HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဗီဒီယိုဖိုင်ထဲက စစ်သုံးယာဉ်တွေဟာ မြန်မာနိုင်ငံက မဟုတ်ပါ

စစ်တပ်ထောက်ခံသူ အများစုရဲ့ အကောင့်တွေမှာ ခြိမ်းခြောက်စာတွေရေးပြီး ဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်ထဲက စစ်တပ်သုံးယာဉ်တွေလို့ ယူဆရတဲ့ ယာဉ်တွေဟာ တခြားနိုင်ငံမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်သာ ဖြစ်ပါတယ်။

By - Boom Live Myanmar | 13 Nov 2023 10:13 AM GMT

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူSaw Gyi ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေ ခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၃၃ စက္ကန့် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘တွေ့ပြပြီပေါ့ကွာ။ အလှကြည့်ထားတာ မဟုတ်ဘူး။ ပြေးနှိုင်မှလွတ်မယ်’ လို့ ခြိမ်းခြောက်ရေးသား ထားပါတယ်။

ဗီဒီယိုကတော့ စစ်တပ်သုံး ကားလို့ ယူဆရတဲ့ ယာဉ်တွေ ဖြတ်သန်းသွားလာနေတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ တွေ့ရတဲ့ ဆိုင်တစ်ချို့ရဲ့ ဆိုင်းဘုတ်တွေမှာ ဗီယက်နမ်စာတွေရေးထားတာ တွေ့ရပါတယ်။


ဗီဒီယိုဖိုင်ထဲမှာ တွေ့ရတဲ့ စစ်သုံးယာဉ်လို့ ယူဆရတဲ့ ကားတွေရဲ့ နံပါတ်ကတော့ ဗီယက်နမ် စစ်တပ်သုံးယာဉ်တွေမှာ တွေ့ရလေ့ရှိတဲ့ အနီရောင်ပေါ်မှာ အဖြူစာလုံးနဲ့ ရေးထားတာမျိုး မဟုတ်ပဲ အဖြူရောင်ပေါ်မှာ အနက်နဲ့ ရေးထားတာ တွေ့ရပါတယ်။

ဗီယက်နမ်မှာ ပုဂ္ဂလိကပိုင် ကားတွေရဲ့ နံပါတ်တွေကို အဖြူရောင်အောက်ခံပေါ်မှာ အနက်ရောင် စာလုံးနဲ့ ရေးသားဖော်ပြပြီး စစ်သုံးယာဉ်တွေကိုတော့ အနီရောင်ပေါ်မှာ အဖြူစာလုံးနဲ့ တပ်ဆင်မောင်းနှင်ရတာ ဖြစ်ပါတယ်။

အောက်ပုံမှာ ပြထားတာကတော့ ဗီယက်နမ် အခြေစိုက် သတင်းဌာန Vietnamplus မှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ထဲက ဗီယက်နမ် စစ်တပ်သုံးယာဉ်တွေရဲ့ ပုံပဲ ဖြစ်ပါတယ်။

ဒီပုံမှာထဲမှာ စစ်တပ်သုံးယာဉ်တွေရဲ့ နံပါတ်တွေမှာ အနီရောင်ပေါ်မှာ အဖြူစာလုံးနဲ့ တပ်ဆင်မောင်းနှင်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။


Vietnamplus သတင်းဌာနမှာ ဖော်ပြထားတာကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

အခု ဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်ထဲမှာ တွေ့ရတဲ့ စစ်သုံးယာဉ်တွေဟာ ဗီယက်နမ် စစ်တပ်သုံးယာဉ်တွေ ဟုတ် မဟုတ် အသေအချာ မသိရပေမယ့် ဒီဗီဒီယိုဟာ မြန်မာနိုင်ငံမှာ ရိုက်ကူးထားတာ မဟုတ်ဘူး ဆိုတာတော့ ကျိန်းသေဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ စစ်ဆင်ရေးတွေကြောင့် တပ်စခန်းအများအပြားနဲ့ မြို့နယ်အချို့ ဆုံးရှံးနေရသလို အခြားပြည်နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်နေတာ ဖြစ်ပါတယ်။

စစ်တပ် ထောက်ခံသူ လော်ဘီတွေအနေနဲ့ ဝါဒဖြန့်ချိတဲ့ အနေနဲ့ ဒီလို ဗီဒီယိုအတု၊ ဓာတ်ပုံအတုနဲ့ သတင်းအမှားတွေ ဆက်တိုက် ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

Related Stories