HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဝါကန်ဒါဘုရင်ကြီးက စစ်တပ်ကို ထောက်ခံသတဲ့လား

မြန်မာ့တပ်မတော်နဲ့ အတူရပ်တည်မယ်လို့ ဝါကန်ဒါနိုင်ငံဘုရင်ကြီး မိန့်ကြားတယ်ဆိုတဲ့အကြောင်းအရာတွေ လူမှုကွန်ရက်အကောင့်တွေမှာ အမြောက်အများပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 11 Oct 2021 4:10 PM GMT

ဒီဖြန့်ဝေမှုကို အောက်တိုဘာလ ၇ ရက်နေ့ နေ့လည် ၁၂ ခွဲဝန်းကျင်က တပ်မတော်ထောက်ခံတဲ့ လူမှုမီဒီယာ ပေချ့်တွေမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဆက်လက်ဖြန့်ဝေနေဆဲလည်း ဖြစ်ပါတယ်။

ဖြန်ဝေရာမှာ "မြန်မာ့တပ်မတော်နဲ့ အတူရပ်တည်မယ်လို့ ဝါကန်ဒါဘုရင်ကြီး မိန့်ကြားကြောင်း၊ October 9 ရက်နေ့က နိုင်ဂျီရီးယားနိုင်ငံ လားဂိုစ့်မြို့မှာကျင်းပခဲ့တဲ့ UN ထိပ်သီးအစည်းဝေးပွဲမှာ ဝါကန်ဒါနိုင်ငံရဲ့ ဘုရင်ကြီး တီချာက ပြောကြားခဲ့တာဖြစ်ကြောင်းနဲ့ မြန်မာ့တပ်မတော်ဟာ ခေတ်အဆက်ဆက် မြန်မာပြည်ကို ချောက်ထဲမကျအောင် ကယ်တင်ပေးခဲ့ပြီး အမျိုးဘာသာ သာသနာကိုလည်း ထိန်းသိမ်းစောင့်ရှောက်နေတဲ့ အဖွဲ့စည်းဖြစ်ကြောင်း" လုပ်ကြံရေးသားထားပြီး ဝါကန်ဒါဘုရင်ကြီးလို့ စာတမ်းထိုးထားတဲ့ သူတစ်ဦးပုံလည်း ပါဝင်ပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

ရုပ်ရှင်ဇာတ်လမ်းတွေ ကြည့်ရှု့တတ်သူတွေအဘို့ ပိုစ့်ထဲက ပုံနဲ့ ရေးသားထားတဲ့ စာကို မြင်လိုက်တာနဲ့ ဒါဟာနောက်ပြောင် ရေးသားထားတယ်ဆိုတာ သိနိုင်ပေမယ့် သတင်းအမှန်ထင်နေသူအချို့လည်း ရှိနေပါတယ်။ ပိုစ့်အောက်က မှတ်ချက်အချို့ကို အောက်မှာ ကြည့်ရှု့နိုင်ပါတယ်။


သတင်းဆန်းစစ်ချက်

တကယ်တော့ ဝါကန်ဒါနိုင်ငံဆိတာဟာ Marvel Comics ရုပ်ပြဇာတ်လမ်းတွေထဲက  စိတ်ကူးယဉ်နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ ဝါကန်ဒါကို ၁၉၆၆ ခုနှစ် ဇူလိုင်မှာ ထုတ်ခဲ့တဲ့ Fantastic Four စာအုပ်မှာ ပထမဆုံး ဖော်ပြခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ Marvel ကထုတ်တဲ့ ရုပ်ပြစာအုပ်တွေနဲ့ အခြား ရုပ်ရှင်ဇာတ်လမ်းတွေမှာပါ ဝါကန်ဒါဆိုတဲ့ စိတ်ကူးယဉ်နိုင်ငံကို ထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ အသုံးပြုထားတဲ့ပုံမှ နောက်ပြောင် ရေးသားထားတဲ့ "King T'Chaka of Wakanda said Wakanda will stand with Myanmar military" ဆိုတာရဲ့ မူလစာကို အောက်ပါပုံမှာ ကြည့်နိုင်ပါတယ်။ မူရင်းပုံကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်ပေချ့်တွေ၊ ဂရုတွေမှာ အများအပြား ဖြန့်ဝေနေတဲ့ ဒီအကြောင်းအရာကို အမှန်ထင်နေသူတွေရှိပြီး ဒီလိုအကြောင်းအရာဟာ စစ်တပ်ကိုထောက်ခံတဲ့အကောင့်တွေကို လှောင်ပြောင်ဖို့ ထောင်ခြောက်ဆင်ဖန်တီးထားတဲ့အကြောင်းအရာသာဖြစ်ပါတယ်။

Related Stories