HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ပုံအဟောင်းတွေသုံးထားတဲ့ အာဏာသိမ်းဖို့ပြင်တယ်ဆိုတဲ့သတင်းအမှား

ပုံဟောင်းတွေအသုံးပြုကာ တပ်မတော်မှ အာဏာသိမ်းယူဘို့ ပြင်ဆင်နေတယ်ဆိုကာ ရေးသားဖြန့်ဝေနေမှုတွေ ရှိနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။

By - Boom Live Myanmar | 30 Jan 2021 1:19 PM GMT

သတင်းအတိုအထွာ ဆိုပြီး ဖြန့်ဝေနေတဲ့ အထဲမှာ သတင်း ၇ ပုဒ်ကို နံပါတ်စဉ်တပ်ကာ ရေးသားထားတာဖြစ်ပြီး အစိုးရ၊ တပ်မတော်နဲ့ ပြည်သူလူထုကြား အထင်လွဲစေရန် ရေးသားထားတာတွေပဲ ပါဝင်ပါတယ်။

ရေးသားချက်ထဲမှာ "ကယားအမတ်သစ် သတင်းပေးထားပါတယ်။ အမတ်သစ်တွေ ဘယ်မှသွားခွင့်မပြုတော့ပဲ စည်ပင်ဝန်းထဲက အထွက်မခံတော့ပဲ ရဲတွေ အုပ်စုလိုက် စောင့်နေကြတယ် ဆိုတဲ့ သတင်း ကြားရပါတယ်" ဆိုပြီး Khit Thit Media သတင်းဌာနမှ သတင်းတစ်ပုဒ်ကို လိုရာစွဲရေးသား ဖော်ပြထားမှုအပြင် "တပ်မတော်က စစ်ကြောင်းတွေ သွားလာရွှေ့ပြောင်း ပြနေကြောင်း၊ တပ်မတော်ရေမှ သင်္ဘောတွေရဲ့ လှှုပ်ရှားမှုပြုနေကြောင်း၊ တပ်မတော် လေမှ လေယာဉ်တွေအကြောင်း၊ တပ်မတော် ကြည်းတပ်က တပ်တွေရွှေ့နေကြောင်း" တွေ ရေးသားထားတာပါ။

ဖြန့်ဝေရာမှာ တပ်မတော် မော်တော်ယာဉ်တွေ၊ ရေငုပ်သင်္ဘောတွေ၊ လေယာဉ်တွေရဲ့ ပုံဟောင်းတွေကို အသုံးပြုထားပြီး ယခုဖြစ်ပျက်နေသယောင် ရေးသားဖြန့်ဝေနေတာပါ။

ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

Khit Thit Media သတင်းဌာနရဲ့သတင်းကို ညွှန်းဆိုရေးသားထားတဲ့ "ကယားအမတ်သစ် သတင်းပေးထားပါတယ်။ အမတ်သစ်တွေ ဘယ်မှ သွားခွင့်မပြုတော့ပဲ စည်ပင်ဝန်းထဲက အထွက်မခံတော့ပဲ ရဲတွေ အုပ်စုလိုက် စောင့်နေကြတယ်" ဆိုတဲ့ သတင်းမှာ နေပြည်တော်စည်ပင်ရိပ်သာအတွင်း လွှတ်တော်အစည်းအဝေးတက်ဖို့ ရောက်ရှိနေတေဲ့ ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဒီးဒီရဲ့ ဖြေကြားချက်ကို အောက်တွင် ကြည့်ပါ။


သူ့ရဲ့ ဖြေကြားချက်မှာ ကိုဗစ် Quarantine ကြောင့်လို့သာ ဖြေကြားထားတာဖြစ်ပြီး တခြားအကြောင်းအရာနဲ့ သက်ဆိုင်မှု ရှိမနေပါဘူး။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

အများပြည်သူ အထင်လွဲစေနိုင်တဲ့ တပ်မတော် မော်တော်ယာဉ်တွေ၊ ရေငုပ်သင်္ဘောတွေ၊ လေယာဉ်တွေရဲ့ ပုံဟောင်းတွေကို အသုံးပြုထားမှာ တချို့ပုံတွေကို အောက်မှာ ဖော်ပြထားပါတယ်။ ပုံတွေမှာ ပါဝင်တဲ့ ရက်စွဲတွေကို အစိမ်းရောင်နဲ့ ပြသထားပါတယ်။


အထက်ပါပုံကတော့ BNI သတင်းဌာနမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖော်ပြခဲ့တဲ့ "ငြိမ်းချမ်းရေး ဆွေးနွေးစဉ် တပ်မတော် ယာဉ်တန်း ပူတာအိုသို့ ချီတက်" ဆိုတဲ့ သတင်းက ပုံပဲဖြစ်ပါတယ်။ သတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။


အထက်ပါပုံကိုတော့ Myanmar military total news -မြန်မာ့တပ်မတော် သတင်းစုစည်းမှု ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ဖော်ပြထားတာ တွေ့ရပါတယ်။ သတင်းကိုတော့ မဇ္ဈိမ သတင်းဌာနက သတင်းကို ကူးယူဖော်ပြထားတာပါ။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။ 


အထက်ပါ ပုံကလည်း ၂၀၁၇ ခုနှစ်အတွင်းက လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့ခဲ့တဲ့ ပုံဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ဝက်ဘ်စာမျက်နှာတွေနဲ့ တပ်မတော်အကြောင်း ရေးသားလေ့ရှိတဲ့ ဖေစ့်ဘွတ်စာမျက်နှာ အများအပြားမှာ တွေ့ရပါတယ်။ ယခုလက်ရှိရိုက်ယူထားတဲ့ ပုံမဟုတ် မဟုတ်ပါဘူး။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ယခုရက်ပိုင်းအတွင်း အစိုးရ၊ တပ်မတော်နဲ့ ရွေးကောက်ပွဲ ကော်မရှင်အကြား ဆက်ဆံရေးတင်းမာမှုတွေ ဖြစ်ပျက်နေပြီး ဒီအခြေအနေကို အခွင့်ကောင်းယူကာ သတင်းမှားတွေဖြန့်ဝေခြင်း၊ အများပြည်သူ အထိတ်တလန့် ဖြစ်စေဘို့ ရည်ရွယ်ပြီး သတင်းတွေကို လိုရာစွဲရေးသား ပုံဖျက်ကာ ဖြန့်ဝေနေမှုအများရှိနေပါတယ်။

Related Stories