BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လူပေါင်းနှစ်သိန်းကျော်ကို...
သတင်းအတု

လူပေါင်းနှစ်သိန်းကျော်ကို သတင်းအတုနဲ့လှည့်ဖျားတဲ့ Facebook Group

ကိုရိုနာကပ်ဘေး ဖြစ်ပွားနေချိန်မှာ သတင်းအမှားတွေကလည်း နေ့စဉ်နဲ့ အမျှ ပေါ်ထွက်လျှက်ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  25 April 2020 7:02 PM IST
  • လူပေါင်းနှစ်သိန်းကျော်ကို သတင်းအတုနဲ့လှည့်ဖျားတဲ့ Facebook Group

    အမှားတင်တဲ့ ဝက်(ဘ်)ဆိုဒ်တွေကနေတဆင့် Facebook Group တွေထဲကို ထပ်ဆင့် မျှဝေရင်း သတင်းအမှား ပြန့်အောင် ပိုမို လုပ်ဆောင် ကြပါတယ်။

    Covid-19 ကြောင့် လူအများ စိုးရိမ်ပူပန်မှု မြင့်တက်နေချိန်မှာ Facebook ပေါ်မှာ ကိုယ်ကျိုးရှာပြီး နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်ဖို့ ကြိုးစားနေသူတွေကိုလည်း တွေ့ရပါတယ်။ ဒီရက်ပိုင်း အတွင်းမှာ Shar Pay ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် တစ်ခုဟာ လူစိတ်ဝင်စားအောင် သတင်းအမှားတွေ ရေးသားပြီး ၎င်းရဲ့ Facebook Group ကို လူများအောင် ပြုလုပ်ခဲ့ပါတယ်။

    ဘယ်လိုပုံစံနဲ့ သတင်းအမှားစဖြန့်ခဲ့တာလဲ

    Shar Pay ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ဧပြီလ ၂၄ ရက်နေ့ ၁၂ နာရီ ၉ မိနစ်မှာ ၎င်း ပြုလုပ်ထားတဲ့ Facebook Group ထဲမှာ သတင်းအမှား တစ်ပုဒ်တင်ခဲ့ပါတယ်။ ဒီသတင်းအမှားထဲမှာ "မြန်မာပြည်မှာ ဘယ်နေရာနေနေ ကားနဲ့ လာပို့ပေးမည်။ ဆန်တစ်အိတ်၊ ဆီတစ်ဗူး၊ ကြက်သွန်တစ်အိတ် လိုချင်သူများ အခုပိုစ့်လေးကို ရှယ်ပြီး မိမိနေထိုင်ရာ ရပ်ကွက်နဲ့ ဖုန်းနံပါတ်လေးကို မန့်ခန့်။ အိမ်အရောက် ပရဟိတကားနဲ့ လာပို့ပေးမှာနော်။ အလှူရှင်ကတော့ သူဌေးကြီး ဦးဇော်မိုးနိုင်+ဒေါက်တာစောနေနွယ်။ ဖုန်းနံပါတ်လေးနဲ့ ရပ်ကွက်နာမည်လေး မန့်ခဲ့ကြနော်။ တကယ်ရမှာ" လို့ ရေးသားထားပါတယ်။ ဒီသတင်းအမှားနဲ့ အတူ Pacific-AA Group of Companies ပိုင်ရှင် ဦးဇော်မိုးခိုင်နဲ့ ဒေါက်တာစောနေနွယ်တို့ရဲ့ ဓါတ်ပုံတွေကို ပူးတွဲ ဖော်ပြထားပါတယ်။ ဒီသတင်းအမှားရဲ့ အောက်ဘက်မှာ Link တစ်ခုပေးထားပြီး "အင်္ဂလိပ်စာတမ်းလေးကို လက်မလေးနဲ့ တစ်ချက် နှိပ်ကြည့်ပါနော်" လို့ ရေးထားပါတယ်။ (စာလုံးပေါင်းသတ်ပုံကို မူရင်းအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။)


    ဒီပိုစ့်ကို ဖတ်ရှု့မိသူ အများစုကလည်း ဆန်၊ ဆီ၊ ကြက်သွန် များလိုအပ်တယ်လို့ ပြောဆိုပြီး အိမ်လိပ်စာတွေ ဖုန်းနံပါတ်တွေ ရေးသားနေကြပါတယ်။

