HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

တစ်နိုင်ငံလုံး စစ်ရေးနယ်မြေကြေညာတယ်ဆိုတဲ့ သတင်းအမှား

မြို့သိမ်းတိုက်ပွဲ စတင်ဖော်ဆောင်ဖို့ မဟာမိတ် ၁၃ ဖွဲ့က တစ်နိုင်ငံလုံး စစ်ရေးနယ်မြေအဖြစ် ကြေညာချက်ထုတ်ပြန်တယ်လို့ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 31 Oct 2022 11:47 AM GMT

ဒီအကြောင်းအရာကို သတင်းမှားတွေ ဖြန့်ဝေနေတဲ့ HT news ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး တခြားဖေစ့်ဘွတ်ပေချ့်အတုတွေကလည်း ဒီအကြောင်းအရာကို ထပ်မံဖြန့်ဝေနေတာရှိပါတယ်။

ဖြန့်ဝေရာမှာ 'တိုက်ပွဲပြင်းထန်ပြီ။ တနိုင်ငံလုံး အခုပဲ ပူးတွဲထုတ်ပြန်ကြတာဗျာ' လို့ ရေးသားကာ ကြာချိန် ၆ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင် တစ်ခုနဲ့အတူ ဖြန့်ဝေထားတာပါ။ ဗွီဒီယိုဖိုင်ရဲ့ ကာဗာပုံမှာတော့ 'မြို့သိမ်းတိုက်ပွဲစတင်ဖော်ဆောင်ရန် NUG မဟာမိတ် ၁၃ ဖွဲ့ ထုတ်ပြန်။ တစ်နိုင်ငံလုံး စစ်ရေးနယ်မြေ ကြေညာ' လို့ ရေးသားထားပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မြို့တွင်းတိုက်ပွဲတွေ အပြီးမှာ သတင်းမှားဖြန့်နေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဒီလို မြို့သိမ်းတိုက်ပွဲဖြစ်ပြီ၊ တနိုင်ငံလုံးထိုးစစ် ဆင်နေပြီဆိုတဲ့ သတင်းတွေကို လုပ်ကြံဖန်တီးလာတာ ဖြစ်ပါတယ်။

သတင်းမှားတွေ ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း 'ချကုန်ပြီ။ တနိုင်ငံလုံး အရေးပေါ်ဟု NUG နဲ့စကစ၂ ဘက်လုံးကြေညာ' ဆိုပြီး တစ်နိုင်ငံလုံး ထိုးစစ်ဖွင့်ပြီဆိုတဲ့ သတင်းတွေကို ဖြန့်ဝေခဲ့ပါသေးတယ်။


ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေနေတာတွေဟာ လူအများ စိတ်ဝင်စားအောင် ခေါင်းစဉ်ကို လုပ်ကြံဖန်တီးထားတာသာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားခြင်း မရှိသလို NUG ရဲ့ တရားဝင် သတင်းဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ မီဒီယာတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

အောက်တိုဘာလ ၂၁ ရက် မနက်ပိုင်းမှာ KNU တပ်မဟာ ၆ KNLA ပူးပေါင်းတပ်တွေနဲ့ KTLA ကော်သူးလေ တပ်မတော် ပူးပေါင်းတပ်တွေရဲ့ ကော့ကရိတ်မြို့က စစ်ကောင်စီတပ်စခန်းနဲ့ ဌာနဆိုင်ရာရုံးအချို့ကို တိုက်ခိုက်ပြီးနောက်ပိုင်း ဒီလိုသတင်းတွေ ပိုမိုထွက်ပေါ်လာတာပါ။

သတင်းမှားဖြန့်ဝေသူတွေဟာ လက်တလော လူစိတ်ဝင်စားမှုအဖြစ်အပျက်တွေနဲ့ နိုင်ငံရေးအခြေအနေပေါ် မူတည်ပြီး သတင်းမှားတွေ လုပ်ကြံဖန်တီး ဖြန့်ဝေနေတာပါ။

ဒီသတင်းမှားတွေဟာ သူတို့ရဲ့ ပေချ့်တွေကို ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Click baits လုပ်ခြင်းသာ ဖြစ်ပါတယ်။

Related Stories