HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ထိုင်းရောက် မြန်မာနိုင်ငံသားတွေအတွက် စစ်ကောင်စီက အခမဲ့ လေယာဉ်စီစဉ်ပေးတယ်ဆိုတဲ့ သတင်းအမှား

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံရောက် မြန်မာပြည်သူတွေ ဘေးကင်း လုံးခြုံစွာနဲ့ မိမိတိုင်းပြည်ကို ပြန်လာနိုင်ဖို့ စစ်ကောင်စီက အခမဲ့ လေယာဉ်တွေ ပြေးဆွဲပေမယ်လို့ ကြေညာတယ် ဆိုပြီး ရေးသားဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar | 25 July 2025 10:02 AM IST

ဒီအကြောင်းအရာကို Let Me Cook ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ လေဆိပ်အတွင်းမှာ ရပ်ထားတဲ့ MAI တစ်စီးရဲ့ ပုံနဲ့အတူ ‘ယခုဖြစ်ပွါးနေသော ပဋိပက္ခများကြောင့် နိုင်ငံသူ နိုင်ငံသားများ စိုးရိမ်ကြောင့်ကြမှု မရှိရန်နှင့် ဘေးကင်းလုံခြုံစေရန် ထိုင်းရောက် မြန်မာနိုင်ငံသားများ အမိမြေသို့ အမြန်ဆုံး ပြန်လာနိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ Charter Flight များ အခမဲ့ ပြေးဆွဲပေးမည်ဟု ထုတ်ပြန် ကြေညာလိုက်သည်’ လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ နောက်ပြောင်ဖြန့်ဝေထားတဲ့ သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

ထိုင်းရောက် မြန်မာနိုင်ငံသားတွေအတွက် စစ်ကောင်စီက အခမဲ့ လေယာဉ် စီစဉ်ပေးတယ်ဆိုတဲ့ အကြောင်းအရာကို စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေး ချန်နယ်နဲ့ ဝက်ဆိုက်တွေမှာ ဖော်ပြထားတာ မရှိသလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

ဒီနေ့မနက် (ဇွန် ၂၄ ) အစောပိုင်းက ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်က အငြင်းပွားရာ နယ်မြေမှာ အပြန်အလှန် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပြီးထိုင်းဘက်ခြမ်းက ပြည်သူ ၉ ယောက် သေဆုံး၊ ၁၄ ယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းလေတပ်ကလည်း F-16 လေယာဉ်တွေနဲ့ ကမ္ဘောဒီးယား စစ်စခန်း ၂ ခုကို ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ နှစ်ဘက်လုံးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေအရ ထိုင်းနဲ့ ကမ္ဘေားဒီးယားရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ အထူးသတိပြု သွားလာနေထိုင် ကြဖို့နဲ့ နှစ်နိုင်ငံစစ်ပွဲ ပဋိပက္ခကို မီးလောင်ရာ လေပင့် လုပ်တဲ့ အရေးအသားတွေ လူမှုကွန်ရက်မှာ မျှဝေတာတွေ မပြုလုပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories