HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မျောက်ကျောက်ရောဂါ မြန်မာနိုင်ငံကို ရောက်နေပြီဆိုတဲ့ သတင်းအမှား

လတ်တလော လူမှုကွန်ယက်ပေါ်မှာ မျောက်ကျောက်ရောဂါ မြန်မာနိုင်ငံကို ရောက်လာပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 30 May 2022 3:23 PM GMT

ဒီအကြောင်းအရာဟာ မေလ ၂၃ ရက်နေ့မှာ စတင်ပြီး လူမှုမီဒီယာတွေပေါ် ပျံ့နှံ့နေတာဖြစ်ပြီး ဖြန့်ဝေမှုပေါင်း နှစ်သောင်းကျော်ရှိတဲ့ ပိုစ့်တွေရှိနေသလို ထပ်ဆင့်ဖြန့်ဝေနေသူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ "မိခင်တစ်ဦးက သူမကလေးမှာ အရေကြည်ဖုလို နာပြီးယားတဲ့ အရေပြားရောဂါဖြစ်နေကြောင်း၊ ပထမရက်မှာ ဖျားပြီး ဆေးတိုက်ရာမှာ အဖျားကျသွားပေမယ့် ခြေနဲ့ လက်တွေမှာ အဖုတွေ ထွက်လာကြောင်း၊ ထွက်စမှာ အရမ်းနာပေမယ့် တစ်ရက်လောက် အကြာမှာ မနာပဲ ယားလာတဲ့အတွက် Clobetamil-G ဆေးကို အနာဖြစ်တဲ့ နေရာတွေမှာ လိမ်းပေးလိုက်တာ သက်သာကြောင်း၊ ခေတ်စားနေတဲ့မျောက်ရောဂါနဲ့ ဆင်တူပြီး ဆေးသေချာလိမ်းပြီး ရေများများချိုးပေးရင် ပျောက်သွားမှာဖြစ်ကြောင်း" ရေးသားကာ မျောက်ကျောက်ရောဂါနဲ့ ပါတ်သတ်တဲ့ အခြားအချက်အလက်တွေ ရေးသားဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

၂၀၂၂ ခုနှစ် မေလ ၁၃ ရက်ကနေ ၂၁ ရက်နေ့အထိ ဖြစ်ပွားမှုဖြစ်စဉ်နဲ့ နိုင်ငံတွေရဲ့ စာရင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ မှာ ဖော်ပြထားတာကို အောက်မှာ ကြည့်နိုင်ပါတယ်။


အပေါ်မှာ ပြထားတဲ့ WHO ရဲ့ စာရင်းမှာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေ ပါဝင်ခြင်း မရှိတာ တွေ့ရပါတယ်။ ဒါ့အပြင် မေလ ၂၆ ရက်နေ့က ထပ်မံထုတ်ထားတဲ့ WHO ရဲ့ ထပ်တိုးစာရင်းမှာလည်း ပါဝင်ခြင်း မရှိသေးပါဘူး။ WHO မှာ ဖော်ပြထားတဲ့ မျောက်ကျောက်ရောဂါနဲ့ ပတ်သတ် နောက်ဆုံးရသတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

မျောက်ကျောက်ရောဂါပြသနာနဲ့ ပတ်သက်လို့ သိထားဖို့လိုတဲ့အခြေခံကျတဲ့ အချက်အလက်တွေကို လန်ဒန် တော်ဝင်ကောလိပ် အရေးပေါ်ဆေးပညာမှ MRCEM ဘွဲ့ရထားသူ၊ ယူကေနိုင်ငံရောက် မြန်မာဆရာဝန် ဒေါက်တာချမ်းသာစိုးကို BOOM က ဆက်သွယ်မေးမြန်းထားပါတယ်။


ဒေါက်တာချမ်းသာစိုးနဲ့ အင်တာဗျူးကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

Related Stories