HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီလက်အောက်ခံ လေယာဉ်မှူး နှစ်ဦး အလင်းဝင်တယ်ဆိုတဲ့ သတင်းအမှား

ဗုံးကြဲလေယာဉ်မှူး ၂ ဦး NUG အစိုးရထံ အလင်းဝင်တယ်လို့ သမ္မတကြေညာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 31 Oct 2022 11:48 AM GMT

ဒီသတင်းကို သတင်းအမှားတွေ ဖြန့်ဝေနေတဲ့ Manually update the address ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်ခန့်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး အခြားဖေစ့်ဘွတ်ပေချ့်တွေမှာလည်း ထပ်ဆင့်ဖြန့်ဝေထားပါတယ်။

သတင်းကို NUG သမ္မတအရေးပေါ်ကြေညာ လို့ ရေးသားပြီး ကြာချိန် ၆ မိနစ်ခန့်ရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ဖြန့်ဝေခဲ့တာပါ။ဗွီဒီယိုဖိုင်ကာဗာမှာတော့ 'ဗုံးကြဲတဲ့ လေယာဉ်မှူါ် ၂ ဦး NUG ထံ အလင်းဝင်တယ်လို့ သမ္မတကြေညာ။ မအလခိုင်းတဲ့ သက်သေနဲ့အတူ ICC မှာ သက်သေထွက်ပေးမယ်လို့ပြော' လို့ ရေးသားပြီး ဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေနေတာတွေဟာ လူအများ စိတ်ဝင်စားအောင် ခေါင်းစဉ်ကို လုပ်ကြံဖန်တီးထားတာသာဖြစ်ပြီး လေယာဉ်မှူး ၂ ဦး NUG ထံ အလင်းဝင်တယ်ဆိုတဲ့ သတင်းကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာမရှိပါဘူး။ ဒီအကြောင်းအရာမျိုးကို NUG ရဲ့ တရားဝင် သတင်းဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ မီဒီယာတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်ထဲမှာလည်း လေယာဉ်မှူး ၂ ဦး အလင်းဝင်တယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိပါဘူး။ ဒီသတင်းမှားတွေဟာ သူတို့ရဲ့ ပေချ့်တွေကို ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Click baits လုပ်ခြင်းသာ ဖြစ်ပါတယ်။

Related Stories