HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဇာဂနာ နာမည်သုံးပြီး ဖြန့်ဝေထားတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာသူရ ခေါ် ဦးဇာဂနာ နာမည်သုံးပြီးဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 22 April 2021 12:25 PM GMT

အဆိုပါ သတင်းအမှားကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကိုယ်ရံတော်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး အဲ့ဒီသတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ဇာဂနာ ဒဲ့ ပြောလိုက်တဲ့ နိုင်ငံ့ အရေး" လို့ ရေးထားပြီး ၎င်းဖေ့စ်ဘွတ်ပိုစ့်မှာ "စစ်တပ်ကို တိုက်ခိုက်ရင် ကြံ့ဖွံ့ကို တိုက်ခိုက်ရင် အဲဒီလို တိုက်ခိုက်တဲ့ -အစိုးရပဲ ဖြစ်ဖြစ် လွှတ်တော် အမတ်တွေပဲ ဖြစ်ဖြစ် အနီ လော်တွေပဲ ဖြစ်ဖြစ် စာရေးဆရာတွေပဲ ဖြစ်ဖြစ် ပြည်ပလက်အောက်ခံ မီဒီယာတွေပဲ ဖြစ်ဖြစ် NGO လိုလူမှု အဖွဲ့အစည်းတွေပဲ ဖြစ်ဖြစ် ဘယ်က ဖြစ်ဖြစ် ပြည်သူတယောက်အနေနဲ့ ဆန့်ကျင် သွားမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွှန်တော်တို့တတွေဟာ အရပ်သားအစိုးရ ပြည်သူ့အစိုးရ ဆိုပြီးတော့ ၂၀၁၅ တုန်းက မဲပေးတင်လိုက်တာဟာ စစ်တပ်နဲ့ ကြံ့ဖွံ့ကို တိုက်ခိုက်တဲ့ အသံတွေကို ကြားချင်လို့ မဟုတ်ဘူး။ အရပ်သားအစိုးရကြီးက ပြည်သူတွေ အတွက် ဘာတွေများ ထူးထူးခြားခြား ပြောင်းလဲပေးနိုင်မလဲ ဆိုတဲ့ မျှော်လင့်ချက် နဲ့ မဲပေး တင်ခဲ့ခြင်း ဖြစ်တယ်" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားမှု အပြည့်အစုံကို ဒီမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၆၀၀၀ နီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူ ၄၀၀၀ နီးပါး ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ဒါရိုက်တာသူရ ခေါ် ဦးဇာဂနာ နာမည်သုံးပြီး ဖြန့်ဝေထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ယခင်ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားကို နောက်တစ်ကြိမ် ဖြန့်ဝေလာတာကို တွေ့ရပါတယ်။

အဆိုပါ သတင်းအမှားဟာ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းအမှား အဟောင်းတစ်ပုဒ် ဖြစ်ပြီး အဲ့ဒီအချိန်တုန်းက Boom Myanmar က ဦးသူရ ခေါ် ဇာဂနာကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ "အဲ့ပိုစ့်က ကျွန်တော် ပြောလည်း မပြောဖူးဘူး။ သိလည်း မသိဘူး။ ဖတ်လည်း မဖတ်ဖူးဘူး။ အခုမှပဲတွေ့လို့ အခုမှပဲ ဖတ်ရတာဆိုတော့ အဲ့ဒီစကားလုံးတွေကလည်း ကျွန်တော့်စကားလုံးတွေ မဟုတ်ဘူး။ ထူးဆန်းတာက ကျွန်တော့်နာမည်ကိုတောင် မှန်အောင် မပေါင်းထားဘူး .. အဲ့သလောက် တော်ကြတယ်" လို့ Boom Myanmar ကိုဖြေကြားခဲ့ပါတယ်။

သတင်းအမှား တွေနဲ့ ပတ်သက်ပြီးတော့ မည်သည့် အခါကမျှ ဖြေရှင်းခြင်း မပြုလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ "မရှင်းဘူးဆိုတာ ကိုယ်မှမပြောတာ မရှင်းဘူးနေတာ။ အခု ဒါကြီးကတော့ မေးလာတဲ့အတွက် ကျွန်တော် ဖြေပေးပါတယ်။ ဒါမျိုးက တစ်ခါမှလည်း မပြောဖူးပါဘူး။ ကြားလည်း မကြားဖူးပါဘူး။ ဘာမီဒီယာဆိုလည်းပဲ ဒီနာမည်ကို မကြားဖူးပါဘူး။ များသောအားဖြင့် ကျွန်တော်ကတော့ အဲ့ဒါတွေ ဘယ်တုန်းကမှလည်း မရှင်းခဲ့ဖူးတော့လေ။ အခုတော့ မေးတဲ့အတွက် ကျွန်တော် ဖြေပေးတာပါ။ ကျွန်တော် ပြောလည်း မပြောဖူးဘူး။ ကြားလည်း မကြားဖူးဘူး" လို့ ဦးဇာဂနာက Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ၂၀၂၀ စက်တင်ဘာလ ၁၀ ရက်နေ့ ဝန်းကျင်က ဖြေကြားထားဖူးပါတယ်။

Related Stories