HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရုရှားကထုတ်မယ့် ကိုဗစ်ကာကွယ်ဆေး အသင့်ဖြစ်ပြီလား

ကိုဗစ် ကာကွယ်ဆေးတွေ ကုသဆေးတွေနဲ့ ပါတ်သတ်ပြီး သတင်းတု သတင်းမှားတွေအပြင် အများနားလည်မှုလွဲမှားနိုင်တဲ့ သတင်းအချက်အလက် ဖြန့်ဝေမှုတွေအများကြီးထွက်ပေါ်နေတဲ့အထဲ ဒီရက်ပိုင်းထဲမှာပဲ ရုရှနိုင်ငံထုတ် “Sputnik V” ဆေး ပြည်ပကို စတင်ပို့နေပြီဆိုတဲ့ရေးသားမှုတစ်ခုလည်းပျံ့နံှ့ခဲ့ပါတယ်။

By - Boom Live Myanmar | 28 Sep 2020 5:14 PM GMT

City News ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ရေးသားဖော်ပြထားတဲ့ ဒီသတင်းကို ဝေမျှမှုအများအပြားမှာ တစ်ကမ္ဘာလုံးကို ကုသလို့ရတဲ့အဆင့်အနေနဲ့ ယုံမှတ်မှားပြီးဝေမျှသူတွေရှိသလို Page တွေနဲ့အကောင့်တွေမှာလည်း ထပ်ဆင့်ဝေမျှမှုတွေရှိနေပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

ရေးသားဖြန့်ဝေရာမှာ " ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး "Sputnik V" ပြည်ပသို့ စတင်ပို့ပြီ" လို့ ခေါင်းစဉ်တပ်ကာ အောက်မှာ ရေးသားထားတာက "ရုရှားဟာ ၎င်းရဲ့ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး Sputnik V ပထမအသုတ်ကို သူ့နိုင်ငံရဲ့ ဒေသ ၈၅ ခုလုံးကို ဖြန့်ကြက်ပေးပို့လိုက်ပြီး တတိယအဆင့်နဲ့နောက်ဆုံးအဆင့်စမ်းသပ်မှုကို ရုရှားနိုင်ငံသား ၄၀၀၀၀ နဲ့စတင်ခဲ့ပါတယ် အခုအခါမှာ နိုင်ငံသား ၃၅၀၀၀ ထိ ကာကွယ်ဆေးထိုးပြီးသွားပြီး ရလဒ်ကောင်းမွန်နေတယ်လို့ဆိုပါတယ်.. ပထမဆုံး စမ်းသပ်ခဲ့သူ ၇၆ ဦးမှာပင် ဆေးအာနိသင်ဟာ ၁၀၀% အစွမ်းပြခဲ့ပြီး COVID-19 ကိုတွန်းလှန်နိုင်တဲ့ antibody ကိုလုံလောက်စွာ ထုတ်ပေးနိုင်တာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်..Sputnik V ဟာ ထိုးဆေး ၂ ကြိမ်ထိုးရမည့် ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး COVID-19 ပျောက်ကင်းစေတဲ့ဆေးမဟုတ်တဲ့ ကာကွယ်ဆေးသီးသန့်ဖြစ်ပါတယ်။

သတင်းဆန်းစစ်ချက်

သတင်းဖြန့်ဝေမှုမှာ ခေါင်းစဉ်မှာ "ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး "Sputnik V" ပြည်ပသို့ စတင်ပို့ပြီ" ဆိုပြီးရေးသားထားတဲ့အချက်ဟာ နိုင်ငံတကာကို ကုသဖို့ပေးဖို့တဲ့ သဘောမျိူးထင်မှတ်နိုင်သလို ဒီအချက်နဲ့ ပတ်သတ်ပြီး BOOM က သတင်းဆန်းစစ်မှုတွေပြဲလုပ်ထားပါတယ်။

ရုရှားနိုင်ငံအခြေစိုက် Republic world သတင်းဌာနက စက်တင်ဘာလ ၉ ရက်နေ့မှာ ဖော်ပြထားတဲ့ သတင်းအရ ရုရှနိုင်ငံက ပြည်ပပို့လိုက်တယ်ဆိုတဲ့ နိုင်ငံတွေကတော့ အောက်ဖော်ပြပါပုံမှာပါဝင်တဲ့ နိုင်ငံလေးနိုင်ငံဖြစ်ပြီး ဒါက ကာကွယ်ဆေးရဲ့ အဆင့် -၃ စမ်းသပ်မှုကို ပူးပေါင်းပါဝင်မယ့် နိုင်ငံတွေကိုရည်ညွှန်းတာဖြစ်ပါတယ်။ စမ်းသပ်မှုအခြေအနေကိုလည်း ခုချိန်သိရှိရမှာ မဟုတ်ပဲ လာမယ့်အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာမှ ထုတ်ပြန်နိုင်မယ်လို့ ပြောထားတာပါ။


ပုံမှာရေးထားတာက ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (RDIF) အကြီးအကဲ Kirill Dmitriev က ကာကွယ်ဆေးရဲ့ အဆင့် - ၃ စမ်းသပ်မှုကို ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ဖိလစ်ပိုင်၊ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတွေမှာ စတင်ပြုလုပ်သွားမှာ ဖြစ်ပြီး ရရှိတဲ့ အချက်အလက်တွေကို အောက်တိုဘာလ ဒါမှမဟုတ် နိုဝင်ဘာလ လောက်မှာ ထုတ်ပြန်သွားမယ်လို့ ပြောထားတာ ဖြစ်ပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

ရုရှားက ဒီဆေးနဲ့ ပါတ်သတ်လို့ ကာကွယ်ဆေးအောင်မြင်ပြီလို့ သြဂုတလ ၁၁ ရက်နေ့က ကြေငြာခဲ့ပေမယ့် ဒါက ပထမ အဆင့် ၁ နဲ့ ၂ ကိုသာ စမ်းသပ်ရသေးတာဖြစ်ပြီး နောက်ဆုံးအဆင့်ဖြစ်တဲ့ အဆင့်သုံး စမ်းသပ်ဖို့လိုနေပါသေးတယ်။ ရုရှားက ဒီဆေးကို ကြိုတင်မှတ်ပုံတင်ထားခြင်းသာဖြစ်ပါတယ်။ ဒါဟာ ဆေးထုတ်လုပ်မှုအဆင့်ပြီးမြောက်လို့နိုင်ငံတကာကို ကုသဖို့ ဖြန့်ဝေတဲ့သဘောမဟုတ်ပါဘူး နောက်ဆုံးအဆင့်စမ်းသပ်မှုတွေကတော့ ပြုလုပ်ဆဲအဆင့်သာ ရှိသေးကြောင်း သိရပါတယ်။

ဒီဆေးနဲ့ ပါတ်သတ်ပြီး နောက်ဆုံးရ သတင်းအချက်အလက်တွေကို သိချင်ပါက တရားဝင်ဝက်ဘ်ဆိုက်ဖြစ်တဲ့ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

businessinsider သတင်းဌာနမှာ စက်တင်ဘာလ ၂၃ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းအရ COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ကမ္ဘာတဝှမ်းက နောက်ဆုံးသတင်းများအရ အဆင့် ၃ အဖြစ် နောက်ဆုံးစမ်းသပ်မှုပြုလုပ်နေတဲ့ ဆေး ၉ မျိုးရှိတယ်လို့ ဆိုထားပါတယ်။


ဒီဆိုလိုရင်းက ဒီဆေးတွေကို ကာကွယ်ဆေးအဖြစ် ပြောလို့မရသေးပဲ စမ်းသပ်မှုအဖြေအောင်မြင်တယ် မအောင်မြင်ဘူးဆိုတာကို ဆက်လက်စောင့်ကြည့်ဖို့ လိုဦးမှာ ဖြစ်ပါတယ်။ သတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

ပိုစ့်အောက်မှာ ပေးထားတဲ့ မှတ်ချက်တွေထဲက ရုရှနိုင်ငံက ကိုဗစ်ကာကွယ်ဆေးအဖြစ် အကြိုမှတ်ပုံတင်ထားတဲ့ "Sputnik V" ဆိုတဲ့ဆေးလည်း ဒီနောက်ဆုံးအဆင့် စမ်းသပ်နေတဲ့ ကိုးခုစာရင်းမှာ ပါဝင်ပါတယ်။

Related Stories