    Link ထဲ ဝင်ရင် ဘယ်ရောက်သလဲ

    ဒီ link ကို Click နှိပ်မိရင် လွန်ခဲ့တဲ့ ၂၅ ရက်နေ့က အသစ်ပြုလုပ်ထားတဲ့ Facebook Group တစ်ခုထဲ ရောက်သွားပါတယ်။ Shar Pay ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ ဒီ Group ရဲ့ Admin ဖြစ်ပါတယ်။ ဒီ Group ဟာ မတ်လ ၃၁ ရက်နေ့က "Myanmar Covid-19" ဆိုတဲ့ နာမည်နဲ့ တည်ထောင်ခဲ့တာဖြစ်တဲ့ပြီး ဧပြီလ ၂ ရက်နေ့မှာ "Aung San Suu Kyi ထူးခြားသတင်း ရှာဖွေရေး ဂရု" ဆိုတဲ့ နာမည်ကို ထပ်ပြောင်းခဲ့ပါတယ်။ ဒီ Group ရဲ့ Admin ဖေ့စ်ဘွတ် အကောင့် ၃ ခုလုံးဟာ တခြားအပြင်လူနဲ့ Friend မဖြစ်ဘဲ Shar Pay ဆိုတဲ့ အကောင့် တစ်ခုတည်းနဲ့သာ Friend ဖြစ်တဲ့အတွက် လူတစ်ဦးတည်းကသာ အသုံးပြုနေတယ်လို့ ယူဆရပါတယ်။


    ပထမ ဒီ Group ရဲ့ ကာဗာဖိုတိုဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်က ဓါတ်ပုံကို အသုံးပြုထားပြီး ဧပြီလ ၂၅ ရက် ၁၀ နာရီ ၅၇ မိနစ်မှာ ဦးသန်းရွှေ၊ ဦးခင်ညွှန့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ ဓါတ်ပုံ ကို ကာဗာဖိုတို အဖြစ် ပြောင်းလဲခဲ့ပါတယ်။


    သတင်းအမှားနဲ့ ပက်သက်ပြီး ဖြေရှင်းချက်

    ဒီသတင်း အမှားတွေနဲ့ ပက်သက်ပြီး နာမည်တွေ ဓါတ်ပုံတွေ အလွဲသုံးစား လုပ်ခံရတဲ့ Pacific-AA Group မှ ဒေါက်တာစောနေနွယ်က မနက် ၈ နာရီ ၅ဝ မိနစ်မှာ ဒါဟာ သတင်းအမှားသာ ဖြစ်တယ် မယုံကြဖို့အခုလိုရေးသားခဲ့ပါတယ်။

    "ကျွန်မတို့ Pacific-AA Foundation, AA Medical Products Ltd နှင့် ဦးဇော်မိုးခိုင်-Dr.စောနေနွယ် မိသားစုတို့၏ နိုင်ငံနှင့်ပြည်သူများအတွက် ကောင်းမွန်သောလှူဒါန်းမှု (Covid-19 ရောဂါရှာဖွေရေးစက် နှင့် ရောဂါရှာဖွေရေးဆေးရည်လှူဒါန်းမှု)များကို လူအများ သာဓုခေါ်နေချိန်ကို ခုတုံးလုပ်၍ အောက်ပါ သတင်းအတုများဖြင့် လူကြီးမင်းတို့၏လိပ်စာနှင့် ဖုံးနံပါတ်များကိုရယူရန်၎င်း၊ လူကြီးမင်းများ၏ Facebook account ကို hack ရန်၎င်း လိမ်လည်၍ သတင်းအချက်အလက်များ ခိုးယူခြင်းပြုလုပ်နေကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် လူကြီးမင်းတို့၏လိပ်စာနှင့် ဖုံးနံပါတ်များကို လိမ်လည်ရယူခြင်း မခံရအောင် စော'၏မေတ္တာရပ်ခံချက်ပို့စ်ကို ဖြန့်ဝေပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်" လို့ ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဖြေရှင်းခဲ့ပါတယ်။

