HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါက်တာဇော်ဝေစိုး နာမည်သုံးပြီး ဖြန့်ထားတဲ့ သတင်းအမှား

ဒေါက်တာဇော်ဝေစိုး နာမည်သုံးထားပြီး အကြမ်းဖက်မှု အားပေးတဲ့ ပုံစံနဲ့ ရေးသားထားတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 4 Nov 2021 9:18 AM GMT

အဆိုပါ သတင်းအမှားကို အောက်တိုဘာလ ၂၉ ရက်နေ့မှာ လူမှုကွန်ယက်ပေါ်မှာ Screen Shot တစ်ခုအနေနဲ့ ဖြန့်ဝေထားတာကို တွေ့ရပြီး ၎င်း Screen Shot ထဲမှာ "မီဒီယာမှာ သတင်းမပါရင် တပြားမှ မထောက်ပံ့ဘူး။ နေ့စဉ် သတ်စရာ လူမရှိရင် အမှိုက်ကောက်တဲ့ကောင်တွေ ပစ္စည်းပိုတဲ့ကောင်တွေ ကြုံတဲ့ကောင်သတ်ပြီး ဒလန်လို့ စွတ်စွဲပြီး သတင်းဖွပေး။ စစ်ကောင်စီ လက်ထက် မငြိမ်းချမ်းဘူးဆိုတာမျိုး ပြည်သူတွေသိရင် ရပြီ။ နေ့စဉ် အကြမ်းဖက်မှုသတင်း အမြဲကြားချင်တယ်နော်။ D-day ကို အရှိန်မပျက်စေနဲ့ ပြည်သူတွေ ဒုက္ခရောက်လေ စစ်ကောင်စီ ကျဆုံးဖို့ နီးစပ်လေပဲ" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပြီး အောက်ဆုံးမှာ ဒေါက်တာဇော်ဝေစိုး၊ NUG အစိုးရ လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

အဆိုပါ သတင်းအမှားကို စစ်တပ်ထောက်ခံသူတွေရှိတဲ့ ဖေ့စ်ဘွတ်ဂရုတွေထဲကို ဖြန့်ဝေပြီး ထပ်ဆင့်ဝေမျှသူတွေ ကူးယူဖော်ပြသူတွေ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ဒေါက်တာဇော်ဝေစိုး နာမည်အသုံးပြုပြီး ဖြန့်ထားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

၎င်းတို့ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဒေါက်တာဇော်ဝေစိုးက တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိသလို မည်သည့် မီဒီယာတွေကမှလည်း ဖော်ပြထားခြင်းမရှိပါဘူး။ ဒါ့အပြင် ၎င်းတို့ ရေးသားထားတဲ့ အရေးအသားမျိုးဟာ စရိုက်ဆန်ဆန် ရေးသားထားတာမျိုးဖြစ်ပြီး ဒီလို အရေးအသားမျိုးကိုလည်း ဒေါက်တာဇော်ဝေစိုးက ရေးသားလေ့မရှိပါဘူး။

ဒေါက်တာဇော်ဝေစိုး ရေးသားလေ့ရှိတဲ့ အရေးအသားတွေကို ၎င်းရဲ့ ဖေ့စ်ဘွတ်အကောင့်ဖြစ်တဲ့ ဒီ Link မှာ ဝင်ကြည့်နိုင်ပါတယ်။

သတင်းအမှားဖြန့်သူရဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်ပုန်းတွေဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးကာ NUG၊ CRPH နဲ့ PDF တွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ တင်နေတာကို တွေ့ရပါတယ်။

Related Stories