HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဘဏ်ငွေထုတ်ယူခွင့်အတွက် နားလည်မှုလွဲစေနိုင်တဲ့ သတင်းအမှား

ဘဏ်မှငွေထုတ်ချင်သူများ အပြည့်အဝထုတ်ယူခွင့်ရတော့မယ်လို့ ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌပြောကြားဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar | 2 Sep 2021 10:19 AM GMT

ဒီဖြန့်ဝေမှုတွေကို သြဂုတ်လ ၂၈ ရက်နေ့က MMDAILYLIFE ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပြီး ပြန်လည်ဖြန့်ဝေသူ အများအပြားရှိနေပါတယ်။

ရေးသားထားရာမှာ "ဘဏ်မှငွေထုတ်ချင်သူများ အပြည့်အဝထုတ်ယူခွင့်ရတော့မည်ဟု ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌပြောကြား" လို့ ခေါင်းစဉ်တပ်ကာ အောက်မှာ "ဘဏ်တွေကနေ ငွေအကန့်အသတ်နဲ့ထုတ်ယူရတဲ့ကိစ္စကိုလာမယ့် စက်တင်ဘာလ လဆန်းပိုင်းက စတင်ပြီးဖြေလျှော့မှုတွေပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဝင်းသော်ပြောဆိုကြောင်း၊ လက်ရှိဖြစ်နေတဲ့ အခြေအနေတစ်ခုထက် အဆင်ပြေရန် ငွေထုတ်တာတွေနဲ့ပတ်သက်ပြီး တိုးထုတ်နိုင်ရန်ဖြစ်ကြောင်း၊

ဘဏ်တွေမှာ ငွေထုတ်ခွင့် ကန့်သတ်ထားတဲ့၂၀၀ ၊ ၂၀ ကန့်သတ်ထားတာရှိပေမယ့် အမှန်တကယ် မပေးကြတဲ့အပေါ် ကန့်သတ်ချက်နဲ့ အညီ အပြည့်အဝ ထုတ်ပေးဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောဆိုထားကြောင်း" ရေးသားထားပြီး သတင်းမူရင်းကို VOM (Voice Of Myanmar) သတင်းဌာနကို ညွှန်းဆိုထားတာ ဖြစ်ပါတယ်။

သတင်းဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီသတင်းကို ဆန်းစစ်ရာဖို့ မူရင်းရေးသားဖော်ပြထားတဲ့ Voice of Myanmar (VOM) ရဲ့ သတင်းကို ဝင်ရောက်ဖတ်ရှု့ရာမှာ အတွင်းသတင်းတွေက ပြောင်းလဲမှုမရှိပေမယ့် အဓိကအကြောင်းအရာဖြစ်တဲ့ ခေါင်းစဉ်မှာ ပြင်ဆင်ရေးသားထားတာကို တွေ့ရပါတယ်။

VOM ရဲ့ က ရေးသားထားတာမှာ "ဘဏ်ငွေထုတ်ခွင့် ကန့်သတ်ချက်တွေကို စက်တင်ဘာလမှာ စတင်ဖြေလျှော့ ပေးမယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူပြော" လို့ ရေးသားထားတာ သာဖြစ်ပြီး သတင်းအတွင်းမှာလည်း ဘဏ်တွေဆီက ငွေ အပြည့်အဝ ထုတ်ယူခွင့်ရတော့မယ်လို့ ရေးသားထားခြင်း မရှိတာကို တွေ့ရပါတယ်။

VOM ရဲ့ ရေးသားထားမှုထဲမှာ ဘဏ်တွေမှာ ငွေထုတ်ခွင့် ကန့်သတ်ထားတဲ့၂၀၀ ၊ ၂၀ အပေါ် ကန့်သတ်ချက်နဲ့ အညီ အပြည့်အဝ ထုတ်ပေးဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့သာ ရေးသားထားတာ ဖြစ်ပါတယ်။


Voice of Myanmar (VOM) သတင်းဌာနမှာ သြဂုတ်လ ၂၈ ရက်နေ့က ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဗဟိုဘဏ်ဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဘဏ်တွေကနေ ငွေထုတ်ယူခွင့်နဲ့ပတ်သက်လို့ ATM စက်ကနေ တစ်ရက်ကို ငွေကျပ် ငါးသိန်းကျပ် ၊ ဘဏ်ကနေ တစ်ဦးချင်းအကောင့်နဲ့ တစ်ပတ်ကို ငွေကျပ် သိန်း ၂၀ ကျပ် ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေ အတွက်က ငွေကျပ် သိန်း ၂၀၀ သာ ထုတ်ယူခွင့်ပြုဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

အခုပြန်လည်ဖြန့်ဝေနေမှုတွေဟာ ခေါင်းစဉ်ကိုပြင်ဆင်ထားပြီး စာဖတ်သူတွေကို အထင်အမြင်လွဲအောင် ပြုလုပ်ထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။

Related Stories