HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဆန္ဒပြသူတွေကို နှိမ်နှင်းဖို့ သမ္မတက အမိန့်ပေးခဲ့တယ်ဆိုတဲ့ သတင်းအမှား

ဒီရက်ပိုင်းအတွင်း သတင်းစာမှာပါရှိတဲ့ သတင်းပုံစံနဲ့ သတင်းအမှားဖြန့်ဝေမှုတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 25 Jan 2021 11:13 AM GMT

အဆိုပါ သတင်းအမှားဟာ သတင်းစာစက္ကူ အပိုင်းတစ်ခုအဖြစ်ဖန်တီးထားတဲ့ စာရွက်တစ်ခုကို ဓါတ်ပုံရိုက်ပြီး ပြန်လည်ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

ဒီသတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ဆန္ဒပြသူများကို ပြတ်ပြတ်သားသား နှိမ်နှင်းရန် နိုင်ငံတော် သမ္မတက ရဲတပ်ဖွဲ့ကို အမိန့်ပေးလိုက်ပြီ" လို့ ရေးသားထားပါတယ်။ သတင်းရဲ့ အတွင်းပိုင်းမှာတော့ "ရွေးကောက်ပွဲ မဲစာရင်းအမှားများနှင့် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း မြန်မာပြည်အနှံ့ ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပေါ်လာကာ နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်လာရသည့်အတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နိုင်ငံတော်တည်ငြိမ်အေးချမ်းစေရန် ရည်ရွယ်ပြီး ဆန္ဒပြသူများကို ပြတ်ပြတ်သားသား နှိမ်နှင်းဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အမိန့်ပေးလိုက်ကြောင်း၊ ဒါကလည်း မလွဲမရှောင်သာလို့ အမိန့်ပေးရတာဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များအနေနဲ့ အမိန့်ကို တိတိကျကျ လိုက်နာကြစေလိုကြောင်း၊ သို့မှသာ ဆန္ဒပြသူများ နောင်မလုပ်ဝံ့မှာဖြစ်ကြောင်း၊ မိမိတို့ အနေနဲ့ အစိုးရသက်တမ်း နောက်တစ်ဆက် တာဝန်ယူဖို့ အချိန်နီးကပ်လာချိန်မှာ…" လို့ရေးသားထားပါတယ်။

မူရင်းဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားတစ်ပုဒ် ဖြစ်ကြောင်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း အမျိုးသားရေးဆရာတော်တွေကို တိုက်ခိုက်ဖို့ ရဲတပ်ဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမိန့်ပေးခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်ခဲ့ပါသေးတယ်။ အဲ့ဒီသတင်းအမှားကိုတော့ သတင်းအမှားဖြန့်နေကြအဖွဲ့ဖြစ်တဲ့ RFM အဖွဲ့က ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။ ၎င်းတို့ ဖြန့်ခဲ့တဲ့ သတင်းအကြောင်း Boom ရဲ့ အချက်အလက် စစ်ဆေးမှုကို အောက်ပါ Link မှာ ဖတ်နိုင်ပါတယ်။

ဆရာတော်တွေကို တိုက်ခိုက်ဖို့ အမိန့်ပေးထားတယ်ဆိုတဲ့သတင်းအမှား

အခုသတင်းအမှားကို ဖြန့်ရာမှာတော့ သတင်းစာမှာ ပါရှိခဲ့တဲ့ သတင်းပုံစံ Photoshop ပြုလုပ်ပြီး ဖြန့်ဝေကြတာကို တွေ့ရပါတယ်။ ဒီလို သတင်းစာပုံစံ ဖန်တီးထားတဲ့ သတင်းအမှားတွေအကြောင်းကို အောက်ပါ Link မှာ ဖတ်ပါ။

မဲစာရင်းနှင့်ကော်မရှင်ကိစ္စ ဒေါက်တာမျိုးညွန့်ပြောဆိုထားခြင်းမရှိ

ဦးဝင်းထိန်ပြောသယောင် ဖန်တီးထားတဲ့ သတင်းအတု


အခုထွက်ပေါ်လာတဲ့ သတင်းအမှားနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က "သူတို့ ရည်ရွယ်ချက်ကို ပြည်သူတိုင်းက သိနေပါပြီ။ တိုင်းပြည်မှာ မတည်မငြိမ်ဖြစ်အောင် လုပ်ချင်တယ်။ ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်မဖော်နိုင်အောင် ဒါမှမဟုတ်ကြန့်ကြာအောင်လုပ်ချင်တယ်။ ဒါတွေဟာ ပြည်သူလူထုကို တနည်းတစ်ဖုံ ဆန့်ကျင်ရာ ကျပါတယ်။ အဲ့ဒါတွေဟာ မမှန်ကန်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက် အတုတွေ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်" လို့ ဒေါက်တာမျိုးညွှန့်က မှတ်ချက်ပေးပါတယ်။ 

 


Related Stories