HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နှစ်တစ်ထောင် သက်တမ်းရှိ နဂါးဖမ်းမိတယ်ဆိုပြီး နောက်ပြောင်ဖြန့်ဝေနေတဲ့ သတင်းအမှား

မြန်မာပြည်မှာ နှစ်တစ်ထောင် သက်တမ်းပြည် နဂါးဖမ်းမိတယ်ဆိုပြီး ဖြန့်ဝေနေတာတွေဟာ နောက်ပြောင်ဖြန့်ဝေထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 24 March 2023 6:37 AM GMT

ဒီအကြောင်းအရာကို Hein Htoo - Daily Lifestyle ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၇ စက္ကန့်လောက်သာရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘မြန်မာပြည်တွင် (နှစ်တစ်ထောင်)သက်တမ်းပြည့် နဂါးဖမ်းမိ။ ထူးဆန်းလိုက်တာနော်’ လို့ ရေးသားဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှု့တဲ့အခါ လှေပေါ်က တံငါသည်အချို့ ရှည်လျားတဲ့ ငါးတစ်ကောင်ကို ကိုင်ထားပြီး စကားပြောဆိုနေတာဖြစ်ပါတယ်။

ဖြန့်ဝေမှုအောက်က မှတ်ချက်တချို့မှာလည်း ဒါဟာ နဂါးမဟုတ်ကြောင်းနဲ့ ဒီငါးကို ငါးတံငါလို့ ခေါ်ကြောင်း ရှင်းပြထားပြီး ဖြစ်ပါတယ်။

ဒီငါးအကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သက်ဆိုင်တဲ့ နည်းပညာဗဟုသုတတွေ ပေးနေတဲ့ အစိမ်းရောင်လမ်း (greenwaymyanmar) စိုက်ပျိုးမွေးမြူရေးဖုန်းဆော့ဝဲလ်ရဲ့ ဝက်ဘ်ဆိုက်မှာလည်း ဖော်ပြထားပါတယ်။


ငါးတံခွန်ငါးမှာ ခန္ဓာကိုယ်သေးသွယ်ပြီး ကြိုးပြားပုံသဏ္ဍာန်မျိုးရှိကြောင်း၊ အရောင်မှာ ငွေမှင်ရောင် တောက်ပပြီး ဆူးတောင်မွှားမွှားလေးများဟာ တဆက်တည်းဖြစ်ကာ မေးရိုးမှာ ရှည်၍ ချွန်ထွက်လျှက်ရှိကြေင်း၊ အမြီးဆူးတောင်မရှိဘဲ အမြီးသည် ဆံခြည်မျှင်ကဲ့သို့ သေးသေးမျှင်မျှင်ဖြစ်ပြီး ပါးဟက်ဝကျယ်ကာ ဦးခေါင်းဘေးတွင် မျက်စိရှိကြောင်း၊ အချို့ဒေသတွင် “ငါးသရွှဲ” လို့လည်း ခေါ်ပြီး အင်္ဂလိပ်အခေါ်မှာ small head ribbon fish (or) small head-hairtail ဖြစ်ကြောင်း၊ ဒီငါးကို ငါးပိရည်ကျိုပြုလုပ်ရာမှာ အသုံးပြုကြသလို “ငါးတံခွန်ခြောက်” မှာလည်း လူကြိုက်များကြောင်း၊ အိန္ဒိယသမုဒ္ဒရာနဲ့ အနောက်ပစိဖိတ် သမုဒ္ဒရာ တွေမှာ တွေ့ရှိရတယ်လို့ ရေးသားထားပါတယ်။

ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ နောက်ပြောင်ဖြန့်ဝေထားတဲ့ အချက်အလက်အမှားတွေပဲ ဖြစ်ပါတယ်။

တခြား သားငှက် တိရစ္ဆာန်တွေ၊ ရေနေသတ္တဝါတွေနဲ့ ပတ်သတ်ပြီး သိရှိလိုပါက မြန်မာနိုင်ငံ မျိုးရင်း တိရစ္ဆာန်တွေအကြောင်း ဗဟုသုတမျှဝေခြင်းနဲ့ အမျိုးအစားခွဲခြားခြင်းတွေ လုပ်ပေးနေတဲ့ Wildlife of Myanmar (M.S.I) ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ အဖွဲ့ဝင်ပြီး ကိုသိချင်တာကို ပုံနဲ့တကွ မေးမြန်းနိုင်ပါသေးတယ်။ ဒီဖေစ့်ဘွတ်ဂရုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Related Stories