BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဆရာတော်တွေကို တိုက်ခိုက်ဖို့...
သတင်းအတု

ဆရာတော်တွေကို တိုက်ခိုက်ဖို့ အမိန့်ပေးထားတယ်ဆိုတဲ့သတင်းအမှား

အမျိုးသားရေးနဲ့ ဗုဒ္ဓဘာသာအရေးကိစ္စတွေမှာ ဦးဆောင်သူ တွေကို စတင်တိုက်ခိုက်ဖို့ ရဲအချို့ကို ဒေါ်အောင်ဆန်းစုကြည်ကခေါ်ယူပြောဆိုတယ်ဆိုတဲ့သတင်းအမှားဖြန့်ဝေမှုတွေထွက်ပေါ်လာပြီး ဒီအကြောင်းအရာကို သတင်းအမှားတွေဆက်တိုက်ဖြန့်ဝေနေတဲ့ RFM အမည်နဲဖြန့်ဝေထားတာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  25 Jan 2021 10:53 AM IST
  • ဆရာတော်တွေကို တိုက်ခိုက်ဖို့ အမိန့်ပေးထားတယ်ဆိုတဲ့သတင်းအမှား

    Radio Free Myanmar (RFM) တံဆိပ်ပါ ပုံစံစာရွက်မှာ "ဆရာတော်တွေကို စတင်တိုက်ခိုက်ဖို့ ဒေါ်ဆုကိုယ်တိုင် ရဲတွေကို ခေါ်ပြောဟု သတင်းထွက်" လို့ရေးသားထားပြီး 'သာအေး' ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားရေးနဲ့ ဗုဒ္ဓဘာသာအရေး ကိစ္စတွေမှာ ဦးဆောင်နေသူတွေကို နှိမ်နင်းဖို့ရဲအချို့ကို ပြောကြားထားကြောင်း၊ မြန်မာနိုင်ငံမှာက အမျိုးသားရေးသမားတို့ သင်္ကန်းဝတ်ထားတဲ့ ဘုန်းကြီးတွေက နေရာတကာပြဿနာရှာနေတယ်လို့ မြင်ကြောင်း၊ ဗုဒ္ဓဘုရားက လူတိုင်းကိုမေတ္တာထားရမယ်လို့ ဟောထားပေမယ့် ဒါကိုမလိုက်နာတဲ့အတွက် ဘုန်းကြီးအစစ်တွေ မဟုတ်ကြောင်း၊ ဆန္ဒပြလာပါက ဝင်ရောက်ရိုက်ရန်နဲ့ ကျန်တာ ဥပဒေနဲ့ ရှင်းပေးမည်ဖြစ်ကြောင်း စတဲ့ ရဟန်းတွေနဲ့ နိုင်ငံတော် အတိုင်ပင်ခံတို့ကြား အထင်လွဲစေနိုင်တဲ့ ရေးသားချက်တွေကို ရည်ရွယ်ချက်ရှိရှိ ဝေဖန်ရေးသားထားတာဖြစ်ပါတယ်။

    ဒီဖြန့်ဝေမှုကို ပြန်လည်ဖြန့်ဝေသူနဲ့ ထပ်ဆင့်ဖြန့်သူ တစ်ထောင့်ခုနှရာကျော်ရှိပြီး ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    Radio Free Myanmar (RFM) နဲ့ ပါတ်သတ်ပြီး BOOM အနေနဲ့ အကြိမ်ကြိမ်ရေးသားထားပြီး ဖြစ်ပါတယ်။ Radio Free Myanmar (RFM) ဟာ လွတ်လပ်တဲ့အာရှအသံ Radio Free Asia (RFA) နဲ့ အမည်ဆင်တူရိုးမှားပြုလုပ်ပြီး ဖေစ့်ဘွတ်ပေါ်မှာ သတင်းအမှားတွေနဲ့ အမုန်းစကားတွေ ဖြန့်ဝေနေတဲ့ အဖွဲ့ဖြစ်ပြီး သတင်းမှားအများစုဟာ NLD နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ရေးသားထားတာ ဖြစ်ပါတယ်။

    RFM ကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့အတွက် Facebook က ဖြုတ်ချလိုက်ထားခဲ့ပြီး ဖြစ်ပြီး RFM ပေချ့်ရဲ့ သတင်းတွေဆိုတာ စာတွေကို ကြိုက်နှစ်သက်ရာ ရေးနိုင်အောင်ဖန်တီးထားတဲ့ RFM လိုဂိုပါ Template အလွတ်တွေနဲ့ ဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။ ဒါအပြင်လက်ရှိဖြန့်ဝေနေတဲ့ အကြောင်းအရာနဲ့ဆက်စပ်တဲ့ ကိစ္စတစ်စုံတစ်ခုကိုမျှ ဒေါ်အောင်ဆန်းစုကြည်ဒီရက်ပိုင်းထဲပြောဆိုထားတာမရှိပါဘူး။

    RFM နဲ့ ပါတ်သတ်ပြီး BOOM ရဲ့ ရေးသားဖော်ပြမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဖတ်ရှု့နိုင်ပါတယ်။



    Tags

    MonksRadio Free Myanmar (RFM)ဆန္ဒပြသတင်းအမှားfake news
    Read Full Article
    Claim :   အမျိုးသားရေးနဲ့ ဗုဒ္ဓဘာသာအရေးကိစ္စတွေမှာ ဦးဆောင်သူ တွေကို စတင်တိုက်ခိုက်ဖို့ ရဲအချို့ကို ဒေါ်အောင်ဆန်းစုကြည်ကခေါ်ယူပြောဆိုတယ်ဆိုတဲ့သတင်းတွေ ဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!