ဒီအကြောင်းအရာကို Mandalay Khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၃၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်ဖြစ်မလား ငြိမ်းချမ်းရေးယူမလား။ အာဆီယံနဲ့ ပြသာနာ တက်နေပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရန် အာဆီယံ ဝန်ကြီးတွေ ရောက်နေ။ ဗိုလ်ချုပ် ဇော်မင်းထွန်း အပြင်း အထန် ကန့်ကွက်။ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးရင် နိုင်ငံတကာ တပ်များ ဝင်မည်' လို့ ရေးသား ထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲက လွှတ်မပေးပါက နိုင်ငံတကာတပ်တွေ ဝင်မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Khit Thit Media သတင်းဌာနမှာ အောက်တိုဘာ ၃၀ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ရည်ညွှန်း၍ ထောင်ကျနေသော ရာဇဝတ်သားများနှင့် အာဆီယံ အထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်မပေးနိုင်၊ အာဆီယံအစည်းအဝေးသို့ မင်းအောင်လှိုင်ကို တက်ခွင့် ဆက်ပိတ်ပင်မှုအပေါ် ဇော်မင်းထွန်း ဒေါသတကြီးတုံ့ပြန်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါ တယ်။
ဒီသတင်းထဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ရည် ညွှန်းပြီး ထောင်ကျနေတဲ့ ရာဇဝတ်သားတွေနဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်မပေးနိုင်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုကြောင်း၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာရန်ပျက်ကွက်မှုဖြင့် အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် နိုင်ငံရေးရာထူး ရယူထားသူတွေကို တက်ခွင့် ဆက်လက် ပိတ်ပင်မှုအပေါ် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုလိုက်တာဖြစ်ကြောင်း၊ စစ်ခေါင်းဆောင် အနေနဲ့ ၂၀၂၁ ခုနှစ် အာဆီယံ ခေါင်းဆောင်များနှင့်တွေ့ဆုံရာမှာ မြန်မာနိုင်ငံအခြေအနေကို သွားရောက် ရှင်းပြခဲ့ကြောင်း၊ ဘုံသဘောတူညီချက် ၅ ချက်ဆိုသည်မှာ အစည်းအဝေးပြီးမှ ထွက်လာတာ ဖြစ်ကြောင်း၊ သို့ပေမယ့် စစ်တပ်အနေနဲ့ အာဆီယံဘုံသဘော တူညီချက် ၅ ချက်ကို တတ်နိုင်သမျှ လိုက်နာခဲ့ကြောင်း၊ ထောင်ကျနေတဲ့ ရာဇဝတ်သားတွေနဲ့ အာဆီယံ အထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်မပေးနိုင်ကြောင်း ပြောဆိုတယ်ဆိုပြီး ရေးသားထားပါတယ်။
ဒီသတင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အာဆီယံ ဝန်ကြီးတွေ ရောက်ရှိနေပြီး ထောင်က လွှတ်မပေးပါက နိုင်ငံတကာ တပ်တွေ ဝင်ရောက်မယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။




 
                               
                               
                               
                               
                              