HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ပတ်စပို့သက်တမ်းတိုးပေးခြင်း ပိတ်ပင်မယ်ဆိုတဲ့ သတင်းအမှား

ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ် ပတ်စပို့သက်တမ်းတိုးပေးတာတွေ ပိတ်ပင်တော့မယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှား ဖြစ်ပါတယ်။

By - Boom Live Myanmar | 6 July 2022 5:25 PM GMT

ဒီအကြောင်းအရာကို Thorn Nay Soe ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ အများအပြားလည်း ရှိနေပါတယ်။

မူရင်းရေးသားမှုမှာ "စစ်ကောင်စီအနေနဲ့ ပြည်ပရောက်မြန်မာတွေရဲ့ နိုင်ငံကူးလက်မှတ် ပတ်စပို့သက်တမ်းတိုးပေးခြင်းကို ပိတ်ပင်တော့မှာဖြစ်ကြောင်း၊ Diplomatic Passport (DP) နဲ့ Official Passport (PO) နှစ်မျိုးမှအပ ကျန်နိုင်ငံကူးလက်မှတ်တွေအားလုံး သက်တမ်းတိုးလိုပါက မြန်မာနိုင်ငံအတွင်း ပြန်တိုးရန် လိုအပ်တော့မည်ဖြစ်ကြောင်းနဲ့ ကန့်သတ်ပိတ်ပင်လိုက်တဲ့အတွက် ယခင်ကလို ရောက်ရှိရာနိုင်ငံက မြန်မာသံရုံးမှာ အလွယ်တကူ ပတ်စပို့သက်တမ်းတိုးလို့ မရတော့ပဲ မြန်မာပြည်သို့ မဖြစ်မနေ ပြန်တိုးရတော့မှာ ဖြစ်ကြောင်း" စတာရေးသားထားပေမယ့် ဘယ်ကသိရတယ်ဆိုတဲ့ သတင်းအရင်းအမြစ်အတိအကျ မပါဝင်သလို ထုတ်ပြန်ကြေငြာချက်တစုံတရာကိုလည်း ကိုးကား အတည်ပြုထားတာမျိုး မပါဝင်ပါဘူး။

ဒီသတင်းအမှားကို ပြန်လည်ကူးယူဖြန့်ဝေနေတဲ့ တချို့ဖြန့်ဝေမှုတွေမှာတော့ "သတင်းမှန် ဖြစ်ကြောင်းနဲ့ အမေရိကန် မြန်မာသံရုံးကို အခုပဲ ဖုန်းဆက်မေးပြီးကြောင်း" ကို ထပ်ပေါင်းရေးသားကာ ဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မြန်မာအများစု ရောက်ရှိနေထိုင်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးရဲ့ တရားဝင်ဖေစ့်ဘွတ် စာမျက်နှာမှာ ဇူလိုင်လ ၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားရာမှာ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှာ သက်တမ်းတိုး လုပ်ငန်းတွေကို သံရုံးမှာ ပုံမှန်အတိုင်း လက်ခံဆောင်ရွက်ပေးနေကြောင်းနဲ့ သံရုံးမှာ ကြိုတင်ရက်ချိန်းယူထားပါက နေ့ချင်းပြီး ဆောင်ရွက်ပေးနေတယ်လို့ ပြန်လည်ဖြေရှင်းထားပါတယ်။


Myanmar Embassy Bangkok မှာ ဖော်ပြထားတဲ့ ကြေညာချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

ဝါရှင်တန်ဒီစီမှာ ရှိတဲ့ မြန်မာသံရုံးရဲ့ ဝက်ဘ်ဆိုက်နဲ့ လူမှုစာမျက်နှာတွေမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးခြင်းအကြောင်း လတ်တလောအခြေအနေနဲ့ ပတ်သတ်ပြီး ဘာမှကြေညာထားခြင်း မရှိတာကို တွေ့ရပါတယ်။

ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့ နိုင်ပါတယ်။

Related Stories