HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကိုဗစ်ကူးစက်ခံရတဲ့ဝန်ထမ်းတွေကို ဦးဇော်ဇော်က သိန်းငါးတယ်ထိထောက်ပံ့မယ်ဆိုတဲ့ သတင်းအမှား

ဧရာဝတီဘဏ်ဝန်ထမ်းတွေ COVID-19 ရောဂါကူးစက်ခံရပါက စောင့်ကြည့်လူနာအဖြစ် နေထိုင်စဉ် ငွေသားထောက်ပံ့ပေးပြီး သေဆုံးခဲ့ပါက သိန်းငါးဆယ်ထောက်ပံ့မယ်ဆိုပြီး ဖြန့်ဝေနေမှုတွေဟာ သတင်းမှား ဖြစ်ပါတယ်။

By - Boom Live Myanmar | 18 Sep 2020 12:58 PM GMT

ဒီအကြောင်းအရာကို Myo Min Htet ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က စက်တင်ဘာလ ၁၅ ရက်နေ့က ဖြန့်ဝေရေးသားခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူနဲ့ ကူးယူဖြန့်ဝေသူအများအပြားရှိခဲ့တာ ဖြစ်ပါတယ်။

ရေးသားဖြန့်ဝေမှုထဲမှာ " ရန်ကုန်က AYA bank ရုံးချုပ်မှာ လုပ်နေတဲ့ညီမနဲ့ဖုန်းပြောမိရင်း စကားစပ်မိတော့ Covid ကိစ္စပြောမိတယ် ပြောရင်းနဲ့ ဦးဇော်ဇော်အကြောင်းပါလာတယ် AYA bankဝန်ထမ်းတွေ Quarantine ဝင်ရလို့ P ခဲ့ရင် တရက်ကို ၅ သောင်းပေးမယ် သေသွားခဲ့ရင် မိသားစုကို သိန်း၅၀‌ ထောက်ပံ့မယ်တဲ့။ ထားမှာကလည်း မြောက်ဒဂုံက သူပိုင်တဲ့ Center တစ်ခုမှာ Air conခန်း တစ်ယောက်တစ်ခန်းတဲ့ဗျာ။ ဘယ်သူ့ဘယ်သူရဲ့တွန်းအားမပါဘဲ အခက်အခဲဖြစ်လာရင်နိုင်ငံအတွက် ငွေအားလူအား အားသွန်ခွန်စိုက်လုပ်တဲ့သူမို့ လေးစားမိတယ်။ မပြောကောင်းပေမယ့်ဗျာ Positiveဖြစ်ခဲ့ရင်အားမငယ်ရအောင် Positive ဖြစ်ရကျိုးနပ်ပါတယ်လို့တောင် တွေးလို့ရအောင် Motivationပေးထားတာ။ ဆရာဖေမြင့်စာအုပ်ထဲကလို တတ်နိုင်သလောက် ကြယ်ငါးလေးတွေပင်လယ်ထဲပစ်ချပေးနေတဲ့ ဦးဇော်ဇော် Respectပါဗျာ။" ဆိုပြီး ရေးသားထားတာပါ။

ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာနဲ့ ပါတ်သတ်ပြီး BOOM က သတင်းဆန်းစစ်ကြည့်ရာမှာ ဦးဇော်ဇော် အနေနဲ့ COVID-19 ကာကွယ်ကုသရေး ကိစ္စတွေမှာ ပါဝင်လှူဒါန်းနေတယ်ဆိုပေမယ့် အထက်ပါအတိုင်း ပြောဆိုထားခြင်း မရှိဘူးလို့ သိရပါတယ်။

"ကျွန်မတို့ကိုတော့ ပြောထားတာ မရှိပါဘူး။ သူ့ (ဦးဇော်ဇော်) လက်အောက်မှာက ဝန်ထမ်းတွေအများကြီးလေ။ Max ရှိတယ်၊ ဧရာဝတီဘဏ် ရှိတယ်။ တခြားဟာတွေလည်းရှိသေးတယ်။ တချို့သူလှူတဲ့ ကိစ္စတွေ ကို သူ့ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ တင်တာတော့ ရှိတယ်။" လို့ နေပြည်တော် ဧရာဝတီဘဏ်ရုံးချုပ်က တာဝန်ရှိသူတစ်ဦးက BOOM ကို ပြောပါတယ်။

ဦးဇော်ဇော်အနေနဲ့ Covid-19 ကာကွယ်ကုသရေးအဖြစ် ရခိုင်ဒေသအတွက် အရေးပေါ် လိုအပ်ချက်တွေကို ဧရာဝတီဖောင်ဒေးရှင်း အနေနဲ့ သွားရောက်ပံ့ပိုးလှူဒါန်းခဲ့ပြီး ယခုလအစောပိုင်းက သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းမှာ ယာယီ Quarantine Center ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သူ့ရဲ့ တရာဝင်ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားပါတယ်။

Related Stories