သတင်းအတု

တရားသူကြီးတွေ နုတ်ထွက်လို့ ICJ အမှု ရုတ်သိမ်းတယ် ဆိုတဲ့ သတင်းအမှား

တရားသူကြီးတွေ အကုန်လုံး နုတ်ထွက်သွားလို့ ICJ မှာ တရားစွဲဆိုခံထားရတဲ့ Genocide အမှုကို ရုတ်သိမ်းလိုက်ပြီ ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 27 Feb 2022 7:37 AM IST

တရားသူကြီးတွေ နုတ်ထွက်လို့ ICJ အမှု ရုတ်သိမ်းတယ် ဆိုတဲ့ သတင်းအမှား

အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေခဲ့ကြတာ ဖြစ်ပြီး ၎င်းသတင်းအမှားထဲမှာ "နောက်ဆုံးရတဲ့သတင့်းလေးပါ မြန်မာ ဂမ်ဘီယာ ICJ ခုံရုံးအခြေအနေ ICJ တရားသူကြီးတွေနှုတ်ထွက်ကုန်လို့ အမှု့ရုပ်သိမ်းတယ်လို့ကြားရတယ် OIC နိုင်ငံလက်အောက်ခံ မလေး အင်ဒို ဘရူးနိုင့း US လက်အောက်ခံ စက်ာပူ ဖိလစ်ပိုင် ထိုင်း နားကားဖို့ရှိတယ် သိရသလောက်ပါ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ရာပေါင်းများစွာရှိနေပြီး ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာကလည်း ကူးယူဖော်ပြနေကြပါတယ်။

သတင်းဆန်းစစ်ချက်

တရားသူကြီးတွေ အကုန်နုတ်ထွက်သွားလို့ ICJ မှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုခံရထားရတဲ့ အမှုကို ရုတ်သိမ်းလိုက်ပြီဆိုတဲ့ အကြာင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုသာ ဖြစ်တာကို တွေ့ရပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နဲ့ ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide)ကို ကျူးလွန် ဖောက်ဖျက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်လွှာနဲ့ ပတ်သက်ပြီး ကြားနာမှုကို နယ်သာလန်နိုင်ငံ၊သည်ဟိဂ်မြို့မှာ အခု ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီအမှု့နဲ့ ပတ်သက်ပြီး ဆက်လက် ကြားနာနေဆဲဖြစ်ပြီး ရုတ်သိမ်းထားခြင်း မရှိသလို၊ တရားသူကြီးတွေနဲ့ နုတ်ထွက် ထားခြင်း မရှိပါဘူး။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ICJ တတိယနေ့ကြားနာပွဲမှာ " မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမျိုးတုန်းစေမဲ့ Genocide ကျုးလွန်မှုတွေရှိခဲ့ကြောင်း Gambia နိုင်ငံက ဦးတိုက်လျှောက်ထားတဲ့ ကိစ္စမှာ စစ်ကောင်စီက စေလွတ်ထားတဲ့ ဦးကိုကိုလှိုင်က ICJ အနေနဲ့ လက်ခံစီရင်ခွင့်မရှိကြောင်း ဂမ်ဘီယာအနေနဲ့လည်း တင်ပြစွဲဆိုပိုင်ခွင့်မရှိကြောင်း ထွက်ဆိုခဲ့းပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ၁ နာရီခွဲကြာ အဆုံးသတ် လျှောက်လဲ ရမှာ ဖြစ်ပါတယ်။

သတင်းအမှားထဲမှာ ဖြန့်ထားသလို အမှုကို ရုတ်သိမ်းထားခြင်း မရှိပါဘူး။ ဆက်လက် ကြားနာနေဆဲသာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း ICJ မှာ ကြားနာနေတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။



Tags:

Related Stories