HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မြန်မာနိုင်ငံကို ကုလသမဂ္ဂ စစ်တပ်ဝင်လာပြီဆိုတဲ့သတင်းအမှား

မြန်မာနိုင်ငံကို ကုလတပ်တွေ ဝင်လာပြီဖြစ်တဲ့အတွက် အနီရောင်နယ်မြေသတ်မှတ်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 27 Jun 2025 9:21 PM IST

ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နေပြည်တော် ဖျက်ဆီးမည်ဟုကြေညာ။ ကုလသမဂ္ဂ စစ်တပ်ဝင်ရောက်လာကြပြီ။ အနီရောင်နယ်မြေသတ်မှတ်လိုက်ပြီ' လို့ ရေးသားထား တာပါ။

ဒီအကြောင်းအရာကို ဖြန့်ဝေပြီး ၁၂ နာရီအတွင်း ဝင်ရောက်ကြည့်ရှု့သူ သုံးသောင်းခွဲကျော် ရှိနေပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

မြန်မာနိုင်ငံကုလသမဂ္ဂ စစ်တပ်ဝင်လာပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဇွန်လ ၂၆ ရက်နေ့က ဖော်ပြထားတဲ့ 'စစ်ကောင်စီက ကျင်းပမည့် ဟန်ပြအတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာက ရှုတ်ချဆန့်ကျင်ရန် ကုလသမဂ္ဂလူ့အခွင့် အရေး စုံစမ်းရေးကိုယ်စားလှယ် တိုက်တွန်း' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ အကြမ်းဖက် စစ်ကောင်စီ ကျင်းပဖို့ စီစဉ်နေတဲ့ ဟန်ပြ အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုတ်ချကန့်ကွက်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းသူ Tom Andrews က တောင်းဆိုလိုက်တယ်ဆိုတဲ့ အကြောင်း ရေးသားထားတာပါ။

ဒီသတင်းထဲမှာ မြန်မာနိုင်ငံကို ကုလတပ်တွေ ဝင်လာပြီဖြစ်တဲ့အတွက် အနီရောင်နယ်မြေသတ်မှတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories