HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တာဝန်က အနားပေးတယ်ဆိုတဲ့ သတင်းအမှား

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယာယီသမ္မတ အမိန့်နဲ့ တာဝန်မှ အနားပေးကြောင်း မဇ္ဇျီမသတင်းဌာနမှာ ဖော်ပြထားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 24 Nov 2023 2:41 PM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MaMa TV I ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာလ ၂၀ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် မိနစ် ၃၀ ကျော်ကြာ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တာဝန်မှအနားပေးတဲ့ ထုတ်ပြန်ချက်ကို မဇ္ဇျီမသတင်းဌာနမှာတင်ထားပါတယ်’ လို့ ရေးသားထားပါတယ်။

ဗီဒီယို ကာဗာပုံပေါ်မှာတော့ မဇ္ဇျီမသတင်းဌာနရဲ့ သတင်းတစ်စိတ်တစ်ပိုင်းပုံနဲ့ အတူ ‘ယာယီသမ္မတ အမိန့်နဲ့ တပ်ချုပ်ကို တာဝန်မှ အနားပေးတဲ့ကိစ္စ’ လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ယာယီသမ္မတ အမိန့်နဲ့ တပ်ချုပ်ကို တာဝန်မှ အနားပေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ သတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

ဗီဒီယို ကာဗာပုံပေါ်မှာ ပြထားတဲ့ မဇ္ဇျီမသတင်းဌာနရဲ့ သတင်းအပြည့်အစုံက ‘စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တာဝန်မှအနားပေးကြောင်း ထုတ်ပြန်ချက်အတု’ ဆိုတဲ့ သတင်းကို ကြည့်ရှု့သူတွေ အထင်လွဲစေဖို့ ပုံဖျက်ပြီး ဖော်ပြထားတာ သာ ဖြစ်ပါတယ်။


မဇ္ဇျီမသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

Related Stories