HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အိုးတိန်တွင်းရွာ စာသင်ကျောင်း ဗုံးကြဲသူကို သေဒဏ်ပေးမယ်လို့ တပ်ချုပ်ပြောတယ်ဆိုတဲ့ သတင်းအမှား

ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်းအတွင်း ပညာသင်ကြားနေတဲ့ ကလေးငယ်တွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တရားခံတွေကို စစ်ခေါင်းဆောင်သေဒဏ်ပေးမယ်လို့ ပြောတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 14 May 2025 9:51 AM IST

ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၁၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒီပဲယင်း ဗုံးကြဲမှု အကြီးဆုံး ရာဇဝတ်မှုဖြစ်နေ။ ဗုံးကြဲဖို့ အမိန့်မပေးဘူးလို့ တပ်ချုပ်ပြောဆိုပြီး ဗုံးကြဲသူကို သေဒဏ်ပေးမည်ဟု တပ်ချုပ်ဝန်ခံ' လို့ ရေးသားထား တာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အိုးတိန်တွင်းရွာ စာသင်ကျောင်း ဗုံးကြဲသူ သေဒဏ်ပေးမယ်လို့ တပ်ချုပ်ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring သတင်းဌာနမှာ မေလ ၁၃ ရက်နေ့က ဖော်ပြထားတဲ့ 'အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်ဟု KIAပြော' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ မေလ ၁၂ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်းအတွင်း ပညာသင်ကြားနေတဲ့ ကလေးငယ်တွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကချင် လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားကြောင်း၊ စစ်ကောင်စီတပ်ဟာ ပြည်သူများ၊ စစ်ရှောင်များ၊ ကျောင်းသားကလေးငယ်များ စာသင်နေတဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း ရေးသားထားတာပါ။

ဒီသတင်းထဲမှာ အိုးတိန်တွင်းရွာ စာသင်ကျောင်း ဗုံးကြဲသူ သေဒဏ်ပေးမယ်လို့ တပ်ချုပ်ပြောတယ်ဆိုတဲ့အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုကြောင့် အိုးတိန်တွင်းရွာရှိ ကျောင်းသား၊ကျောင်းသူ ကလေးငယ် ၂၀ ဦးနှင့် ဆရာမ ၂ ဦး သေဆုံးကာ ၁၀၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၃ရက်က ထုတ်ပြန်ထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories