HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အလောင်းတွေချတယ်ဆိုပြီး မြို့အများအပြားကိုဖြန့်ဝေတဲ့ သတင်းအမှား

ဖေဖော်ဝါရီ ၁၆ ရက်ညပိုင်းက ရန်ကုန်နဲ့တခြားမြို့တချို့မှာ ရင်ခွဲရုံက လူသေအလောင်းတွေထုတ်ပြီး ရပ်လမ်းတွေပေါ်မှာ လိုက်ချနေတယ်ဆိုတဲ့ သတင်းအမှားတွေများစွာပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 17 Feb 2021 1:49 PM GMT

ဒီအကြောင်းအရာတွေဟာ ဖေ့စ်ဘွတ်စတေးတပ်စ်တွေနဲ့ ရေးသားဝေမျှကြတာရှိသလို ထင်ထင်ရှားရှားမမြင်ရတဲ့ဓါတ်ပုံတွေပါဝင်တဲ့ရေးသားမှုတွေလည်းဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။

ပို့စ်တစ်ခုမှာတော့ "ဆေးရုံက အလောင်း ၆ လောင်းထုတ်သွားတယ်ဆိုပြီး ရင်ခွဲရုံက ဖုန်းဆက်ကြောင်း၊ တစ်မြို့နယ် တစ်လောင်းချမယ်လို ကြားရကြောင်း၊ အလောင်းသမားနားမှာ ကင်းစောင့်သမားတွေ့တာနဲ့ ရဲတွေကဖမ်းမှာဖြစ်ကြောင်း" ဖြန့်ဝေထားတာတွေ့ရပါတယ်။

တချို့ဖြန့်ဝေမှုတွေမှာတော့ မြို့နယ်နာမည်တွေ အတိအကျဖော်ပြထားတာ တွေ့ရပြီး ရွှေပြည်သာ အုတ်ဖိုလမ်း၊ ထောက်ကြန့်စစ်သင်္ချိုင်းရှေ့၊ ကြည့်မြင့်တိုင် မြို့နယ်၊ ပဲခူးတိုင်း ပြည်မြို့က ဆေးရုံ စတဲ့ နေရာဒေသတွေမှာ အလောင်းချတယ်ဆိုပြီး ရေးသားမှုတွေလည်းရှိခဲ့ပါတယ်။


ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

တချို့ဖေစ့်ဘွတ်အကောင့်တွေကလည်း အလောင်းတွေ လာချနေတယ်ဆိုပြီး live လွှင့်တဲ့ ဗွီဒီယိုဖိုင်တွေ ဖြန့်ဝေထားပေမယ့် လူတွေ စုရုံးနေတာသာ မြင်နေရပြီး အလောင်းချတယ်ဆိုတဲ့ ထင်ရှားတဲ့ အချက်တွေ မပါတာကို တွေ့ရပါတယ်။ အောက်ဖော်ပြပါပုံမှာ ရင်ခွဲရုံက လူသေအလောင်းတွေ ချနေတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်ကို ဖြန့်ဝေထားတာပါ။


ဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

အလားတူ ရုပ်ရှင်မင်းသား ပြေတီဦးကလည်း သူ့ရဲ့ ဖေစ့်ဘွတ်အကောင့်ကနေ လူသေအလောင်းတွေ တွေ့ရင် လုံးဝအနားမကပ်ကြပါနဲ့။ မကြည့်ကြပါနဲ့ ဆိုပြီး ဖေဖော်ဝါရီ ၁၆ ရက် ည ၁၀ နာရီဝန်းကျင်မှာ ပိုစ့်တင်ထားပါတယ်။ ပြန်လည်ဖြန့်ဝေသူတွေ သုံးသောင်းတစ်ထောင် ကျော်ရှိခဲ့ပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


သတင်းဆန်းစစ်ချက်

ပြည်မြို့နဲ့ ပါတ်သတ်ပြီး ထွက်ပေါ်နေမှုတွေဟာ သတင်းမှားတွေဖြစ်တဲ့ အကြောင်းကို ပြည်မြို့ဝန်းကျင်က သတင်းတွေ ဖော်ပြပေးနေတဲ့ ပြည်သတင်းစဉ် ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ ညပိုင်း ၁၁ နာရီခွဲခန့်မှာ ဖော်ပြပေးထားပါတယ်။


သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

ထောက်ကြန့်စစ်သင်္ချိုင်းရှေ့မှာ လူလာချတယ်ဆိုတာနဲ့ ပါတ်သတ်ပြီး U Phoe Cho ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ပိုင်ရှင်က ည ၁၀ ဝန်းကျင်မှာ ဖေစ့်ဘွတ် live လွှင့်ပြီး သတင်းမှားဖြစ်တဲ့ အကြောင်း ပြောကြားထားပါတယ်။

"လူလာချလို့ သတင်းကြားတဲ့ အတွက် စစ်သင်္ချီုင်းအရှေ့ကို လူကိုယ်တိုင်လာပြီး Live လွှင့်ပေးတာဖြစ်ကြောင်း၊ ဘာမှမရှိကြောင်းနဲ့ စစ်သင်္ချိုင်းရှေ့က ခြံနံပါတ် ၄၉/၅၀ ထဲမှာလည်း ကင်းစောင့်နေသူတွေ သူ့အဖွဲ့နဲ့သူ စောင့်နေကြောင်း သတင်းအမှားသာဖြစ်ကြောင်း" ပြောထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


လူမှုမီဒီယာတွေပေါ်မှာ မနေ့ ညပိုင်းက ပျံ့နှံ့ခဲ့တဲ့ အလောင်းတွေ လိုက်ချနေတယ်ဆိုတဲ့ သတင်းတွေဟာ အတည်ပြုချက် တစ်စုံတရာမရှိခြင်း၊ ယုံကြည်ရတဲ့ သတင်းမီဒီယာတွေမှာလည်း ဖော်ပြထားခြင်း မရှိခြင်းနဲ့ Live Video များအရ အလောင်းတွေကို တကယ်တွေ့ရှိမှုမရှိခြင်း၊ အလောင်းမဟုတ်ကြောင်း အတည်ပြုနိုင်ခြင်း စတဲ့ အချက်တွေအရ သတင်းမှားများသာ ဖြစ်ပါတယ်။

Related Stories