HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဆရာ၊ဆရာမတွေ မဲခိုးခဲ့တယ်လို့ UEC ဥက္ကဌ ဝန်ခံခဲ့တယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ မဲရုံတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့တဲ့ ကျောင်းဆရာ၊ ဆရာမတွေ မဲခိုးခဲ့တယ်လို့ UEC ဥက္ကဌ ဦးလှသိန်းက ဝန်ခံခဲ့တယ် ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 25 Nov 2020 12:07 PM GMT

အဆိုပါ သတင်းအမှားကို နိုဝင်လာလ ၂၂ ရက်နေ့ခန့်မှာ ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာနဲ့ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ အကြောင်းအရာကို စတင်ဖြန့်ဝေခဲ့တယ်လို့ ယူဆရသူဟာ Mg Mg Gyi ဆိုတဲ့ အကောင့်ပိုင်ရှင် ဖြစ်ပြီး ၎င်းရဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေ Account Link တွေဟာ လူမှုကွန်ယက်ပေါ်မှာ တွေ့ရခြင်း မရှိတော့ပါဘူး။ ၎င်းရေးတင်ခဲ့တဲ့ ပိုစ့်ရဲ့ Screen Shot တွေနဲ့ ဆက်လက် ဖြန့်ဝေမှုတွေတော့ ရှိနေပါတယ်။ ၎င်းတင်ခဲ့တဲ့ ဖေ့စ်ဘွတ်ပိုစ့်ထဲမှာ "ကျောင်းဆရာမ သူခိုးမတွေ မဲခိုးခဲ့တယ် လို့ UEC က လှသိန်းက ဝန်ခံလိုက်ပြီ" (အသုံးအနှုန်း မူရင်းအတိုင်း) လို့ ရေးသားထားပြီး အဲ့ဒီစာတွေနဲ့အတူ ဆရာမတွေရဲ့ ဓါတ်ပုံတွေကို ပူးတွဲတင်ထားပါတယ်။ ၎င်းရဲ့ နောက် ပိုစ့် တစ်ခုမှာတော့ "UEC ဥက္ကဌ ဦးလှသိန်းက ပြောပြီ။ ဆရာမအချို့ မဲခိုးပေးမှုကြောင့် သူတို့ နာမည်ပျက်တာတဲ့" လို့ ရေးသားဖြန့်ဝေခဲ့ပါတယ်။

ထပ်ဆင့်ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။


နောက်ထပ် Ko Myo Gyi ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ နိုဝင်ဘာလ ၂၄ ရက်နေ့ ၁၁ နာရီ ၅၀ မိနစ်မှာ ဆရာ၊ ဆရာမတွေ မဲခိုးတာကို UEC ဥက္ကဌ ဦးလှသိန်းက ဝန်ခံခဲ့တယ်လို့ ရေးသားဖြန့်ဝေခဲ့ပါတယ်။

၎င်းရဲ့ ရေးသားမှုထဲက အချို့ကို ဖော်ပြရရင် "အခန်းဆက်လေး မပြီးလိုက်ပဲ နေမှာ စိုးရိမ်လို့ အောင့်ထားရတာလေး ရေးလိုက်ရပါပြီ ။ ဘာတဲ့ ဦးလှသိန်းက ပြောသွားပါတယ် ။ အောက်ခြေ မဲရုံမှူးတွေ မဲခိုးတာ သူတို့ ဗဟိုနဲ့ မဆိုင်ဘူး တဲ့ ။ နောက်ပြီး ထပ်ပြောပါသေးတယ် ။ ဆရာ / ဆရာမ တွေ မဲခိုးပေးကြလို့ သူတို့ UEC နာမည်ပျက်ရတာ တဲ့ ထွီ ။ မောင်လှသိန်းလို့ ခေါ်ရမယ့် တောက်တီးတောက်တောက်တဲ့ အရွယ်လဲ မဟုတ် ၊ ထမင်းလွတ်အောင် ရူးနေတဲ့သူလဲ မဟုတ်ပါဘူး။ ခင်ဗျားတို့ UEC ကပဲ အဲသလို မဲခိုးရအောင် လိမ်လို့ရအောင် ဥပဒေကို ကျော်လွန်ပြီးအမိန့် ညွှန်ကြားချက်တွေ အမျိုးမျိုး ထုတ်ပြန်ပေးခဲ့တာ မဟုတ်ဖူးလား ။ ဒီလို အောက်ခြေက ဥပဒေချိုးဖောက်ပြီး လုပ်တာပါ ဆိုယုံနဲ့ ပြီးရတဲ့ ကိစ္စအချို့ ရှိကောင်းရှိပါမယ် ။ ဥပမာ စစ်သားတယောက်က အမိန့်ပေးထားတဲ့ အတိုင်း မလုပ်ပဲ သွေဖယ်ပြီး သူလုပ်ချင်တာ လုပ်ခဲ့ရင် သူ့အပြစ်ပဲ ဗျ ။ အမိန့်ပေးသူမှာ အပြစ်မရှိဘူး ။ အဲလို မဟုတ်ပဲ အမိန့်ပေးသူကိုယ်တိုင် ဥပဒေချိုးဖောက်စေဖို့ အမိန့်ပေးစေခိုင်းခဲ့ရင် သူ့မှာ အဓိက တာဝန်ရှိတာပဲ လေ ။ အခု ရွေးကောက်ပွဲမှာ မဲလိမ် မဲခိုး မှုတွေ ဖုံးမရ ဖိမရ ပေါ်လွင်လာနေရပြီ ။ ခင်ဗျားက အောက်ခြေ မဲရုံမှူးတွေ ကိုယ်ဖြစ်ကိုယ်ခံ ၊ ဆရာတွေ မဲခိုးပေးတာလည်း ကျုပ်တို့ ဗဟို UEC နဲ့ မဆိုင်ဘူး မလုပ်နဲ့ မရဘူးဗျ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပြီး အဲ့ဒီ ပိုစ့်ထဲမှာ အသိဉာဏ်မရှိသည့် သီလမရှိသည့် ဆရာတချို့ မဲခိုးခဲ့ကြောင်း ပြောကာ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးများသုံးနှုန်းရေးသားထားပါတယ်။ မဲခိုးခဲ့တဲ့အတွက် UEC ဥက္ကဌက ထောင်ဒဏ်တွေ ခံစားရမှာ ဖြစ်တယ်လို့ လည်းရေးသားထားပါတယ်။

