HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရုပ်သံဖိုင်အဟောင်း အသုံးပြုပြီး BNRA တပ်ကို ပုံဖျက်တိုက်ခိုက်နေတဲ့ သတင်းအမှား

NUG နဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ကြား ပြဿနာဖြစ်ပွားနေစဉ် အချိန်ကိုက်ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ယင်းမာပင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရုပ်သံဖိုင်ဟောင်း အသုံးပြုပြီး အများပြည်သူ အထင်လွဲစေဖို့ သတင်းမှားတွေ လုပ်ကြံဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar | 12 Jan 2026 8:05 PM IST

ဒီရုပ်သံဖိုင်ကို NUG နဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ကြား တင်းမာမှုတွေ ဖြစ်ပေါ်ပြီး ဇန်နဝါရီ ၁၀ ရက်နေ့မှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ လက်နက်ကိုင် လူတစ်စုနဲ့ အခြားလူအချို့ ရုန်းရင်းဆန်ခတ် ဖြစ်နေတာတွေ ပါဝင်တဲ့ အချိန် ၂၁ မိနစ်ခန့်ကြာ ရုပ်သံဖိုင်တစ်ခုနဲ့အတူ 'BNRA ဗိုနဂါးလက်အောက်ခံ ရင်း(၃) ဗိုလ်မျက်လုံးမှ တိုက်နယ်တာဝန်ခံ ပကဖ ခေါင်းဆောင်အားခေါင်းရိုက်ခွဲ။ ဖြစ်စဉ်မှာ BNRA ဗိုလ်မျက်လုံး ထိမ်းချုပ်ထားသော ကျေးရွာနေပြည်သူများမှ တိုက်နယ် ပကဖ ခေါင်းဆောင်အား ကိစ္စတခုဖြေရှင်းပေးရန် အကူအညီတောင်းခံလာသဖြင့် တိုက်နယ် ပကဖ ခေါင်းအဆာင်မှ ဗိုလ်မျက်လုံးအား သတင်းပို့ အကြောင်းကြားပြီး သွားရောက်ခဲ့ရာ ရွာရောက်ကာမှ နယ်ကျော်လာပါတယ်ဟု ပြဿနာရှာပြီး ခေါင်းရိုက်ခွဲခြင်းဖြစ်သည်ဟု သတင်းရရှိထားပါသည်' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေထားတဲ့ ရုပ်သံဖိုင်ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လတ်တလော ဖြစ်ပွားနေတဲ့ NUG နဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ကြား လူထု အထင်အမြင် ပိုမိုလွဲမှားစေဖို့ ရုပ်သံဖိုင်အဟောင်းကို အသုံးပြုကာ အချိန်ကိုက် ပြန်လည်ဖြန့်ဝေထားတယ်ဆိုတာ တွေ့ရပါတယ်။

ဒီရုပ်သံဖိုင်နဲ့ ပတ်သက်ပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာလည်း 'လွန်ခဲ့တဲ့ ၁နှစ်ကျော်က ဒီဖြစ်စဥ်နဲ့ ပတ်သတ်တဲ့ video တဖန်ပြန်လည် ပြန့်နှံနေခြင်းကြောင့် ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်' ဆိုပြီး ပိုစ့်အဟောင်းကို ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းမှာ ပြန်လည်ဖြန့်ဝေပြီး ရှင်းလင်းထားပါတယ်။


BNRA ဖေစ့်ဘွတ်ပေချ့်မှာ ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

လတ်တလောမှာ NUG နဲ့ BNRA တို့ကြား စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေပြီး BNRA ကို တိုက်ခိုက်ဖို့ NUG က တပ်အင်အားတွေ ပြင်ဆင်စုစည်းနေတာကို သက်သေ အတိအကျ ရရှိထားပြီး တိုက်ပွဲဖြစ်ပွားလာပါက အဆုံးစွန်ထိ တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ဇန်နဝါရီလ ၈ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒါကို တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား တိုက်ခိုက်ဖို့ မူလည်းမရှိဘူး၊ ရည်ရွယ်ချက်ထဲမှာလည်း မရှိဘူး၊ ကျွန်တော်တို့ NUG က ညွှန်ကြားထားတာမျိုးလည်း မရှိပါဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ငြင်းဆိုတဲ့အကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ဇန်နဝါရီ ၉ ရက် မနက်မှာတော့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ BNRA ရဲ့ အခွန်ကောက်ဂိတ်စခန်း ၂ ခုကို NUG ရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတွေက ဝင်ရောက် စီးနင်းခဲ့ပြီး သေနတ် ၁၀ လက် သိမ်းဆည်းသွားတဲ့အပြင် ညပိုင်းမှာလည်း BNRA တပ်ရင်း ၃ ရဲ့ စခန်းကုန်းကို ခရိုင်တပ်ရင်းတွေက စက်လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Tags:

Related Stories