    Facebook အကောင့်နာမည်ပြောင်းပြီး သတင်းအမှားထပ်ဖြန့်

    Shar Pay ဆိုတဲ့ ဖေ့စ်ဘွတ်က တင်ခဲ့တဲ့ ဆန်၊ ဆီ၊ ကြက်သွန် အိမ်အရောက် ပို့ပေးမယ်ဆိုတဲ့ သတင်းအမှားဟာ ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်းထိ ထပ်ဆင့်မျှဝေသူ ၅ သောင်း နီးပါး ရှိနေတဲ့ အချိန် ဒေါက်တာစောနေနွယ်ဘက်မှ ၎င်း သတင်းအမှားပိုစ့်ကို Screen Shot ဖြင့် ရေးသားပြီး နောက်ပိုင်းမှာ အကောင့်ပိုင်ရှင်ဟာ ၎င်း ရဲ့ ဖေ့ဘွတ်နာမည် Shar Pay ကို သန့်ရှင်းသောစိတ်ဓါတ်ပိုင်ရှင် လို့ ပြောင်းလဲခဲ့ပါတယ်။ Shar Pay ဆိုတဲ့ နာမည်ကနေ တခြားနာမည်ပြောင်းသွားပေမယ့် ဖေ့စ်ဘွတ်ရဲ့ User Name မှာတော့ Shar Pay ဆိုတဲ့ နာမည်ကျန်ရှိနေတုန်းပါပဲ။


    ၎င်းဟာ နာမည်ပြောင်းပြီးတဲ့ နောက်ပိုင်းမှာ သတင်းအမှား တစ်ပုဒ်လုံးကို ပုံစံပြောင်းပြီး Edit လုပ်ခဲ့ပါတယ်။

    ပထမ ဆန်၊ဆီ၊ ကြက်သွန်ပေးမယ်ဆိုတဲ့ စာသားတွေနေရာမှာ "ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးသစ် တွေ့ရှိပါပြီ။ ရှယ်ပေးကြပါ

    သံပရာသီး ကို ရေနဲ့ပြုတ်ပြီး သံပရာ အနံ့ ရှုကြပါ " ဆိုတဲ့ အကြောင်းအရာ အမှားတွေ ပြောင်းလဲရေးသားပြီး မူရင်းပိုစ့်ကို Edit လုပ်ခဲ့ပါတယ်။ မူရင်းပိုစ့်မှာ တင်ခဲ့တဲ့ ဒေါက်တာစောနေနွယ်၊ ဦးဇော်မိုးခိုင် ဓါတ်ပုံတွေကို ဖြုတ်ချပြီး ၎င်းရေးသားထားတဲ့ ပိုစ့်ကို Screen Shot လုပ်ထားတဲ့ ပုံတွေကို အစားထိုးကာ ဒုတိယသတင်းအမှား ထပ်ဖြန့်ခဲ့ပါတယ်။

    ကိုရိုနာရောဂါကို ကာကွယ်ဖို့ သံပုရာသီး ကို ရေနဲ့ ပြုတ်ပြီး အနံ့ရှုပေးရမယ် ဆိုတာလည်း သတင်းအမှားသာ ဖြစ်ပါတယ်။

    ဒီသတင်းအမှားကို လက်ရှိမှာ လူပေါင်း ၆၃၀၀၀ ကျော်က ထပ်ဆင့်ဝေမျှ ထားသလို ၎င်း ရဲ့ Facebook Group ထဲ လူပေါင်း ၂ သိန်းကျော်လည်း ရောက်ရှိနေပြီ ဖြစ်ပါတယ်။

    အဆိုပါ ဖေ့စ်ဘွတ်အကောင့်ဟာ ယခင်က ၂ လုံးထီ၊ ချဲဂဏာန်းများ ဖြန့်ဝေပြီး ငွေလွဲပေးခိုင်းနေတဲ့ အကောင့်ပဲ ဖြစ်ပါတယ်။


    ဒီ Facebook Group ပြုလုပ်ထားသူဟာ လိမ်ညာပြီး ပိုစ့်များတင်ခဲ့သလို နာမည်တွေချိန်း ပိုစ့်တွေ Edit ပြန်လုပ်ပြီး လိမ်လည်နေတဲ့ ဒီ Group ထဲမှာ ဝင်ရောက်ထားသူများ အနေနဲ့ Group အတွင်းမှ ပြန်ထွက်သင့်သလို နောက်တစ်ကြမ် ဒီလို သတင်းအမှားတွေနဲ့ လှည်းဖျားမှုတွေ ကြုံလာတိုင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ် ကို မှန်/ မမှန် သေချာ စိစစ်ပြီးမှ ယုံကြဖို့ လိုအပ်ပါတယ်။






    Tags

    fake newsFake facebook accountfacebook groupCorona Myanmar
    Read Full Article
    Claim :   လူပေါင်းနှစ်သိန်းကျော်ကို သတင်းအတုနဲ့လှည့်ဖျားတဲ့ Facebook Group တစ်ခု နဲ့ Facebook အကောင့် အတုအကြောင်းကို Boom Myanmar က အချက်အလက်တွေ စစ်ဆေးပေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!