HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်တပ်ထောက်ခံသူများ လှောင်ပြောင်ဖြန့်ဝေတဲ့ ဖမ်းဆီးခံပြည်သူများ၏ Video

လူပေါင်းရာချီ စစ်ကားတွေပေါ် အတင်ခံနေရတဲ့ ဗွီဒီယိုဖိုင်တစ်ခုကို စစ်မှုထမ်းရန်အတွက် တပ်မတော်ထဲ ဝင်ရောက်လာသော Generation-Z လူငယ် လူရွယ်များဆိုပြီးစစ်တပ်ထောက်ခံသူအုပ်စုတွေက လူမှုမီဒီယာပေါ်မှာ လှောင်ပြောင်ရေးသားဖြန့်ဝေေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 5 March 2021 2:22 PM GMT

အချိန် ၁၈ မိနစ်ကျော်ကြာတဲ့ ဒီဗွီဒီယိုဖိုင်ကို 'မှစ် ချူး အငြားစိမ်း- ရေ' ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က မတ်လ ၃ ရက်နေ့မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး video ဖိုင်နဲ့အတူ "မိမိတို့၏မှားယွင်းသောလုပ်ရပ်များအပေါ် အမြင်မှန်ရရှိပြီး နောင်တရသောကြောင့်၎င်း၊ တပ်မတော်၏လုပ်ရပ်အပေါ် ထောက်ခံလာပြီဖြစ်သောကြောင့် စစ်မှုထမ်းရန်အတွက် တပ်မတော်ထဲ ဝင်ရောက်လာသော Generation-Z လူငယ် လူရွယ်များ ကျာက်မြောင်းမီးပွိုင့်အနီး စစ်သားစုဆောင်းရေးတပ်မှ လာရောက်ခေါ်ယူစဉ်" ဆိုပြီး လှောင်ပြောင်ကာ မဟုတ်မမှန် ရေးသားထားတာပါ။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ကို သေချာကြည့်ရင်ကို ဒါဟာ မဟုတ်မမှန် လှောင်ပြောင် ရေးသားဖြန့်ဝေနေတာ သိရှိနိုင်မှာပါ။ ဗွီဒီယိုဖိုင်ဟာ ကျောက်မြောင်းမှာဖြစ်ပွားခဲ့တဲ့ ဖမ်းဆီးခံဖြစ်ရပ်ကို ထားတဲ့ Live Video ဖိုင်ကို ခိုးယူဖြန့်ဝေထားတာသာဖြစ်ပြီး နောက်က စကားပြောသံမှာကိုပဲ ကျောက်မြောင်းမီးပွိုင့် စည်ပင်ရုံးနားမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ဖြစ်ကြောင်း၊ ဖမ်းထားတဲ့ သူတွေအကုန်လုံးကို စစ်ကားပေါ် တင်နေတာဖြစ်ကြောင်း၊ ဖုန်းတွေ အိတ်တွေပါ သိမ်းဆည်းနေကြောင်း၊ လူ အယောက်၂၅၀/ ၃၀၀ ခန့်ရှိကြောင်း ပြောဆိုသံတွေ နားထောင်လို့ ရပါတယ်။

ဒါဟာ တာမွေမြို့နယ်အတွင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းပြီး ဖမ်းဆီးခံရသူများကို စစ်ကားများပေါ် တက်ခိုင်းနေတဲ့ ဗွီဒီယိုဖိုင်တစ်ခုသာဖြစ်ပါတယ်။ 

Related Stories