BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သိန်းတစ်သောင်းဆုရှင်ကို...
သတင်းအတု

သိန်းတစ်သောင်းဆုရှင်ကို ခုတုံးလုပ်ပြီး လိမ်ညာထားတဲ့သတင်းအမှား

ယခုလပိုင်းအတွင်း အွန်လိုင်းပေါ်မှာ လိမ်ညာငွေတောင်းခံသူတွေ၊ Facebook ၏ Instant Articles မှတစ်ဆင့် ဝင်ငွေရှာနေတာတွေ များပြားလာတာတွေ့နေရပြီး အများစုက လိမ်ညာပြီး Facebook Group ထောင်ကာ ချဲဂဏာန်း ပေးခြင်းတွေ၊ သတင်းအမှားတင်တဲ့ website က သတင်းတွေ မျှဝေခြင်းတွေ၊ Group ထဲမှာ ကြော်ငြာလက်ခံပြီး ငွေတောင်းခံခြင်းတွေ ပြုလုပ်နေကြတာပါ။

By - Boom Live Myanmar |
Published -  8 Jun 2020 10:11 PM IST
  • သိန်းတစ်သောင်းဆုရှင်ကို ခုတုံးလုပ်ပြီး လိမ်ညာထားတဲ့သတင်းအမှား

    ဒီရက်ပိုင်းမှာ "ထီပေါက်စဉ် - Up To Date" ဆိုတဲ့ ဖေစ့်ဘွတ်စာမျက်နှာ တစ်ခုကနေ သိန်းတစ်သောင်းခွဲဆုကြီး ပေါက်တဲ့အတွက် သိန်းငါးထောင်ပြန်လှူမှာဖြစ်ပြီး တစ်ယောက်ကို ငါးသောင်းပေးမယ်လို့ လိမ်ညာမက်လုံးပေးထားတဲ့ သတင်းတစ်ပုဒ်ကို တင်ထားပါတယ်။

    ဒီပိုစ်ကို "အလှူရှင်များနဲ့ လိုအပ်သူများသာ" ဆိုတဲ့ Facebook Group မှာ တင်ထားလည်းတင်ထားပြီး ၎င်းရဲ့ ပိုစ်ကို သုံးခါတိတိ ရှယ်ခိုင်းထားပါတယ်။ ဒီသတင်းအမှားထဲမှာ ၎င်းရဲ့ပိုစ့်ကို သုံးခါတိတိရှယ်ခိုင်းထားပြီး အဲ့ဒီပို့စ်ကို လူပေါင်း နှစ်သောင်းခြောက်ထောင်ကျော်ကပြန်လည်ဖြန့်ဝေခဲ့ကြပြီးဖြစ်ပါတယ်။

    ဒီ "အလှူရှင်များနဲ့ လိုအပ်သူများသာ" ဆိုတဲ့ Facebook Group ထဲမှာ အဖွဲ့ဝင်ပေါင်း လေးသောင်းနီးပါးရှိနေပြီး "ထီပေါက်စဉ် - Up To Date ဆိုတဲ့ ပေ့ချ်က ဒီဂရုရဲ့ admin သုံးဦးထဲက တစ်ဦးကတည်ထောင်ထားတာဖြစ်ပါတယ်။ ဒီ ဂရုတွေ ပေချ့်တွေ အားလုံးရဲ့ Cover ပုံတွေကတော့ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က ဖွင့်လှစ်တဲ့ ၁၆ ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်း ၁ သောင်းခွဲဆုကို ဆွတ်ခူးခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က တတိယတန်းအရွယ်ကျောင်းသူနဲ့ သူမရဲ့ ဖခင်ပုံတွေကို ရယူသုံးစွဲထားတာပါ။

    ၎င်းရဲ့ ပိုစ့်ထဲမှာ " လှူနိုင်သလောက်ကိုတော့ လှူပေးနေပါတယ်။ လူအကုန်လုံးဆီကိုတော့ရောက်မှာမဟုတ်လို့ မရခဲ့ရင်လည်း စိတ်မဆိုးကြပါနဲ့။ နောက်အသုတ်လှူနိုင်ဖို့အတွက် လုပ်နေပါတယ်။ အောက်ကစာတန်းမဲမဲလေးထဲ ဖိထဲကိုဝင်ပြီးရင်ဂရုလေးထဲကိုနှိပ်ပြီးဝင်ထားပေးကြပါဗျာ။ ပြီးရင်ဂရုသုံးခုကိုသုံးခါစီရှဲပြီးဖုန်းနံပါတ်မန့်သွားပေးပါ။" ဟုဆိုကာထီပေါက်ထားသူက ရေးသားထားတဲ့ပုံစံနဲ့ရေးသားဖြန့်ဝေနေပြီး သူပေးထားတဲ့ လင့်တွေကို နှိပ်လိုက်ပါက အဖွဲ့ဝင်ပေါင်း တစ်သိန်းသုံးသောင်းသုံးထောင်ကျော်ရှိတဲ့ "ထီပေါက်ပြီဟေ့ လှူချင်လို့ Join ထား" ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုနဲ့ "အလှူရှင်များနဲ့ လိုအပ်သူများသာ" ဆိုတဲ့ Facebook Group ထဲကိုရောက်ရှိသွားမှာ ဖြစ်ပါတယ်။


    ဒီ သိန်းတစ်သောင်းခွဲဆုရှင် နာမည်သုံးကာ ဖြန့်ဝေနေတဲ့ Facebook Group တွေ မူရင်းပိုစ့်တွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တကယ်တော့ သိန်းတစ်သောင်းခွဲဆုရှင်က သိန်းငါးထောင်ပြန်လှူမယ်လို့ပြောထားတယ်ဆိုတာ မဟုတ်ပါဘူး။ ဒီ သတင်းအမှားကို ဖြန့်ခဲ့တဲ့ အကောင့်တွေဟာ အကောင့်တုတွေဖြစ်ပြီး ၎င်းထောင်ထားတဲ့ ဖေ့စ်ဘွတ် Group ဟာတွေထဲမှာ ပိုက်ဆံရရှိခဲ့တယ်ဆိုတဲ့ မှတ်ချက်ပေးသူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိရပါဘူး။

    အခုလရဲ့ သိန်းတစ်သောင်းခွဲဆုရှင်ကို DVB မီဒီယာက အင်တာဗျူးထားခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှာ ဖော်ပြထားတာက ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် လှူဒါန်းသွားချင်တယ်လို့သာ ြပောခဲ့တာ ဖြစ်ပါတယ်။


    DVB ရဲ့ ဖော်ပြချက်ကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီလို ပိုက်ဆံတွေနဲ့ မက်လုံးပေးပြီး Facebook Group ပြုလုပ်မှု မျိုးကို မကြာခဏ တွေ့ရလေ့ရှိပြီး အဲ့ဒီ Group တွေထဲမှာ လူဦးရေ သိန်းဂဏာန်းခန့် ရောက်ရှိလာရင် Group နာမည်ချိန်းကာ ချဲဂဏာန်းပေးပြီး ပိုက်ဆံတောင်းခံခြင်းတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒီလို လိမ်ညာပြီး ပြုလုပ်ထားတဲ့ Facebook Group တွေ အကြောင်း BOOM က အစဉ်တစိုက်ရေးသား ဖော်ပြပေးခဲ့ပြီး ဖြစ်ပြီး ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာ တွေမှာ ဖတ်ရှု့နိုင်ပါတယ်။

    Tags

    LotterywinnerDonationFacebookGroup
    Read Full Article
    Claim :   သိန်းတစ်သောင်းခွဲဆုကံထူးရှင်က သိန်းငါးထောင်ပြန်လှူမှာဖြစ်ပြီး တစ်ယောက်ကို ငါးသောင်းပေးမယ်လို့ လိမ်ညာမက်လုံးပေးထားတဲ့ သတင်းတစ်ပုဒ်ကို BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!