HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဘဏ်တွေထဲက ငွေတွေအမြန်ထုတ်ခိုင်းနေတဲ့ အချက်အလက်အမှား

KBZ၊ CB နဲ့ AYA ဘဏ်တွေဆီမှာ ငွေအပ်ထားသူတွေ အမြန်ထုတ်ကြပါဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတာတွေရှိနေပါတယ်။

By - Boom Live Myanmar | 29 Oct 2022 1:06 PM GMT

ဒီသတင်းကို General Knowledge ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က အောက်တိုဘာလ ၂၀ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး အခြားဖေစ့်ဘွတ်ဂရုတွေနဲ့ ပေချ့်တွေမှာလည်း အများအပြား ဖြန့်ဝေနေတာ ရှိပါတယ်။ဖြန့်ဝေရာမှာ 'KBZ၊ CB နဲ့ AYA ဘဏ်တွေထဲမှာ ငွေအပ်နှံထားသူတွေ အမြန်ထုတ်ကြဖို့ အရေးကြီး သတိပေးတယ်' လို့ ရေးသား ဖြန့်ဝေနေတာပါ။

ပိုစ့်အောက်က ပထမဆုံးမှတ်ချက်မှာတော့ တခြားဘလော့တစ်ခုရဲ့ လင့်ကိုပေးထားပြီး အဆိုပါလင့်ကို ဝင်ကြည့်ရင် 'မှတ်ပုံတင်နံပါတ် တစ်ခုထက်ပိုကိုင်ဆောင်ထားသူများ၏ဘဏ်စာရင်းများပယ် ဖျက်ခံရမည်ဟုဆို' လို့ ရေးထားတဲ့ သတင်းဌာတွေက သတင်းကို ဖော်ပြထားတာ တွေ့ရပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေထားတဲ့ ပိုစ့်အောက်က လင့်မှာဖော်ပြထားတဲ့ သတင်းဟာ သတင်းဌာနတွေက သတင်းကို ပြန်လည်ကူးယူဖော်ပြထားတာ ဖြစ်လို့ အမှန်ဖြစ်တယ်ဆိုပေမယ့် စတင်ဖြန့်ဝေမှုမှာ ရေးသားထားသလို KBZ၊ CB နဲ့ AYA ဘဏ်တွေထဲမှာ ငွေအပ်နှံထားသူတွေ အမြန်ထုတ်ကြပါဆိုတဲ့အချက်ဟာ အများပြည်သူကို အထင်လွဲစေတဲ့ ရေးသားချက်ပဲ ဖြစ်ပါတယ်။

သတင်းတွေမှာ စစ်ကောင်စီအနေနဲ့ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွ က် ကြိုတင်ပြင်ဆင်မှုအဖြစ် လူဦးရေ၊ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်ကတ်ပြား စစ်ဆေးခြင်းတွေကို software နဲ့ Database ပြုလုပ် ထိမ်းသိမ်းဖို့ လုပ်ဆောင်နေကြောင်း၊ အဲ့အတွက် မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းတွေကို တစ်ခုထက်ပိုမကိုင်ဖို့ စစ်ကောင်စစ်ထုတ်ပြန်ထားကြောင်း၊ နိုဝင်ဘာလ (၁) ရက်မှ စတင်ကာ အပိုကိုင်‌ ဆောင်ထားတဲ့ မှတ်ပုံတင်နံပါတ်နဲ့ သန်းခေါင်စာရင်းတွေကို ပယ်ဖျက်သွားမှာ ဖြစ်ကြောင်းနဲ့ ပယ်ဖျက်ခံတဲ့ မှတ်ပုံတင်နံပါတ်နဲ့ ဖွင့်လှစ်ထားတဲ့ ဘဏ်အကောင့်တွေကိုလည်း ပယ်ဖျက်သွားမှာ ဖြစ်ကြောင်း ရေးသားထားတာပါ။

သတင်းဌာနတွေရဲ့ ဖော်ပြချက်ထဲမှာ ခုဖြန့်ဝေနေတဲ့ ဘဏ်သုံးခုအကြောင်းပါဝင်ခြင်း မရှိသလို ဘဏ်တွေက ငွေတွေ အမြန်ပြန်ထုတ်ဖို့ ပြောဆိုထားတာလည်း မရှိပါဘူး။ပယ်ဖျက်ခံရတဲ့ မှတ်ပုံတင်နဲ့ ဖွင့်လှစ်ထားတဲ့ ဘဏ်အကောင့်တွေကို ဘယ်ဘဏ်မှာပဲ ဖွင့်ထားဖွင့်ထား ပိတ်သိမ်းသွားမယ်လို့ ဆိုလိုတာပါ။


အခုရေးသား ဖြန့်ဝေနေတတွေဟာ အများပြည်သူ အထိတ်တလန့်ဖြစ်စေဖို့ ရည်ရွယ်ရေးသားဖြန့်ဝေနေတာတွေ ဖြစ်ပါတယ်။

သတင်းဌာနတွေမှာ ဖြန့်ဝေထားတဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories