HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကင်းလိပ်ချောတမျိုးကို နဂါးဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

ကင်းလိပ်ချော အမျိုးအစားတစ်မျိုးကို နဂါးပေါက်လေးဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 13 March 2023 1:53 PM GMT

ဒီအကြောင်းအရာကို Bubble ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၁၉ ရက်နေ့က စတင်ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေ အများအပြားရှိနေပါတယ်။

ဖြန့်ဝေမှုအများစုက နောက်ပြောင်ဖြန့်ဝေနေခြင်းသာ ဖြစ်ပေမယ့် အမှန်တကယ်ယုံကြည်နေသူတွေလည်း ရှိလာတဲ့အတွက် BOOM က သတင်းဆန်းစစ်ထားပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် စက္ကန့် ၂၀ ခန့်သာကြာမြင့်တဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘နဂါးပေါက်’ လို့ ရေးသားဖြန့်ဝေထားတာပါ။

ကင်းလိပ်ချောနဲ့ ပုံစံတူတဲ့ သတ္တဝါငယ်တစ်ကောင်ကို ရိုက်ယူထားတဲ့ ဗွီဒီယိုထဲမှာ နဂါးပုံစံအရုပ်တစ်ခုကို တည်းဖြတ်ပြုပြင် ထည့်သွင်းထားပြီး 'နဂါးပေါက်လေးပါ။ ဒဂုံအရှေ့မှာ တွေ့တာပါ။ ခြေထောက်လေး ၄ ချောင်းနဲ့' လို့ ပြောဆိုထားတာဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေနေတာတွေဟာ နောက်ပြောင်ဖို့အတွက်ဖြစ်စေ၊ ဖေစ့်ဘွတ်ပေချ့် Like တွေ များများလိုချင်လို့ဖြစ်စေ၊ အလှူခံဖို့အတွက်ဖြစ်စေ အသုံးပြုဘို့ တမင်လိမ်လည် ထားတဲ့ ဗွီဒီယိုပဲ ဖြစ်ပါတယ်။

ဗွီဒီယိုထဲက ကင်းလိပ်ချောနဲ့ တူတဲ့ သတ္တဝါမျိုးကို မြန်မာနိုင်ငံမျိုးရင်း တိရစ္ဆာန်များ ဗဟုသုတမျှဝေခြင်းနှင့် အမျိုးအစားခွဲခြားခြင်းတွေ လုပ်ဆောင်နေတဲ့ ဖေစ့်ဘွတ်ဂရုဖြစ်တဲ့ Wildlife of Myanmar မှာ ပိုစ့်တင်မေးမြန်းမှုအများအပြား ရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီဂရုက ပညာရှင်တွေ ပြန်လည်ဖြေကြားထားတာက အဆိပ်မရှိတဲ့ ကင်းလိပ်ချောတမျိုး (Supple Skink) ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။


တခြား သားငှက် တိရစ္ဆာန်တွေနဲ့ ပတ်သတ်ပြီး သိရှိလိုပါက မြန်မာနိုင်ငံ မျိုးရင်း တိရစ္ဆာန်တွေအကြောင်း ဗဟုသုတမျှဝေခြင်းနဲ့ အမျိုးအစားခွဲခြားခြင်းတွေ လုပ်ပေးနေတဲ့ Wildlife of Myanmar (M.S.I) ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ အဖွဲ့ဝင်ပြီး ကိုသိချင်တာကို ပုံနဲ့တကွ မေးမြန်းနိုင်ပါတယ်။

ဒီဖေစ့်ဘွတ်ဂရုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


Related Stories