မူရင်း ရေးသားမှု အပြည့်အစုံကို ဒီနေရာ မှာ ဖတ်ပါ။


သတင်းဆန်းစစ်ချက်

လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ ကျောင်းဆရာ၊ ဆရာမတွေ မဲခိုးခဲ့ကြောင်း UEC ဥက္ကဌ ဦးလှသိန်းက ဝန်ခံထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ အဆိုပါ အကြောင်းအရာဟာ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ က ပြောဆိုထားခြင်း လုံးဝ မရှိပါဘူး။ ရွေကောက်ပွဲကော်မရှင် ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သတင်းအမှားဖြစ်ကြောင်း ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

UEC ရဲ့ ထုတ်ပြန်မှုကို ဒီမှာ ကြည့်ပါ။


ဒီလို ရေးသားဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင် က "ဦးလှသိန်း မပြောမှန်းသိတဲ့အတွက် ကျွန်တော်တို့က ဒီဟာပေါ်မှာလည်း ဘာမှ မတုန့်ပြန်ခဲ့တာပါ။ Facebook ထုံးစံကတော့ အဲ့လိုပဲ သတင်းအမှားတွေက ဖြန့်တယ်။ တကယ်တမ်းက ဒါတွေက မလုပ်သင့် မလုပ်အပ်တဲ့ ကိစ္စတွေပါပဲ။ မဲပေးတဲ့နေ့ မဲရုံတာဝန်ထမ်းဆောင်တဲ့ ဆရာ၊ဆရာမတွေက မသမာမှုဆိုတာ လုပ်လို့မှ မရတာ။ အများအရှေ့မှာ လုပ်ရတဲ့အလုပ်ကို။ ဒါကို ဦးလှသိန်း ကလည်း မပြောဘူး။ ဆရာ၊ ဆရာမ အများစုက သမာသတ်ကျကျနဲ့ အများစုမှ မဟုတ်ဘူး 100% နီးပါး သမာသမတ် ကျကျနဲ့ တာဝန်ထမ်းဆောင်ခဲ့တာပါ" လို့ Boom Myanmar ကို ပြောပါတယ်။

ရွေးကောက်ပွဲ အပြီးကာလမှာ ဆရာ၊ ဆရာမတွေဟာ NLD အနိုင်ရဖို့ မဲမသမာမှုတွေ ပြုလုပ်ခဲ့တယ် ဆိုတဲ့ သတင်းအမှားများစွာ ထွက်ပေါ်ခဲ့ပါသေးတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့ ကြံခိုင်ရေးပါတီက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ "ဆရာ၊ ဆရာမ အများစုသည် NLD ပါတီ ထောက်ခံသူများဖြစ်ကာ ကြားနေ ဆရာ၊ ဆရာမများ မဖြစ်သည်ကို တွေ့ရှိရပါသည်" လို့ ပြောကြားခဲ့ပါသေးတယ်။ အဲ့ဒီအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်က ၎င်းတို့ရဲ့ ထုတ်ပြန်ချက်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ ဆရာ၊ ဆရာမတွေကို တရားဝင်တောင်းပန်ဖို့ သဘောထား ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ နောက်နေ့မှာ ပြည်ခိုင်ဖြိုးပါတီက ၎င်းတို့ရဲ့ ထုတ်ပြန်ချက်ဟာ ကွန်ပျူတာ တာဝန်ခံက မှားယွင်းစွာ ရိုက်နှိပ်ဖော်ပြခဲ့ခြင်း ဖြစ်တယ်လို့ ပြန်လည် တောင်းပန်ခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်မှုကို ဒီမှာ ကြည့်ပါ။



 


 



 




Related Stories