HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

Betadine သုံးပြီး COVID-19 ရောဂါပိုးကူးစက်မှုကို မကာကွယ်နိုင်ပါ

ခံတွင်းဆေးရည် ဘီတာဒိုင်းမှာ ပါဝင်တဲ့ ပိုးသတ်အာနိသင်က COVID-19 ရောဂါပိုးကူးစက်မှုကို ကာကွယ်နိုင်သယောင် ထင်ယောက်ထင်မှားဖြစ်စေနိုင်တဲ့ ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 16 Aug 2021 11:07 AM GMT

ခံတွင်းဆေးရည် (Mouthwash)နဲ့ ပလုပ်ကျင်းခြင်း၊ ပါးစပ်ထဲ spray ဖြန်းခြင်းတွေက ကိုဗစ်ရောဂါကူးစက်မှုနှုန်း လျော့ကျစေကြောင်းနဲ့ ကိုဗစ်ရောဂါပိုးကို သေစေနိုင်သယောင် ရေးသားဖြန့်ဝေနေမှုတွေ ရှိလာပါတယ်။

ဖြန့်ဝေရာမှာ "စင်ကာပူမှာ သွားဆေးခန်းတွေမှာ betadine အရည် ကို တစ်မိနစ် ငုံခိုင်းပြီးမှ ကုသမှုတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း၊ စင်ကာပူမှာ လာမယ့်လက စတင်ကာ Betadine ဆေးရည် တစ်ယောက်ကို တစ်ဘူးပေးမှာ ဖြစ်ကြောင်း၊ ပါးစပ်ထဲ spray ဖြန်းခြင်းဖြစ် ကူးစက်နှုန်းလျော့ကျစေကြောင်း၊ ကိုဗစ်က ဗီဇပြောင်းလည်းမှုတွေ ရှိနေတဲ့အတွက် မြန်မာနိုင်ငံမှာလည်း အိမ်တိုင်းဆောင်ပြီးသုံးကြဘို့ ဆရာဝန်က တိုက်တွန်းကြောင်း" တွေ ရေးသားဖြန့်ဝေနေတာပါ။

ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ခံတွင်းဆေးရည်နဲ့ အာလုပ်ကျင်းတာဟာ COVID-19 ရောဂါပိုးကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထား မရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ပြီးခဲ့တဲ့ ယမန်နှစ် ဖေါ်ဝါရီလအတွင်းကတည်းက ကြေငြာထားပြီးသားဖြစ်ပါတယ်။ အောက်ပါ ပုံကို ကြည့်ပါ။ ဒီနေရာ မှာ မူရင်းကြေငြာချက်ကို ဖတ်ရှု့နိုင်ပါတယ်။


Betadine ကလည်း သူ့ရဲ့ဝဘ်ဆိုက်မှာ ဒီဗိုင်းရပ်စ်နဲ့ ပါတ်သတ်ပြီး သူ့ဆေးရည်ဟာ ကာကွယ်နိုင်လား ဆိုတာကို သုံးစွဲသူတွေသိရှိဖို့ တရားဝင်ဖော်ပြပေးထားပါတယ်။ အောက်ပါပုံကို ကြည့်ပါ။


Betadine ပိုးသတ်ဆေးရည်ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ကုသရာမှာသုံးဖို့ ခွင့်ပြုမထားကြောင်း၊ အာလုပ်ကျင်းရာမှာလည်း လည်ချောင်းနာတာတွေကို ယာယီသက်သာဘို့ အတွက်သာ သုံးသင့်ကြောင်း ရေးသားဖော်ပြ ထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Related Stories