HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကိုဗစ်ကာကွယ်ဆေး mRNA-1273 ရာနှုန်းပြည့်အောင်မြင်ခြင်း မဟုတ်သေး

COVID-19 ကာကွယ်ဆေး mRNA-1273 (အမ်အာအင်အေ−1273) ဆေးဟာ လူတွေမှာစမ်းသပ်အောင်မြင်ပြီဆိုပြီး လူမှုကွန်ယက်တွေပေါ်မှာ ရေးသားဖြန့်ဝေနေထားတဲ့အကြောင်းအရာဟာ သတင်းအချက်အလက်ပြည့်စုံမှုမရှိသလို နားလည်မှုလွဲစေနိုင်တဲ့ရေးသားမှုတွေပါဝင်ပါတယ်။

By - Boom Live Myanmar | 20 Oct 2020 1:52 PM GMT

ဆိုရှယ်မီဒီယာတွေကို အသုံးပြုပြီး သတင်းတွေဖြန့်ဝေရာမှာ တချို့သတင်းတွေဟာ မှားယွင်းမှုမရှိပေမယ့် အချက်အလက် မပြည့်စုံခြင်း၊ ထိန်ချန်ခြင်းနဲ့ ပိုစ့်ကိုလူကြိုက်များအောင် ဖန်တီးရေးသားချက်တွေကြောင့် စာဖတ်သူတွေအနေနဲ့ နားလည်မှု လွဲမှားစေနိုင်ပါတယ်။

ခုဖော်ပြမယ့် သတင်းဟာလည်း မမှားပေမယ့် တချို့အချက်တွေ မပြည့်စုံတာကြောင့် စာဖတ်သူတွေ နားလည်မှု လွဲစေနိုင်တဲ့ အတွက် BOOM က သတင်းဆန်းစစ်ထားပါတယ်။

ဒီရေးသားဖြန့်ဝေမှုကို COVID-19 နဲ့ ပါတ်သတ်တဲ့ အသိပညာတွေ၊ သတင်းတွေ မျှဝေပေးနေတဲ့ Dr. Kyaw Zaw Hein ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့် ကနေ မေလ ၁၉ ရက်နေ့မှာ ရေးသားခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ နှစ်သောင်းတစ်ထောင်ကျော် ရှိနေပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

ပိုစ့်မှာ "COVID-19 ကာကွယ်ဆေး လူတွင် စမ်းသပ်အောင်မြင်ပြီ။ mRNA-1273 (အမ်အာအင်အေ−1273) လို့ခေါ်တဲ့ ကိုဗစ်−19 ကာကွယ်ဆေးကို လူတွေမှာ စမ်းသပ်အောင်မြင်ပြီလို့ မေလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ် ..ဒီကာကွယ်ဆေးကို အမေရိကန် အခြေစိုက် Moderna, Inc., (မိုဒါးနား) ကုမ္ပဏီက ထုတ်လုပ်တာ ဖြစ်ပါတယ် ..အမေရိကန် ကျန်းမာရေးဌာန (NIAID) ဦးဆောင်ပြီး ဒီကာကွယ်ဆေးကို လူတွေမှာ၂ ကြိမ်ထိုးပေးလိုက်တဲ့ အခါ ကိုးရိုးနားဗိုင်းရပ်ကို ကာကွယ်နိုင်စွမ်းရှိတာ တွေ့ရပါတယ် ..mRNA-1273 ကာကွယ်ဆေးဟာ ယေဘုယျအားဖြင့် လူတွေမှာ ဘေးထွက်ဆိုးကျိုး မရှိနိုင်ဘူးလို့ သိရပါတယ်" ဆိုပြီး ရေးသားထားတာပါ။

သတင်းဆန်းစစ်ချက်

ရေးသားဖြန့်ဝေမှုမှာပါတဲ့ "mRNA-1273 (အမ်အာအင်အေ−1273) လို့ခေါ်တဲ့ ကိုဗစ်−19 ကာကွယ်ဆေးကို လူတွေမှာ စမ်းသပ်အောင်မြင်ပြီလို့ မေလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်" ဆိုတာ မှန်ကန်တဲ့ အချက်ဖြစ်ပါတယ်။

ဒါပေမယ့် ဆေးတစ်ခု ထုတ်လုပ်ဖို့ ဆိုရာမှာ Phase သုံးခု (အဆင့် သုံးဆင့်) ကျော်ဖြတ်ရမှာဖြစ်ပါတယ်။ ခုထုတ်ပြန်တယ် ဆိုတာ Phase 1 အောင်မြင်တယ်ဆိုတဲ့ အဆင့်မှာ ရှိပြီး နောက်ထပ် အဆင့် ၂ နဲ့ ၃ ထပ်မံလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီ mRNA-1273 ကိုဗစ် ၁၉ ကာကွယ်ဆေးကို မတ်လ ၁၆ ရက်နေ့က စတင် စမ်းသပ်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် နိုင်ဝင်ဘာ လကုန်ပိုင်းလောက်အထိ စမ်းသပ်မှုတွေလုပ်ဖို့ လျာထားတယ်လို့ U.S. National Library of Medicine မှာဖော်ပြထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


Phase 1 စမ်းသပ်မှုကို အသက် ၁၈ ကနေ ၅၅ နှစ်ကြားရှိတဲ့ လူ ၄၅ ယောက်နဲ့ အစဦး စမ်းသပ်ခဲ့တာဖြစ်ပြီး ဧပြီလ မှာ အသက် ၅၅ အထက် လူ ၁၂၀ နဲ့ ထပ်မံစမ်းသပ်ခဲ့တာပါ။ ဒါပေမယ့် ပိုစ့်မှာ ရေးထားတဲ့ "အမေရိကန် ကျန်းမာရေးဌာန (NIAID) ဦးဆောင်ပြီး ဒီကာကွယ်ဆေးကို လူတွေမှာ၂ ကြိမ်ထိုးပေးလိုက်တဲ့ အခါ ကိုးရိုးနားဗိုင်းရပ်ကို ကာကွယ်နိုင်စွမ်းရှိတာ တွေ့ရပါတယ်" ဆိုတာ ပထမ စမ်းသပ်ခဲ့တဲ့ ၄၅ ယောက်ရဲ့ အဖြေတွေကိုပဲ ထုတ်ပြန်တာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ အမျိုးသားကျန်းမာရေးဌာန (NIH) ရဲ့ ဇူလိုင် ၁၄ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။


ဆေးသုတေသနပြုရာမှာ လူသောင်းနဲ့ချီစမ်းသပ်ပြီး အချိန်ယူ လေ့လာရတာဖြစ်တဲ့အတွက် လူ ၄၅ ယောက်ရဲ့အဖြေအပေါ် ကြည့်ပြီး အောင်မြင်တယ်လို့ ပြောလို့ မရသေးပါဘူး။

mRNA-1273 ကိုဗစ် ၁၉ ကာကွယ်ဆေးရဲ့ Phase 3 စမ်းသပ်မှုကို ဇူလိုင် ၂၇ ရက်နေ့က စတင် ပြုလုပ်တာဖြစ်ကြောင်း အမျိုးသားကျန်းမာရေးဌာန (NIH) ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။



Related Stories