HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ထန်တလန်မြို့က နေအိမ်နဲ့ဘာသာရေးအဆောက်အဦးတွေကို PDF တွေ မီးရှို့တယ်ဆိုတဲ့ သတင်းအတု

ထန်းတလန်မြို့က မီးရှို့ခံရတဲ့ ဖြစ်စဉ်အပေါ် PDF တွေ မီးရှို့တာဖြစ်တယ်လို့ ဖြန့်ဝေထားတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 30 Nov 2021 12:04 PM GMT

အဆိုပါ သတင်းအမှားကို Nyan Myint ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်မှာ တင်ထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ နေအိမ်များနှင့် ဘာသာရေး အဆောက်အဦ များအား PDF များ ထပ်မံမီးရှို့ဖျက်ဆီး" လို့ ရေးသားဖြန့်ဝေထားပါတယ်။

သတင်းအမှားရဲ့ အတွင်းမှာတော့ "PDF များက တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဉပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ လမ်း၊ တံတားဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်နေကြောင်း သိရသည်။ ထိုကဲ့သို့ လုပ်ဆောင်လျက်ရှိရာ ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ လူနေအိမ်အချို့အား နိုဝင်ဘာ ၂၄ ရက်တွင် PDF များက မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။ ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် အဆိုပါရပ်ကွက်ရှိ သွပ်မိုး၊ ပျဉ်ကာ လူနေအိမ် ၃၀ လုံး၊ ၆ ခန်းတွဲ ဈေးဆိုင်ခန် ၁ လုံးနှင့် ဘုရားရှိခိုးကျောင်း ၁ ကျောင်း (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၇၀၀ ကျော်ခန့်) ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။ အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ၃၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ နီးပါးရှိကာ တခြား ဖေ့စ်ဘွတ်အကောင့်တွေကလည်း ကူးယူဖော်ပြနေကြပါတယ်။

သတင်းဆန်းစစ်ချက်

ထန်တလန်မြို့က နေအိမ်တွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို PDF တွေက မီးရှို့ဖျက်ဆီးတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ မူရင်းသတင်းဖြစ်စဉ်ကနေလမ်းကြောင်းလွဲအောင်ဖန်တီးထားတဲ့ သတင်းအမှားဖြစ်တာ တွေ့ရပါတယ်။

ထန်တလန်မြို့ကို စစ်ကောင်စီတပ်တွေက မကြာခဏ မီးရှို့ဖျက်ဆီးနေပြီး သတင်းမီဒီယာတွေအပြင် အာဆီယံနိုင်ငံတွေအထိ ပျံနှံ့နေတဲ့အတွက် တန်ပြန်ဖို့ သတင်းအမှားပြန်ဖြန့်ကာ ကိုယ့်အိမ်ကိုယ် မီးရှို့ပြီးထွက်ပြေးတယ်ဆိုတဲ့ ပုံစံဖြစ်အောင် ရေးသားဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့နဲ့ ထန်တလန်မြို့တို့မှာ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် နေအိမ်တွေ စတင်မီးလောင်ကျွမ်းခဲ့ရတာ ဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ် မီးရှို့ဖျက်ဆီးမှုကြောင့် မကြာခဏ ဆိုသလို နေအိမ်တွေ မီးလောင်ဖျက်ဆီးခံနေရတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အကြောင်း Myanmar Now သတင်းကို ဒီ Link မှာ ကြည့်ပါ။



Related Stories