HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မကွေးတိုင်းက ကျားပြသနာနဲ့ တွဲဖက်ဖြန့်ဝေတဲ့ ဓါတ်ပုံအမှား

မကွေးတိုင်းမှာဖြစ်ခဲ့တဲ့ ကျားဆွဲတဲ့ဖြစ်စဉ်ကိုအခြေခံကာ တခြားနိုင်ငံက ကျားပုံကိုအသုံးပြုပြီးဖြန့်ဝေတဲ့ သတင်းအမှားတချို့ကို လူမှုကွန်ရက်ပေါ်ဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

By - Boom Live Myanmar | 15 Sep 2021 1:17 PM GMT

ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာအနီးမှာ အသက် ၅၀ အရွယ် အမျိုးသားတဦး ကျားကိုက်ခံလိုက်ရတဲ့ ဖြစ်စဉ်ပြီးနောက်ပိုင်း ယင်းဖြစ်စဉ်ကိုအခြေခံကာ သတင်းအမှားဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

ယခုဖြန့်ဝေမှုထဲမှာ ကျားတစ်ကောင် လမ်းဖြတ်ကူးနေတဲ့ ပုံကိုအသုံးပြုကာ မကွေးတိုင်းထဲမှာ သောင်းကြမ်းနေတဲ့ကျားအဖြစ် ပုံဖေါ်ရေးသားတဲ့အကြောင်းအရာတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက် နေ့လယ်ပိုင်းမှာ ကျောင်းကုန်းကြီး ကျေးရွာအနီး နွားကျောင်းနေတဲ့ နွားကျောင်းသားတဦး ကျားတကောင်ကို မြင်တွေ့ပြီး အခြားရွာသား ၇ ဦးခန့်နဲ့အတူ အဆိုပါ ကျားကို လိုက်လံ ကြည့်ရှုရာက
ဦးစန်းဝင်းဆိုသူ ကျားကိုက်ခံရတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပြီး ဒီဖြစ်စဉ်အပေါ် ဧရာဝတီသတင်းဌာနက သတင်းရေးသားခဲ့ဖူးပါတယ်

သတင်းဆန်းစစ်ချက်

တကယ်တော့ မကွေးတိုင်းမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကကျားပုံဟာ ာခုပို့စ်မှာပါဝင်တဲ့ကျားပုံမဟုတ်ပါဘူး။ အခုဖြန့်ဝေနေတဲ့ ပုံထဲက ကျားပုံက ၂၀၁၈ ခုနှစ်ကတည်းက လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့ သတင်းမှားဖြစ်ပြီး အိန္ဒိယအခြေစိုက် သတင်းမီဒီယာတွေမှာလည်း သတင်းဆန်းစစ်ထားကြပါတယ်။

အောက်ပါပုံမှာ ၂၀၁၈ ခုနှစ် မတ်လအတွင်းက DH DECCAN HERALD သတင်းဌာနက သတင်းဆန်းစစ်ထားချက်ဖြစ်ပါတယ်။


ဒီသတင်းကိုပဲ ၂၀၂၀ ခုနှစ်က သြဂုတ်လအတွင်းမှာပဲ The Logical Indian ဆိုတဲ့ သတင်းဌာနကလည်း နောက်တစ်ကြိမ် ထပ်မံ သတင်းဆန်းစစ်ထားပါသေးတယ်။

သတင်းဆန်းစစ်ချက်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က ကျားကိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ပါတ်သတ်ပြီး ဧရာဝတီသတင်းဌာနရဲ့ ရေးသားဖော်ပြချက်ထဲမှာတော့ "အဆိုပါ ကျားဟာ ကျောင်းကုန်းကြီး ကျေးရွာအနီးတဝိုက်မှာ လှည့်လည်သွားလာနေတဲ့ ခြေရာတွေ တွေ့ရတဲ့အတွက် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြောင်း၊ ကျောင်းကုန်းကျေးရွာအနီးမှာ ကျားနေထိုင်နိုင်မယ့် တောတောင်မရှိကြောင်းနဲ့ ပထမဦးဆုံးအကြိမ် ကျားဝင်ရောက်ခြင်း ဖြစ်ကြောင်း ရေးသားထားပါတယ်။


ဧရာဝတီသတင်းဌာနရဲ့ ရေးသားဖော်ပြခဲ့မှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories