HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
Top Block

NLD ပါတီ အလံ မထောင်ထားတဲ့ အိမ်တွေကို မီးရှို့မယ်ဆိုတဲ့ သတင်းအမှား

NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ ထောက်ခံသူတွေရဲ့ နေအိမ်တွေမှာ ပါတီအလံတွေ လွှင့်ထူထားဖို့ ဆော်ဩပြီးတဲ့ နောက်ပိုင်းမှာဒီသတင်းကို အခြေခံပြီး လုပ်ကြံရေးသားတဲ့ သတင်းအမှား တစ်ချို့လည်း ပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar | 7 Sep 2020 2:48 PM GMT

Si Thu Mg ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စက်တင်ဘာလ ၆ ရက်နေ့ မနက် ၆ နာရီ ၂၅ မိနစ်မှာ အဆိုပါ သတင်းအမှားကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကို နှစ်သက်ကြသည့် သူငယ်ချင်းများ ဆိုတဲ့ ဖေ့စ်ဘွတ် Group ထဲမှာ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ "ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်အရ စက်တင်ဘာလ(၈) ရက်နေ့တွင် ပဲခူးမြို့ပေါ်၌အိမ်တိုင်း အိမ်တိုင်း NLD အလံများအား မဲဆွယ်သည့်သဘောဖြင့် လွှင့်ထူထားကြမည် ဖြစ်ပြီး ၊ လွှင့်ထူခြင်း မရှိသည့် နေအိမ်များကို မီးရှို့ဖျက်ဆီးပစ်မည်ဟု NLD ပါတီဝင် များက ခြိမ်းခြောက်မှုများ ရှိနေ၍ NLD ပါတီအား မထောက်ခံသူများမှ စိုးရိမ်ကြောက်လန့်မှုများ ဖြစ်ပေါ်ကာ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များထံ မိမိတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် အကူအညီများ တောင်းခံထားရကြောင်း ပဲခူးဒေသခံပြည်သူများထံက ကြားသိရပါသည်" လို့ ရေးသားထားပါတယ်။

Si Thu Mg ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အဆိုပါ သတင်းအမှားကို နောက်ထပ် Group တစ်ခု ဖြစ်တဲ့ တပ်မတော်ကို ချစ်မြတ်နိုးသူများ ဆိုတဲ့ Group ထဲမှာ ထပ်မံ ဖြန့်ဝေထားပါတယ်။

၎င်း သတင်းအမှား ဖေ့စ်ဘွတ်ပိုစ့် ၂ ခုကို လူ ၂၀၀ ကျော်က ထပ်မံ ဝေမျှထားပါတယ်။

သတင်းဆန်းစစ်ချက်

Si Thu Mg ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးထားတဲ့ NLD ပါတီ အလံ လွှင့်ထူထားခြင်း မရှိတဲ့ အိမ်တွေကို မီးရှို့ ဖျက်ဆီးမယ်လို့ ရေးသားထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီက အတွင်းရေးမှူး မုံရွာအောင်ရှင် ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဒီလို ရေးသားဖြန့်ဝေထားတာနဲ့ ပတ်သက်ပြီး "ကျွန်တော် ပြောချင်တာကတော့လေ ပါတီအလံကို မထောင်တဲ့ အိမ်တွေ၊ ပါတီအလံ မထောင်တဲ့ ပုဂ္ဂိုလ်တွေကို NLD ပါတီဝင်တွေ သို့မဟုတ် NLD ပါတီကို ထောက်ခံတဲ့ သူတွေကနေပြီးတော့ ရန်ရှာမယ် ဖျက်ဆီးမယ် ဆိုတဲ့ သတင်းတွေကို လွှင့်ထားကြတယ်။ အဲ့ဒါက ယုတ္တိ မရှိတဲ့ စကားပါလို့ ကျွန်တော် ပြောချင်ပါတယ်။ နောက်တစ်ခုက ဒီလို အလုပ်မျိုးကလည်း NLD ပါတီက ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ NLD ပါတီက အစကတည်းက ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီ ခရီးကို သွားတဲ့ ပါတီ ဖြစ်ပါတယ်။ ဒီလိုမျိုး အကြမ်းဖက်ပြီးတော့ လုပ်တက်တဲ့ ပါတီကတော့ ဒါ ပြည်သူလူထု အားလုံးသိပါတယ်လို့ ပဲ ပြောချင်ပါတယ်" လို့ မုံရွာအောင်ရှင်က Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။

NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က Chair NLD ဖေ့စ်ဘွတ်ပေ့ချ်မှာ စက်တင်ဘာလ ၅ ရက်နေ့က NLD ပါတီထောက်ခံသူတွေရဲ့ နေအိမ်တွေမှာ ပါတီအလံတွေ လွှင့်ထူထားဖို့ တိုက်တွန်းပြောကြားထားပါတယ်။ ဒီလို တိုက်တွန်းပြောကြားမှုမှာ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ အနေနဲ့မဲဆွယ် စည်းရုံးတဲ့အခါမှာ Covid-19 ရောဂါ တစ်ကျော့ပြန် ဖြစ်ပွားလာတဲ့အတွက် လူစုလူဝေးခြင်းကို ရှောင်ရှားပြီး ပါတီကို ထောက်ခံသူတွေ အနေနဲ့ မိမိတို့ နေအိမ်တွေမှာ NLD ပါတီအလံတွေ လွှင့်ထူထားခြင်းဖြင့် ပါတီကို ထောက်ခံကြောင်း ပြကြဖို့ တိုက်တွန်းထားခြင်းသာ ပါဝင်ပါတယ်။

Chair NLD ပေ့ချ်မှာ တင်ထားတဲ့ မူရင်း Video ကို ဒီမှာ ကြည့်နိုင်ပါတယ်။


Related Stories