HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နယ်ပေါင်းစုံက PDF တပ်ဖွဲ့ဝင်တွေ လက်နက်အပ်နှံတယ်ဆိုတဲ့ သတင်းအမှား

PDF တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်တွေဆီမှာ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ လာရောက်အပ်နှံတယ်ဆိုပြီး လက်နက်ခဲယမ်းတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပုံကို သုံးကာ လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

By - Boom Live Myanmar | 8 Oct 2021 3:54 AM GMT

ဒီသတင်းကို "သီရိ" ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီခွဲခန့်မှာ "ချောင်းဦး PDF က လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများ လာရောက်အပ်နှံ" လို့ ရေးသားကာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ "မြစ်ကြီးနား၊ မြိတ်၊ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ PDF အပါအဝင် အမေရိကန်နိုင်ငံ နယူးယောက် PDF တွေ လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများ လာရောက်အပ်နှံ" လို့ ရေးသားဖြန့်ဝေနေတာပါ။

ရေးသားဖြန့်ဝေမှုတွေကို စစ်ကောင်စီထောက်ခံသူတွေနဲ့ ဖေစ့်ဘွတ်ဂရုတွေမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး နောက်ပြောင်ဖြန့်ဝေ နေတာတွေလည်း ရှိပါတယ်။


သတင်းထဲမှာ "PDF အကြမ်းဖက်အဖွဲ့က ၎င်းတို့အကြမ်းဖက်ရာ၌အသုံးပြုသည့် လက်လုပ်သေနတ်များနှင့် ဖောက်ခွဲပစ္စည်းများကို သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ထံသို့ လာရောက်အပ်နှံခဲ့ကြပြီး ၎င်းတို့အနေဖြင့်လည်း ဥပဒေကပေးမည့်အပြစ်ဒဏ်ကို ခံယူတော့မည် ဖြစ်ကြောင်း သိရသည်" ဆိုပြီး ရေးသားဖြန့်ဝေနေတာပါ။

ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီသတင်းနဲ့ ပါတ်သတ်ပြီး သတင်းဆန်းစစ်ကြည့်ရာမှာ ဖြန့်ဝေနေတဲ့ ပုံတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်း လူငယ်တွေ စစ်ရေးလေ့ကျင့်တဲ့ နေရာကို မေလ ၁၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးတဲ့ ဖြစ်စဉ်က ပုံတွေ ဖြစ်ပါတယ်။

ဖမ်းဆီးမှုကြောင့် လက်လုပ်တူမီးသေနတ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းခံလိုက်ရပေမယ့် လူငယ်တွေ လွတ်မြောက်ခဲ့တယ်လို့ Tachileik News Agency သတင်းဌာနမှာ မေလ ၁၃ ရက်က ဖော်ပြထားပါတယ်။


သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Related Stories