HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

သတင်းအမှားဖြန့်ပြီး ဝင်ငွေရှာနေတဲ့ ပုံစံတူ ဖေစ့်ဘွတ်ပေချ့်နှစ်ခု

ပုံစံတူ သတင်းအမှားတွေ အပါအဝင် လက်ရှိအဖြစ်အပျက်တွေကို လုပ်ကြံဖန်တီးပြီး သတင်းအများအပြားကို ဖေစ့်ဘွတ်ပေချ့် နှစ်ခုကနေ တချိန်တည်း ရေးသားဖြန့်ဝေလျက် ရှိပါတယ်။

By - Boom Live Myanmar | 30 Jun 2022 4:50 AM GMT

Up To Date Myanmar နဲ့ PTN Pathein Today News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့် နှစ်ခုဟာ နေ့စဉ်နဲ့အမျှ သတင်းမှား၊ သတင်းတု အများအပြား ဖန်တီးပြီး ပုံစံတူ တပြိုင်နက်တည်း ဖြန့်ဝေလျက်ရှိနေပြီး တခါတရံ တခြားဖေစ့်ဘွတ်ပေချ့်တွေရဲ့ ပိုစ့်တွေကို ပြန်လည်ဖြန့်ဝေတာ တွေရှိပါတယ်။

ဒီပေချ့်တွေကို Like လုပ်ထားသူ သုံးသောင်းကျော်နဲ့ follow လုပ်ထားသူ ငါးသောင်းဝန်းကျင် ရှိနေပါတယ်။ ဒီပေ့ချ်တွေမှာ ဖြန့်‌ဝေနေတဲ့ သတင်းအတု၊ သတင်းမှားတချို့ကိုတော့ ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီဖေစ့်ဘွတ်ပေချ့် နှစ်ခုက ဖြန့်ဝေနေတဲ့ သတင်းအများစုဟာ သတင်းခေါင်းစဉ်ကို လူအများဝင်ကြည့်အောင် ရေးသားကာ ဝင်ရောက်ကြည့်ရှု့သူ အရေအတွက်ကနေ ဝင်ငွေပြန်ရအောင် ပြုလုပ်ထားတဲ့ page တွေဖြစ်ပြီး Clickbait သတင်းတွေ၊ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို လိုရာဆွဲ ရေးသားကာ ပြုပြင်ထားတဲ့ သတင်းတွေနဲ့ အချက်အလက် မခိုင်လုံတဲ့ အကြောင်းအရာတွေကို နောက်ခံစကားပြောထည့်သွင်းကာထပ်ဆင့်ဖြန့်ဝေနေတဲ့ သတင်းအမှားတွေသာ ဖြစ်ပါတယ်။


ဒီပေချ့်တွေမှာ ဖြန့်ဝေနေတဲ့ သတင်းတွေဟာ အထက်မှာ ဖော်ပြထားသလို ဖတ်ရှု့သူတွေယုံကြည်လောက်စရာ အားထုတ်မှုတောင် မရှိတဲ့ လုပ်ကြံသတင်းမှားမျိုးတွေ ဖြန့်ဝေပြီး ငွေရှာနေတဲ့ ပေချ့်အတုတွေ ဖြစ်ပါတယ်။

Related Stories