ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်မှာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၁ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လားရှိုး MNDAA ပြန်သိမ်းပြီ။ လူပါးဝနေတဲ့ စစ်တပ်ကို MNDA က ၁၈၀၀ ခန့် အရှင်ဖမ်း။ MNDAA ကို စိန်ခေါ်တဲ့ ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ဖမ်းဆီးခံရ။ PDF နဲ့ NUG ကို လွဲပြောင်းပေးမည်ဟု MNDAA ကြေညာ' လို့ ရေးသား ထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
လားရှိုးကို MNDAA တပ်တွေ ပြန်လည်သိမ်းပိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဟာ People's Spring သတင်းဌာနမှာ နိုဝင်ဘာ ၁၉ ရက်နေ့က ဖော်ပြထားတဲ့ 'နယ်ကျော်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မျက်နှာပျက်ရတဲ့ပွဲ' ဆိုတဲ့ ဆောင်းပါးကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဖော်ပြထားတဲ့ ဆောင်းပါးထဲမှာ စစ်ကောင်စီရဲ့ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့(ကစထ)မှုးဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး နဲ့ ရှမ်းမြောက်စစ်ရေး ဖြစ်စဉ်တွေကို ချတ်ဆက်ရေးသားထားတာဖြစ်ပါတယ်။
ဒီဆောင်းပါးထဲမှာ လားရှိုးကို MNDAA တပ်တွေ ပြန်လည်သိမ်းပိုက်တယ်ဆိုတဲ့ အကြောင်းအရာမပါသလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



