HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မဲစာရင်းနှင့်ကော်မရှင်ကိစ္စ ဒေါက်တာမျိုးညွန့်ပြောဆိုထားခြင်းမရှိ

ဒီရက်ပိုင်းထဲမှာ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်နာမည်သုံးပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 23 Jan 2021 3:50 AM GMT

အဆိုပါ သတင်းအမှားကို သတင်းစာပေါ်မှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ပုံစံဖန်တီးပြီး အကောင့်တုပေါင်းများစွာနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

အဆိုပါ သတင်းအမှားရဲ့ခေါင်းစဉ်မှာ "မဲစာရင်းအမှားများသည် ရွေးကောက်ပွဲကော်မရှင်နှင့်သာ သက်ဆိုင်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ပြော" ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပါတယ်။

သတင်းရဲ့အတွင်းပိုင်းမှာတော့ "ရွေးကောက်ပွဲကပြီးသွားပြီ။ကျွန်တော်တို့ပါတီက သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တယ်ဆိုတာ အားလုံးအသိပဲလေ။ အဲ့ဒီတော့ ကျနော်တို့ပါတီက အစိုးရဖွဲ့မှာပေါ့။ ဘယ်သူကမှတားဆီးလို့မရပါဘူး။ ဒါက (၂၀၀၈) အခြေခံဥပဒေအရ လုပ်တာပါ။ ကျွန်တော်တို့က ဥပဒေဘောင်ထဲက လုပ်သွားမှာပါ။ ရွေးကောက်ပွဲမဲစာရင်းအမှားတွေက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ပဲ ဆိုင်တယ်။ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ မကျေနပ်ရင် သူတို့နဲ့ရှင်းပေါ့။ စာရင်းအမှားတွေ ထုတ်ပြန်နေလည်း အပိုပါပဲ။ ကျွန်တော်တို့က တုန်လှုပ်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မဲခိုးတာ မဲလိမ်တာ ကျွန်တော်တို့ လုပ်တာမှ မဟုတ်တာ။ လုပ်တဲ့သူတွေနဲ့ပဲ ဆိုင်တယ်။ ကျွန်တော်တို့က အနိုင်ရတယ်။ အစိုးရဖွဲ့တယ်။ ရှင်းရှင်းလေးပါ" လို့ရေးသားထားပါတယ်။

မူရင်းဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်နာမည်သုံးပြီး သတင်းစာပုံစံဖြန့်ဝေထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလတ် စစ်ဆေးဖို့ ဒေါက်တာမျိုးညွန့်ကို ဆက်သွယ်မေးမြန်း တဲ့အခါမှာ သတင်းအမှားဖြစ်ကြောင်း အတည်ပြုပြောကြားပါတယ်။

ဒေါက်တာမျိုးညွှန့်က အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး တစ်ကြိမ်တစ်ခါမှ ပြောကြားထားခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ သတင်းစာမှာပါရှိတဲ့ သတင်းပုံစံဖန်တီးပြီး သတင်းအမှားဖြန့်တာနဲ့ ပတ်သက်လို့ "ဒါကတော့ သတင်းအမှားဖြန့်ကြတဲ့သူတွေက လူထုကိုပိုပြီး ယုံကြည်အောင်လို့ အမြင်အာရုံလှည့်ဖို့ ကြိုးစားလာတာပါ။ ဘာပဲပြောပြော ကျွန်တော်တို့ ပြည်သူများကလည်း အသိပညာတွေ ပိုပြည့်ဝလာပါပြီ။ သတင်းအရင်းအမြစ်တွေကို စုံစမ်းပြီး လက်ခံတယ်။ နောက်ပြီး လက်ရှိအခြေအနေနဲ့ မကိုက်ညီတဲ့ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ သတင်းထုတ်ပြန်ချက်တွေဆိုရင်လည်း သတိနဲ့ စိစစ်လာကြပါပြီ။" လို့ Boom Myanmar ကို ပြောပါတယ်။

Related Stories