HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

PDF တွေက နို့တိုက်မိခင်တစ်ဦးကိုတိုက်ခိုက်တယ်ဆိုတာ မဟုတ်ပါ

ဓါတ်ပုံအတုတွေအသုံးပြုပြီး PDF တွေက ကလေးမိခင်တစ်ဦးကို PDF ခေါင်းရိုက်ခွဲတယ်ဆိုကာဖြန့်ဝေထားတဲ့ သတင်းအတုတွေ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 6 Oct 2021 12:59 PM GMT

အဆိုပါ သတင်းအမှားကို Ko Kyaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စက်တင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီ ၅၇ မိနစ်မှာ ရေးသားဖြန့်ဝေ ခဲ့တာဖြစ်ပြီးဖြန့်ဝေထားတဲ့ ဓါတ်ပုံထဲမှာ ကလေးငယ် တစ်ဦးကို ချီထားပြီး ဦးခေါင်းက သွေးတွေစီးကျနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ဓါတ်ပုံကို အသုံးပြုထားပါတယ်။

အဲ့ဒီဓါတ်ပုံနဲ့အတူ "ရန်ကုန်၊ခရမ်းမြိုနယ် က လေးနိုတိုက် နေ သော မိခင်အား အကြမ်းဖက် pdf များမှ ဒလန်စွပ်စွဲ၍ သတ်ရန်လာ သော်လည်း က လေးနိုတိုက် နေသဖြင့် ခေါင်းပဲ ရိုက်နှက်သွားဟု ကနဦးသိရ" (မူရင်းဖော်ပြထားသည့် အတိုင်း)လို့ ရေးသားထားပါတယ်။ နောက်ထပ် Kyaw Hninsoe ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အထက်ဖော်ပြပါ ဓါတ်ပုံကို အသုံးပြုပြီး "ခရမ်းမြို့ အိမ်းထဲကလေးနို့တိုက်တဲ့မိခင်ကို စစ်တပ်က ဝင်ရောက်ရိုက်နှက် စစ်ဖိနပ်အောက်က သွေးစက် စစ်တပ်မကောင်းဆိုးဝါးကောင်ရဲ့ ရက်စက်မှုက လက်နက်မဲ့မိခင်မေတ္တာကို အနိုင်မယူနိုင်ခဲ့ပါဘူ" ဆိုတဲ့စာသားအသုံးအနှုန်းတွေနဲ့  ရေးသားဖြန့်ဝေထားပါသေးတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။

အဆိုပါ ဓါတ်ပုံကိုအသုံးပြုပြီး စာသားအမျိုးမျိုးနဲ့ လူမှုကွန်ယက်ပေါ်ဖြန့်ဝေနေကြပါတယ်။

သတင်းဆန်းစစ်ချက်

လူမှုကွန်ယက်ပေါ် ပုံစံအမျိုးမျိုးနဲ့ ဖြန့်ဝေနေကြတဲ့ ဦးခေါင်းကွဲပြီးသွေးထွက်နေတဲ့ ကလေးမိခင်တစ်ဦးရဲ့ ဓါတ်ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ တခြားနိုင်ငံက ဓါတ်ပုံဖြစ်ကြောင်း တွေ့ရပါတယ်။

ဒီဓါတ်ပုံဟာ အိမ်တွင်းအကြမ်းဖက်မှုကြောင့် မိခင်က ဦးခေါင်းမှ သွေးတွေထွက်နေပြီး ကလေးငယ်ကို ချီထားတဲ့ထားပြီး နို့တိုက်နေတဲ့ပုံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက စစ်ကောင်စီရော၊ PDF နဲ့ရော မသက်ဆိုင်ပါဘူး။၎င်းဓါတ်ပုံကို ထိုင်းနိုင်ငံက လူမှုကွန်ယက်သုံးစွဲသူတွေရှိတဲ့ Group ထဲကို ဖြန့်ဝေထားတာကို တွေ့ရပြီး အိမ်တွင်း အကြမ်းဖက်မှုပြုလုပ်တက်တဲ့ အမျိုးသားတွေကို ရှောင်ကျဉ်ဖို့ ရေးသားထားတဲ့စာ ဖြစ်ပါတယ်။

ပြည်တွင်းမှာတော့ ဒီ ဓါတ်ပုံကို ပြန်အသုံးချပြီး  ဝါဒဖြန့်ချင်တဲ့ စာသားတွေနဲ့ ရေးသားဖြန့်ဝေနေကြတာဖြစ်ပါတယ်။


Related Stories