HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မြဝတီစစ်ဆေးရေးဂိတ် KNU ဖောက်ခွဲကြောင်း စွပ်ဆွဲထားတဲ့ သတင်း

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားခြေရင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန စစ်ဆေးရေးဂိတ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဖြစ်စဉ်ကိုစုံစမ်းဆဲအဆင့်မှာသာရှိသေးပေမယ့် KNU အဖွဲ့ကဖောက်ခွဲတယ်လို့ စွပ်ဆွဲရေးသားထားတဲ့အကြောင်းအရာတွေပျံ့နှံ့လျက်ရှိပါတယ်။

By - Boom Live Myanmar | 27 April 2022 1:41 PM GMT

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားခြေရင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန စစ်ဆေးရေးဂိတ်မှာ ဧပြီ ၂၃ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်လို့ လက်ရှိအချိန်ထိ စစ်ကောင်စီဖက်က စုံစမ်းဖေါ်ထုတ်ထားခြင်းမရှိသလို ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာအတိအကျမသိသေးချိန်မှာ ယခုလိုရေးသားမှုပေါ်ထွက်လာတာဖြစ်ပါတယ်။

ဒီလိုရေးသား ဖြန့်ဝေရာမှာ အာရှလမ်းပေါ်မှာရှိတဲ့ ထိုင်းကုမ္ပဏီကို ဆက်ကြေးမတောင်းဖို့ ထိုင်းအစိုးရက ခေါ်ယူသတိပေးခဲ့မှုကို KNU က မကျေနပ်တဲ့အတွက် မြဝတီတံတားကို မိုင်းခွဲခဲ့တာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ပေါက်ကွဲမှုနဲ့ ပါတ်သတ်ပြီး ဧပြီ ၂၄ ရက်နေ့အထိ စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသလို အခြား မည်သည့် အဖွဲ့ထံကမျှလည်းအတည်ပြုထုတ်ပြန်ထားတာ မရှိသေးကြောင်း Myanmar Now သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဒီပေါက်ကွဲမှုမှာ အိမ်စီးကားသုံးပြီးတိုက်ခိုက်ခဲ့တယ်လို့ယုံကြည်ကြောင်း အမည်မဖေါ်လိုသူမြို့ခံတစ်ဦးကိုကိုးကားပြီးမြန်မာနောင်းသတင်းက ဖေါ်ပြထားသလို အဲ့ဒီသတင်းထဲမှာလည်း ဘယ်အဖွဲ့ကတိုက်ခိုက်တယ်ဆိုတဲ့အချက်အလက်မျိူးမပါဝင်ပါဘူး

မြန်မာနိုင်ငံတောင်ပိုင်း၊ ထိုင်းနယ်စပ်ရှိ အဆိုပါနေရာတွင် ထိုနေ့ ည ၁၁ နာရီက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှာ အိမ်စီးကားသုံး၍ စစ်ကောင်စီပစ်မှတ်ကို တိုက်ခိုက်မှုဟု ယုံကြည်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့ခံတစ်ဦးနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြန်မာနောင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

ဒါ့အပြင် ချစ်ကြည်ရေးတံတား ပေါက်ကွဲမှုနဲ့ ပတ်သတ်ပြီး ဧပြီလ ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာ ရေးသားဖော်ပြခဲ့တဲ့ ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပိုစ့် သတင်းဌာနရဲ့ သတင်းမှာလည်း ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ်ဆိုတာကိုဖော်နိုင်ခြင်းမရှိသေးပါဘူး


သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories