HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကျူးကျော်တွေဖျက်လို့ စစ်သား ၁၈ ယောက်သတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

ရန်ကုန်မှာ ကျူးကျော်နေအိမ်တွေ ဖယ်ရှားတဲ့အချိန်အတွင်း စစ်သား ၁၈ ယောက်ရိုက်သတ်ခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 29 Nov 2022 3:17 PM GMT

ဒီအကြောင်းအရာကို Ly La ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ 'ရန်ကုန်မှာ ကျူးတွေပွဲကြမ်းပြီ' လို့ ရေးသားကာ ဗွီဒီယိုကာဗာမှာတော့ 'ရန်ကုန်မှာ ကျူးအိမ်တွေ လိုက်ဖျက်နေတဲ့ စစ်သား ၁၈ ဦး ရိုက်သတ်ခံရ။ သူသေ ကိုယ်သေ ပြန်ချပြီ။' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာတော့ အခြားသတင်းဌာနတွေဆီက ကူးယူထားတဲ့ သတင်းတွေနဲ့အတူ မင်္ဂလာဒုံမှာ တပ်ပိုင်မြေလို့ ဆိုပြီး ပြည်သူ ၅ သောင်းနီးပါးကို စစ်တပ်က အတင်းရွှေ့ပြောင်းခိုင်းတယ်ဆိုတဲ့ သတင်းကို နောက်ခံစကားပြောထည့်သွင်းထားတာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာထဲမှာလည်း ကျူးအိမ်ဖျက်တဲ့ စစ်သား ၁၈ ဦး ရိုက်သတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာမပါသလို ပြည်သူတွေက ပြန်တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာလည်း ပါဝင်ခြင်းမရှိပါဘူး။အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

ရန်ကုန်နဲ့ မန္တလေးတိုင်းတွေမှာ စစ်တပ်နဲ့ အစိုးရဌာနပိုင် မြေတွေကို ကျူးကျော်တယ်ဆိုကာ နေအိမ်နဲ့ ဆိုင်ခန်းပေါင်း တစ်သောင်းကျော် ဖယ်ရှားဖို့ စစ်ကောင်စီက ယခုလအတွင်းမှာ အမိန့်ထုတ်ခဲ့ပြီး အင်အားသုံး ဖယ်ရှားနေကြောင်း RFA သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် ကျူးအိမ်ဖျက်တဲ့ စစ်သား ၁၈ ဦး ရိုက်သတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ ဘယ်သတင်းဌာနမှာမှ ဖော်ပြထားခြင်း မရှိပါဘူး။


ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ရပ်ကွက်ငါးခုမှာရှိတဲ့ နေအိမ် တစ်သောင်းဝန်းကျင်၊ မရမ်းကုန်းမြို့နယ် ရပ်ကွက်နှစ်ခုက နေအိမ် ၄၅၀ ဝန်းကျင်နဲ့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် မီးရထားလမ်းဘေး ဝဲယာက နေအိမ် ၂၀၀ ကျော်၊ အောင်မြေသာစံမြို့နယ်က နေအိမ် ၂၅၀ ကျော်၊ ပြင်ဦးလွင်မြို့က လူနေဆိုင်ခန်း ၇၆ ခန်း၊ စုစုပေါင်း နေအိမ်နဲ့ ဆိုင်ခန်းပေါင်း တစ်သောင်းကျော်ကို စစ်ကောင်စီက ဖယ်ရှားဖို့အမိန့် ထုတ်ပြန်ပြီး အင်အား သုံး ဖြိုဖျက်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories