်သူများ အခုပို့စ်လေးကို ရှယ်ထားပြီး ဂရုမှာ JOINED ထားပါ။ အင်္ဂလိပ်စာတမ်းလေးကိုနှိပ်ကြည့်ပါ" (စာလုံးပေါင်း သတ်ပုံ မူရင်းအတိုင်း) လို့ရေးထားပြီး Facebook Group တစ်ခုရဲ့ Link ကို ရေးထားပါတယ်။ ဒီ Link ကိုနှိပ်လိုက်တာနဲ့ Aung San Suu Kyi ထူးခြားသတင်း ရှာဖွေရေးဂရု လို့ နာမည်ပေးထားတဲ့ Facebook Group တစ်ခုဆီ ရောက်သွားပါတယ်။

    အဲ့ဒီ ဖေ့စ်ဘွတ် Group ဟာ Min Zarni ဆိုတဲ့ အကောင့်ပိုင်ရှင်က မေလ ၁၈ ရက်နေ့မှာ ထောင်ထားတာဖြစ်ပြီး ၎င်းနဲ့ အတူ Ye Myat ဆိုတဲ့ အကောင့်တစ်ခုကို Admin အဖြစ်ထည့်ထားပါတယ်။ Ye Myat ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ ချဲဂဏာန်းတွေ၊ ဘောလုံးပွဲ လောင်းကြေးတွေ ဖြန့်ဝေပြီး ငွေရှာနေတဲ့ Facebook အကောင့် တစ်ခု ဖြစ်ပါတယ်။

    ပထမ လိမ်ညာခဲ့တဲ့ Facebook Group

    အခု Facebook Group လိုမျိုး မတ်လ ၃၁ ရက်နေ့မှာ Shar Pay ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က Pacific-AA Group of Companies ပိုင်ရှင်ရဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး ဆန်တစ်အိတ်၊ ဆီတစ်ဗူး၊ ကြက်သွန်တစ်အိတ်ပေးမယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ်တင်ပြီး ၎င်းရဲ့ ဖေ့စ်ဘွတ် Group ကို လူများအောင် လုပ်ခဲ့ပါတယ်။ ၎င်းတင်ခဲ့တဲ့ ပိုစ့်ကို လူ ၆ သောင်းခွဲကျော် က ထပ်ဆင့်မျှဝေပြီးတဲ့အချိန်မှာ Shar Pay ဆိုတဲ့ နာမည်ကနေ သန့်ရှင်းသောစိတ်ဓါတ်ပိုင်ရှင်ဆိုတဲ့ နာမည်ကို ပြောင်းခဲ့ပြီး Group ထဲမှာ ချဲဂဏာန်းပေးပြီး Viber ကနေ ငွေတောင်းခံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ Min Min Kywal ဆိုတဲ့ နာမည်ကို ထပ်ပြောင်းခဲ့ပါတယ်။


    ဒါ့အပြင် ၎င်း ပထမ ဆန်၊ဆီ၊ ကြက်သွန်ပေးမယ်ဆိုပြီး လိမ်ညာခဲ့တဲ့ ဖေ့စ်ဘွတ်ဂရု နာမည်ကိုလည်း 2D 3D ဖိုက်တာများဂရု ဆိုတဲ့ နာမည်ကို ပြောင်းခဲ့ပါတယ်။ 2D 3D ဆိုတာ ချဲထီ လောင်းကစား လောကမှာ သုံးနေကြ စကားလုံးဖြစ်ပြီး 2D ဆိုတာ ၂ လုံး ချဲထီ၊ 3D ဆိုတာ ၃ လုံး ချဲထီ ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီ ဖေ့စ်ဘွတ် ဂရု ၂ ခု လုံးကို အကောင့် ၄ ခုနဲ့ ချဲထီ လောင်းကစား လုပ်ဖို့ တစ်ဦးထဲက အသုံးပြုနေတယ်လို့ ယူဆရပါတယ်။


    သတင်းဆန်းစစ်ချက်

    Min Zarni ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ Wave Money ကနေ ငွေ ၂ သောင်းစီ လှူပြီး ကျပ် သိန်းပေါင်း ၁ သိန်း လှူဒါန်းမယ်ဆိုတဲ့ အချက်ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လိမ်ညာလှည့်ဖြား ထားတာကို တွေ့ရပါတယ်။ ဒီလို လိမ်ညာ လှည့်ဖြားမှုကို Group ထောင်ထားသူဟာ ဖေ့စ်ဘွတ်အကောင့် ပေါင်းများစွာနဲ့ အကြိမ်ပေါင်း များစွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းရဲ့ လိမ်ညာထားတဲ့ ပိုစ့်တွေကို တဆင့်ပြန်လည်ဝေမျှသူ အရေအတွက် များလာရင် မူရင်းစာသားများကို ပြောင်းလဲကာ ချဲဂဏာန်း ပေးသည့် စာသားများအဖြစ် ပုံစံ ပြောင်းပစ်ပါတယ်။

    ၎င်းရဲ့ Group ထဲ လူများလာရင် ချဲဂဏာန်းပေးကာ ငွေတောင်းခံမှုတွေ ပြုလုပ်သလို ၎င်းရဲ့ ဖေ့စ်ဘွတ်ဂရုမှာ အခကြေးငွေ ပိုက်ဆံယူပြီး ကြေငြာလက်ခံမှုတွေကိုလည်း ပြုလုပ်နေပါတယ်။



    ၎င်း ပထမ လိမ်ညာပြီး ပြုလုပ်ထားတဲ့ ဖေ့စ်ဘွတ် Group မှာ လူပေါင်း ၂ သိန်းခွဲကျော် ရောက်ရှိနေပြီး အခု ပထမ အကြိမ်အတိုင်း လိမ်ညာပြီး Group အသစ် ထပ်ထောင်တာ ဖြစ်ပါတယ်။

    ပထမအကြိမ် လိမ်ညာပြီး Group ထောင်ခဲ့ပုံကို ဒီမှာ ကြည့်နိုင်ပါတယ်။

    အဆိုပါ Facebook Group Admin ဟာ လူပေါင်းများစွာကို လိမ်ညာတဲ့ ပိုစ့်တွေ မကြာခဏ တင်လေ့ရှိပြီး ချဲထီ လောင်းကစား ပြုလုပ်ကာ ငွေတောင်းခံမှုတွေ ပြုလုပ်လေ့ရှိပါတယ်။






    Tags

    fake newsFake facebook Group2D 3DFake Account
    Read Full Article
    Claim :   ကိုရိုနာအကြပ်အတည်းကာလမှာ ပိုက်ဆံလှူဒါန်းမယ်လို့ လိမ်ညာပြီး Facebook Group ထောင်ကာ ချဲ ထီ ဂဏာန်းတွေ ပေးနေတဲ့ အကြောင်းအရာနဲ့ ပက်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!