HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကြံ့ခိုင်ရေးပါတီက စစ်ကောင်စီကို တော်လှန်မယ်ဆိုတဲ့ သတင်းအမှား

ကြံ့ခိုင်ရေးပါတီရဲ့ ထုတ်ပြန်ချက်အရ USDP အနေနဲ့ စစ်ကောင်စီကို မယုံကြည်တော့ကြောင်းနဲ့ တော်လှန်ရေးထဲပါလာပြီဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာတွေ ရှိပါတယ်။

By - Boom Live Myanmar | 29 May 2021 2:44 PM GMT

ဒီဖြန့်ဝေမှုတွေကို Lu Min ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က မေလ ၂၈ ရက် ည ၁၀ နာရီဝန်းကျင်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူအများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုထဲမှာ "ကြံ့ခိုင်ရေးပါတီရဲ့ဒီကနေ့ ထုတ်ပြန်ချက်အရ USDP ပါတီအနေနဲ့လည်း စစ်ကောင်စီကို ယုံကြည်ခြင်းမရှိတော့ကြောင်း၊ ပါတီဝင်တွေလုံခြုံရေးအတွက် မိမိပါတီမူနဲ့ ပါတီတွင်းဆွေးနွေးပြီး ရှေ့ဆက်မှာဖြစ်ကြောင်း၊ ဒါလိုပြောတဲ့အတွက် USDP လဲ တော်လှန်ရေးထဲ ပါလာနေပီဆိုတာ ဖြစ်နိုင်ကြောင်း၊ USDP ဆိုတာ အရင်ကတည်း စစ်တပ်က စစ်ရေးအတွေ့အကြုံရှိတဲ့ စစ်သားဟောင်းကြီးတွေနဲ့ စုဖွဲ့ထားတဲ့ပါတီဖြစ်တဲ့အတွက် ပြည်သူထိရင် ရပ်ကြည့်နေမှာ မဟုတ်ကြောင်း၊ ထုတ်ပြန်ချက်အရဆို ပြည်သူတွေ လိုအပ်နေချိန်မှာ စစ်ကောင်စီကို ပြည်သူတွေအတွက် တိုက်ပေးမယ့် USDP ပါတီကြီးဖြစ်တဲ့အတွက် အားပေးလိုက်ရမယ်" လို့ ရေးသားထားတာပါ။

ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ကြံ့ခိုင်ရေးပါတီအနေနဲ့ ဘီလင်းမြို့နယ်ပါတီဥက္ကဌ အသတ်ခံရတဲ့ကိစ္စနဲ့ပက်သက်ပြီး ထုတ်ပြန်ချက်ကို မေလ ၂၈ ရက်နေ့ ညနေ ၆ နာရီကျော်ဝန်းကျင်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထုတ်ပြန်ချက်ထဲမှာ ဥပဒေတွေကို အားမကိုးရတာကြောင့် တစ်ဦးချင်း ခုခံကာကွယ်မှုတွေ လုပ်ဆောင်နိုင်ဖို့ ပါတီဝင်စုစည်းတုံ့ပြန်ရန်အတွက် ပါတီတွင်း လမ်းညွှန်ချက်တွေ ချထားပေးပြီးသား ဖြစ်ကြောင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲအနိုင်ရရှိမှုကို မဲမသာမှုသာဖြစ်ကြောင်း စစ်ကောင်စီရဲ့ လေသံတွေအတိုင်း သုံးနှုန်းဖော်ပြထားပါတယ်။

ဒါ့အပြင်ဒီထုတ်ပြန်ချက်မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကို ပြည်သူအမြင်မှားစေမယ့် ထည့်သွင်းဖော်ပြချက်တွေနဲ့ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်ကောင်စီက သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေနဲ့ ဥပဒေမဲ့ မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူတွေနဲ့ ပက်သက်တဲ့ အချက်ကိုမှု ထည့်သွင်းမရေးသားထားခြင်း မရှိပါဘူး။


ကြံ့ခိုင်ရေးပါတီရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒီအထက်ပါအချက်တွေအရ USDP ဟာ သူတို့ပါတီဝင်တွေသတ်ခံရတဲ့အပေါ်အခြေခံပြီး ဒါတွေကိုကာကွယ်ဖို့နဲ့ ၎င်းတို့ရဲ့ကိုယ်ပိုင်လုံခြုံရေးအစီအမံတွေနဲ့ကာကွယ်မယ်ဆိုတဲ့သဘောထုတ်ပြန်တာသာဖြစ်ပြီး ဒီကြေငြာချက်မှာ
စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်မယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးသက်ရောက်တဲ့ရေးသားချက်တစ်ခုမှမပါဝင်ပါဘူး။

Related Stories